မိန်းကလေးတွေမှာ ညှို့ချက် (၈) ချက်ရှိပါတယ်တဲ့ . . .

ညှို့ချက်နံပါတ် (၁) တချို့မိန်းကလေးတွေက သူတို့မျက်နှာလေးတွေကို ချိုချိုကလေးလုပ်ထားတတ်ကြတယ် အဲဒါက ယောက်ျားလေးတွေကို ဆွဲဆောင်ယူတဲ့ ညှို့ချက်နံပါတ်တစ်ပဲ “သိတံ” လို့ခေါ်တယ်။

(၂) တချို့မိန်းကလေးတွေကြတော့ အသံတိုးတိုးကလေးနဲ့ရယ်ပြတတ်တယ် “ဟာသ” လို့ခေါ်တယ်။

(၃) တချို့မိန်းကလေးတွေကျတော့ ယောက်ျားတယောက်ရှေ့မှာ ကြောက်ပြ စိုးရိမ်ပြ ထိတ်လန့်ပြတတ်တယ် “ဘယ” လို့ခေါ်တယ်။

(၄) တချို့မိန်းကလေးတွေကျတော့ လျှာလေးတစ်လစ်တစ်လစ်ထုတ်ပြတတ်တယ် ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ် “လဇ္ဇ” လို့ခေါ်တယ်။

(၅) တချို့မိန်းကလေးတွေက စကားပြောတဲ့အခါ မကြားတကြားဖြစ်အောင်လုပ်ပြောတတ်ကြတယ် အဲဒါကိုကျတော့ “မန္ဓဝါစာ” လို့ခေါ်တယ်။

(၆) တချို့မိန်းကလေးတွေက မျက်လုံးကလေးထောင့်ကပ်ပြီး ကြည့်တတ်ကြတယ် အဲဒါက “အဒေက္ခဏာ” တဲ့။

(၇) တချို့မိန်းကလေးတွေက မျက်ရည်လေးတစမ်းစမ်းနဲ့ ငိုပြ မျက်ရည်ကျပြတတ်တယ် ဒါကတော့ “ရုဒါ” လို့ခေါ်သတဲ့။

(၈) ကဲနောက်ဆုံးညှို့ချက်ကတော့ ကိုယ်မခံသာအောင် စကားနာတွေထိုးပြီး ပြောတတ်တယ် “ဤကံကလဟ” လို့ခေါ်တယ်။

ဒါပါပဲဗျာ ကိုယ့်လူတွေသိထားရအောင်ပါ..

တာရာမင်းဝေ

———










တာရာမင်းဝေ