
ရန်ကုန်က ရွှေဆိုင်တွေအားလုံး အခေါက်ရွှေတစ်ကျပ်သားကို ၂၅၃၀၀၀၀ ကျပ်နဲ့ ရောင်းချဖို့ ထုတ်ပြန်ထားဈေးတန်းဟာ ဆိုင်တွေ ရောင်းနိုင်ဝယ်နိုင်တဲ့ ဈေးနှုန်းဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
“ဒီဈေးတန်းဆိုတာက ရောင်းကြဝယ်ကြလုပ်နိုင်တဲ့ ဈေးနှုန်းပါပဲ။ အတိအကျတော့ဘာမှပြောလို့မရသေးဘူး။ဈေးကွက်အခြေအနေကိုလည်းဘာမှပြောလို့မရဘူး။လမ်းညွှန်တာကိုဒီဘက်ကပြန်ပြောပြပေးတာ။ဆိုင်တွေအားလုံးကအသင်းဝင် မဟုတ်တဲ့အခါကျတော့ ဆိုင်တွေအားလုံးသိရှိအောင် YGEA ကတင်ပေးလိုက်တာ။
အထက်ကလမ်းညွှန်တာကိုရွှေအသင်းကပြန်ပြီးမေတ္တာရပ်ခံပေးတဲ့သဘောပါပဲ”လို့ ဦးမျိုးမြင့်ကပြောပါတယ်။ဒီနေ့အောက်တိုဘာ၃၁ ရက် ပြင်ပရွှေဆိုင်တွေမှာဖြစ်ပေါ်နေတဲ့ အလျော့အတွက်လက်ခပါတဲ့အထည်တွေရဲ့ အခေါက်ရွှေဈေးကတော့ ကျပ် ၂၆ သိန်းဝန်းကျင်ဖြစ်ပြီး
အလျော့အတွက်မပါတဲ့ အတုံးအခဲကအဝယ်လိုက်တဲ့အတွက် ကျပ် ၂၆ သိန်းထက် ပိုများတဲ့ဈေးနဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီကသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့အတွက်ထုတ်ပြန်တဲ့ မီးလင်းရွှေရည်ညွှန်း အဖွင့်ဈေးကတော့တစ်ကျပ်သားကို ကျပ် ၁၉၃၄၀၀၀ ဖြစ်ပါတယ်။
Credit
Zawgyi
ရန္ကုန္က ေ႐ႊဆိုင္ေတြအားလုံး အေခါက္ေ႐ႊတစ္က်ပ္သားကို ၂၅၃၀၀၀၀ က်ပ္နဲ႔ ေရာင္းခ်ဖို႔ ထုတ္ျပန္ထားေဈးတန္းဟာ ဆိုင္ေတြ ေရာင္းႏိုင္ဝယ္ႏိုင္တဲ့ ေဈးႏႈန္းျဖစ္တယ္လို႔ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးမ်ိဳးျမင့္ကေျပာပါတယ္။
“ဒီေဈးတန္းဆိုတာက ေရာင္းၾကဝယ္ၾကလုပ္ႏိုင္တဲ့ ေဈးႏႈန္းပါပဲ။ အတိအက်ေတာ့ဘာမွေျပာလို႔မရေသးဘူး။ေဈးကြက္အေျခအေနကိုလည္းဘာမွေျပာလို႔မရဘူး။လမ္းၫႊန္တာကိုဒီဘက္ကျပန္ေျပာျပေပးတာ။ဆိုင္ေတြအားလုံးကအသင္းဝင္ မဟုတ္တဲ့အခါက်ေတာ့ ဆိုင္ေတြအားလုံးသိရွိေအာင္ YGEA ကတင္ေပးလိုက္တာ။
အထက္ကလမ္းၫႊန္တာကိုေ႐ႊအသင္းကျပန္ၿပီးေမတၱာရပ္ခံေပးတဲ့သေဘာပါပဲ”လို႔ ဦးမ်ိဳးျမင့္ကေျပာပါတယ္။ဒီေန႔ေအာက္တိုဘာ၃၁ ရက္ ျပင္ပေ႐ႊဆိုင္ေတြမွာျဖစ္ေပၚေနတဲ့ အေလ်ာ့အတြက္လက္ခပါတဲ့အထည္ေတြရဲ႕ အေခါက္ေ႐ႊေဈးကေတာ့ က်ပ္ ၂၆ သိန္းဝန္းက်င္ျဖစ္ၿပီး
အေလ်ာ့အတြက္မပါတဲ့ အတုံးအခဲကအဝယ္လိုက္တဲ့အတြက္ က်ပ္ ၂၆ သိန္းထက္ ပိုမ်ားတဲ့ေဈးနဲ႔ အေရာင္းအဝယ္လုပ္ၾကတယ္လို႔ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြဆီကသိရပါတယ္။
ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ယေန႔အတြက္ထုတ္ျပန္တဲ့ မီးလင္းေ႐ႊရည္ၫႊန္း အဖြင့္ေဈးကေတာ့တစ္က်ပ္သားကို က်ပ္ ၁၉၃၄၀၀၀ ျဖစ္ပါတယ္။
Credit