တရုတ်သည် မိမိတို့နှင့် နှိုင်းစရာတူညီသည့် တန်ဖိုးမရှိဟု နေတိုးအဖွဲ့အကြီးအကဲ ပြောကြား

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အထွေထွေအတွင်းရေးမှုး ဂျန်းစ်စတိုတန်ဘာ့ဂ်က တရုတ်က မိမိတို့နှင့် တူညီသည့် တန်ဖိုးထားခြင်း မရှိကြောင်းကို ဟောင်ကောင်နှင့် ရှင်ကျန်းဒေသများတွင် ဖိနှိပ်မှုများပြုလုပ်နေခြင်းများကို ကြည့်ခြင်းအားဖြင့် ယင်းအချက်ကို သိမြင်နိုင်ကြောင်း ဆိုသည်။

“မကြာခင် တရုတ်ပြည်က ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်လာမှာပါ။ ဒုတိယအကြီးမားဆုံး ကာကွယ်ရေးဘတ်ဂျက် ရှိနေပြီး အကြီးမားဆုံး ရေတပ်နဲ့ အဆင့်မြင့်စစ်ရေးစွမ်းရည်တွေအတွက် အများအပြားရင်းနှီးမြှုပ်နှံနေပေမယ့် ကျွန်တော်တို့နဲ့ တူညီတဲ့ တန်ဖိုးတွေကိုတော့ မရှိပါဘူး” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များကို စတိုတန်ဘာ့ဂ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့နိုင်ငံတကာအစီအစဉ်အတွက် ကြံ့ကြံ့ခံဖို့ လိုအပ်နေပြီး၊ အာရှပစိဖိတ်ဒေသမှာရှိတဲ့ သြစတြေးလျ၊ နယူးဇီလန်၊တောင်ကိုရီးယား၊ ဂျပန်အပါအဝင် မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်စွာ လုပ်ကိုင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ကြိုတင်ခန့်မှန်း၍ မရသည့် ကမ္ဘာကြီးတွင် နေထိုင်ရခြင်းဖြစ်သည်ကို အလေးထားပြောကြားခဲ့ပြီး နေတိုးအကြီးအကဲက ကွဲပြားခြားနားသော စိန်ခေါ်မှုအမျိုးမျိုးအတွက် နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်က အိမ်နီးချင်းတွေကို အကျပ်ကိုင်ပြီး စစ်ရေးစွမ်းရည်အသစ်တွေအတွက် အများအပြား ရင်းနှီးမြှုပ်နှံနေပါတယ်။ မကြာသေးခင်ကပဲ ဒီအမေရိကန်မှာ တွေ့ကြုံခဲ့ရသလိုပါပဲ နေတိုးမဟာမိတ်တွေကို ရှုပ်ထွေးဆန်းပြားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ပါတယ်” ဟု သူက ဆိုသည်။

နေတိုး ၂၀၃၀ ရည်မှန်းချက်အရ နည်းပညာအခွင့်သာမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မဟာမိတ်များအကြားဆန်းသစ်တီထွင်မှု ကွာဟချက်များကို ဖြည့်ဆည်းရန်အတွက် အတ္တလန္တိတ်ဖြတ်ကျော ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန် မျှော်လင့်သည်။

ဘိုင်ဒင်နှင့် အော်စတင်တို့သည် မြောက်အမေရိက အတ္တလန္တိတ်မဟာမိတ်အဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိက စုပေါင်းကာကွယ်ရေးနှင့် အနာဂတ်၏ လိုအပ်ချက်များအရ သမိုင်းတွင် အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့ဖြစ်ရန် အလေးပေးပြောကြားခဲ့သည်။

———-

ေျမာက္အတၱလႏၲိတ္စာခ်ဳပ္အဖြဲ႕ (NATO) ၏ အေထြေထြအတြင္းေရးမႈး ဂ်န္းစ္စတိုတန္ဘာ့ဂ္က တ႐ုတ္က မိမိတို႔ႏွင့္ တူညီသည့္ တန္ဖိုးထားျခင္း မရွိေၾကာင္းကို ေဟာင္ေကာင္ႏွင့္ ရွင္က်န္းေဒသမ်ားတြင္ ဖိႏွိပ္မႈမ်ားျပဳလုပ္ေနျခင္းမ်ားကို ၾကည့္ျခင္းအားျဖင့္ ယင္းအခ်က္ကို သိျမင္ႏိုင္ေၾကာင္း ဆိုသည္။

“မၾကာခင္ တ႐ုတ္ျပည္က ကမာၻ႔အႀကီးမားဆုံး စီးပြားေရးျဖစ္လာမွာပါ။ ဒုတိယအႀကီးမားဆုံး ကာကြယ္ေရးဘတ္ဂ်က္ ရွိေနၿပီး အႀကီးမားဆုံး ေရတပ္နဲ႔ အဆင့္ျမင့္စစ္ေရးစြမ္းရည္ေတြအတြက္ အမ်ားအျပားရင္းႏွီးျမႇဳပ္ႏွံေနေပမယ့္ ကြၽန္ေတာ္တို႔နဲ႔ တူညီတဲ့ တန္ဖိုးေတြကိုေတာ့ မရွိပါဘူး” ဟု အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ႏွင့္ ေတြ႕ဆုံၿပီးေနာက္ သတင္းေထာက္မ်ားကို စတိုတန္ဘာ့ဂ္က ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို အေျခခံတဲ့ႏိုင္ငံတကာအစီအစဥ္အတြက္ ႀကံ့ႀကံ့ခံဖို႔ လိုအပ္ေနၿပီး၊ အာရွပစိဖိတ္ေဒသမွာရွိတဲ့ ၾသစေၾတးလ်၊ နယူးဇီလန္၊ေတာင္ကိုရီးယား၊ ဂ်ပန္အပါအဝင္ မဟာမိတ္ေတြနဲ႔ ပိုမိုနီးကပ္စြာ လုပ္ကိုင္ဖို႔ လိုအပ္ပါတယ္” ဟု ေျပာၾကားခဲ့သည္။

ယေန႔ကမာၻတြင္ အႀကီးမားဆုံးေသာ စိန္ေခၚမႈမွာ ႀကိဳတင္ခန္႔မွန္း၍ မရသည့္ ကမာၻႀကီးတြင္ ေနထိုင္ရျခင္းျဖစ္သည္ကို အေလးထားေျပာၾကားခဲ့ၿပီး ေနတိုးအႀကီးအကဲက ကြဲျပားျခားနားေသာ စိန္ေခၚမႈအမ်ိဳးမ်ိဳးအတြက္ ႏိုင္ငံမ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္ထားရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

“တ႐ုတ္က အိမ္နီးခ်င္းေတြကို အက်ပ္ကိုင္ၿပီး စစ္ေရးစြမ္းရည္အသစ္ေတြအတြက္ အမ်ားအျပား ရင္းႏွီးျမႇဳပ္ႏွံေနပါတယ္။ မၾကာေသးခင္ကပဲ ဒီအေမရိကန္မွာ ေတြ႕ႀကဳံခဲ့ရသလိုပါပဲ ေနတိုးမဟာမိတ္ေတြကို ရႈပ္ေထြးဆန္းျပားသည့္ ဆိုက္ဘာတိုက္ခိုက္မႈမ်ား မၾကာခဏ ျပဳလုပ္ပါတယ္” ဟု သူက ဆိုသည္။

ေနတိုး ၂၀၃၀ ရည္မွန္းခ်က္အရ နည္းပညာအခြင့္သာမႈကို ဆက္လက္ထိန္းသိမ္းရန္ႏွင့္ မဟာမိတ္မ်ားအၾကားဆန္းသစ္တီထြင္မႈ ကြာဟခ်က္မ်ားကို ျဖည့္ဆည္းရန္အတြက္ အတၱလႏၲိတ္ျဖတ္ေက်ာ ဆန္းသစ္တီထြင္မႈကိုျမႇင့္တင္ရန္ ေမွ်ာ္လင့္သည္။

ဘိုင္ဒင္ႏွင့္ ေအာ္စတင္တို႔သည္ ေျမာက္အေမရိက အတၱလႏၲိတ္မဟာမိတ္အဖြဲ႕၏ အစည္းအေဝးသို႔ တက္ေရာက္ၾကမည္ျဖစ္ၿပီး အေမရိက စုေပါင္းကာကြယ္ေရးႏွင့္ အနာဂတ္၏ လိုအပ္ခ်က္မ်ားအရ သမိုင္းတြင္ အေအာင္ျမင္ဆုံး မဟာမိတ္အဖြဲ႕ျဖစ္ရန္ အေလးေပးေျပာၾကားခဲ့သည္။