
(၄)ရက်တိုင်တိုင် ကျင်းပသွားမည့် လားရှိုးတန်ဆောင်တန်ပွဲတော်
စတုတ္ထအကြိမ်မြောက် လားရှိုးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ရက်နေ့ကစပြီး ၇ရက်နေ့အထိ ၄ရက်ကြာ ကျင်းပြုလုပ်သွားရန် စီစဉ်ထားတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံကသိရပါတယ်။အဆိုပါစတုတ္ထအကြိမ်မြောက်လားရှိုးတန်ဆောင်တိုင်ပွဲတော်ကို
လားရှိုးမြို့အဝင်ရှိရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီးရဲ့ ပရိဝုဏ်မှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။လားရှိုးတန်ဆောင်တိုင်ပွဲတော်ကြီးမှာညမီးကြီးနဲ့စိန်နားပန်မီးပုံးပျံကြီးများအပြင်အလှမီးပုံးပျံငယ်များ၊ခိုဖြူမီးပုံးပျံ၊
ဆင်ရုပ်မီးပုံးပျံများကိုလည်း လွှတ်တင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ ၄ရက်နေ့မှာပြည်သူ့ဥယျာဉ်ဖွင့်ပွဲနဲ့တေးဂီတဖျော်ဖြေပွဲများနဲ့ ၆ရက်နေ့မှာ မီးပုံးပျံပွဲတော်ဖွင့်ပွဲနဲ့ ၇ရက်နေ့မှာမီးပုံးပျံလွှတ်တင်ပွဲများအပါအဝင်တေးဂီတဖျော်ဖြေပွဲများကိုကျင်းပသွားမယ်လို့သိရပါတယ်။
လားရှိုးတန်ဆောင်တိုင်ပွဲတော်ကို ၂၀၁၆ခုနှစ်မှစတင်ပြီး ကျင်းပပြုလုပ်ခဲ့ကာ၂၀၁၈ခုနှစ်မှာ တတိယအကြိမ်မြောက်အဖြစ်ကျင်းပခဲ့ပြီး ယခု ၂၀၂၂ခုနှစ်မှာ စတုတ္ထမြောက်အကြိမ်အဖြစ်ကျင်းပသွားဖို့ရှိတာဖြစ်ပါတယ်။
Credit
Zawgyi
(၄)ရက္တိုင္တိုင္ က်င္းပသြားမည့္ လားရႈိးတန္ေဆာင္တန္ပြဲေတာ္
စတုတၳအႀကိမ္ေျမာက္ လားရႈိးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာလ ၄ရက္ေန႔ကစၿပီး ၇ရက္ေန႔အထိ ၄ရက္ၾကာ က်င္းျပဳလုပ္သြားရန္ စီစဥ္ထားတယ္လို႔ ပြဲေတာ္က်င္းပေရးေကာ္မတီထံကသိရပါတယ္။အဆိုပါစတုတၳအႀကိမ္ေျမာက္လားရႈိးတန္ေဆာင္တိုင္ပြဲေတာ္ကို
လားရႈိးၿမိဳ႕အဝင္ရွိရန္တိုင္းေအာင္ဆုေတာင္းျပည့္ၿမိဳ႕ဦးေစတီေတာ္ႀကီးရဲ႕ ပရိဝုဏ္မွာ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမွာျဖစ္ပါတယ္။လားရႈိးတန္ေဆာင္တိုင္ပြဲေတာ္ႀကီးမွာညမီးႀကီးနဲ႔စိန္နားပန္မီးပုံးပ်ံႀကီးမ်ားအျပင္အလွမီးပုံးပ်ံငယ္မ်ား၊ခိုျဖဴမီးပုံးပ်ံ၊
ဆင္႐ုပ္မီးပုံးပ်ံမ်ားကိုလည္း လႊတ္တင္သြားဖို႔ရွိတယ္လို႔ဆိုပါတယ္။ႏိုဝင္ဘာလ ၄ရက္ေန႔မွာျပည္သူ႔ဥယ်ာဥ္ဖြင့္ပြဲနဲ႔ေတးဂီတေဖ်ာ္ေျဖပြဲမ်ားနဲ႔ ၆ရက္ေန႔မွာ မီးပုံးပ်ံပြဲေတာ္ဖြင့္ပြဲနဲ႔ ၇ရက္ေန႔မွာမီးပုံးပ်ံလႊတ္တင္ပြဲမ်ားအပါအဝင္ေတးဂီတေဖ်ာ္ေျဖပြဲမ်ားကိုက်င္းပသြားမယ္လို႔သိရပါတယ္။
လားရႈိးတန္ေဆာင္တိုင္ပြဲေတာ္ကို ၂၀၁၆ခုႏွစ္မွစတင္ၿပီး က်င္းပျပဳလုပ္ခဲ့ကာ၂၀၁၈ခုႏွစ္မွာ တတိယအႀကိမ္ေျမာက္အျဖစ္က်င္းပခဲ့ၿပီး ယခု ၂၀၂၂ခုႏွစ္မွာ စတုတၳေျမာက္အႀကိမ္အျဖစ္က်င္းပသြားဖို႔ရွိတာျဖစ္ပါတယ္။
Credit