စျေးအမြင့်နဲ့ ငြိမ်နေတဲ့ ပြင်ပစျေးကွက်ထဲရှိ ဒေါ်လာစျေးနှုန်း

ဈေးအမြင့်နဲ့ ငြိမ်နေတဲ့ ပြင်ပဈေးကွက်ထဲရှိ ဒေါ်လာဈေးနှုန်း

နိုဝင်ဘာလ ၁ ရက် မနက် ၁၁ နာရီ ဈေးနှုန်းအရ ပြင်ပဒေါ်လာဈေး ကျပ် ၃၀၀၀ အထက်နဲ့ပဲ အရောင်းအဝယ်ဆက်ဖြစ်နေတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်။အောက်တိုဘာလနောက်ဆုံးအပတ်အတွင်းပြင်ပဒေါ်လာဈေး ၂၉၀၀ မှ ၃၂၀၀ ကျပ်ဝန်းကျင်မှာရှိနေခဲ့ပြီး

အောက်တိုဘာ ၂၄ ရက်ကတစ်ဒေါ်လာ ကျပ် ၃၀၀၀ မှ ၃၂၀၀ ထိဖြစ်ပေါ်ခဲ့ပေမယ့်နောက်ရက်မှာပဲ ကျပ် ၃၀၀၀ ဝန်းကျင် ပြန်ရောက်ခဲ့ကာဒီနေ့ဈေးနှုန်းကတော့ ၃၀၀၀ ကျပ်၊ ၃၀၅၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်ပေါ်တယ်လို့ ဈေးကွက်မှသိရပါတယ်။

နိုဝင်ဘာ(၁)ရက် မနက် ၁၁နာရီ တွင်ဈေးကွက်တွင်းရှိ ငွေလဲလှယ်နှုန်းများမှာ အမေရိကန်ဒေါ်လာတစ်ဒေါ်လာ-buy 2970 ကျပ်၊ Sell – 3000ကျပ်စင်ကာပူဒေါ်လာ -buy 2050 ကျပ်၊ Sell -2150ကျပ်၊ဂျပန်ယန်း – buy 19 ကျပ်၊ Sell 22 ကျပ်၊

ယူရို – buy 2850ကျပ်၊ Sell 3000 ကျပ်၊ထိုင်းဘတ်ငွေ – buy 78.50ကျပ်၊ Sell 80 ကျပ်၊တရုတ်ယွမ် -buy 400 ကျပ်၊ Sell 435ကျပ် မလေးရှားရင်ဂစ် -buy 615ကျပ်၊Sell 650 ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေဖို့လိုအပ်တဲ့မူဝါဒဆိုင်ရာ တုံ့ပြန်မှုတွေကို ဆောင်ရွက်နေတဲ့အတွက် ဒေါ်လာဈေးက ကျဆင်းလာပြီးဖြစ်သင့်တဲ့ နှုန်းထားကို တစ်ဖြည်းဖြည်းရောက်ရှိလာမယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်တဲ့ နိုင်ငံခြားငွေလဲနှုန်းကတော့တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဖြစ်ပြီး တရားမဝင် ပြင်ပဒေါ်လာပေါက်ဈေးနဲ့ ကွာဟချက် ကြီးမားနေတာကို လျှော့ချလိုတဲ့အတွက် ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်မှစတင်ပြီး ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi

ေစ်းအျမင့္နဲ႔ ၿငိမ္ေနတဲ့ ျပင္ပေစ်းကြက္ထဲရွိ ေဒၚလာေစ်းႏႈန္း

ႏိုဝင္ဘာလ ၁ ရက္ မနက္ ၁၁ နာရီ ေဈးႏႈန္းအရ ျပင္ပေဒၚလာေဈး က်ပ္ ၃၀၀၀ အထက္နဲ႔ပဲ အေရာင္းအဝယ္ဆက္ျဖစ္ေနတယ္လို႔ ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီကသိရပါတယ္။ေအာက္တိုဘာလေနာက္ဆုံးအပတ္အတြင္းျပင္ပေဒၚလာေဈး ၂၉၀၀ မွ ၃၂၀၀ က်ပ္ဝန္းက်င္မွာရွိေနခဲ့ၿပီး

ေအာက္တိုဘာ ၂၄ ရက္ကတစ္ေဒၚလာ က်ပ္ ၃၀၀၀ မွ ၃၂၀၀ ထိျဖစ္ေပၚခဲ့ေပမယ့္ေနာက္ရက္မွာပဲ က်ပ္ ၃၀၀၀ ဝန္းက်င္ ျပန္ေရာက္ခဲ့ကာဒီေန႔ေဈးႏႈန္းကေတာ့ ၃၀၀၀ က်ပ္၊ ၃၀၅၀ က်ပ္တို႔နဲ႔ အေရာင္းအဝယ္ျဖစ္ေပၚတယ္လို႔ ေဈးကြက္မွသိရပါတယ္။

ႏိုဝင္ဘာ(၁)ရက္ မနက္ ၁၁နာရီ တြင္ေစ်းကြက္တြင္းရွိ ေငြလဲလွယ္ႏႈန္းမ်ားမွာ အေမရိကန္ေဒၚလာတစ္ေဒၚလာ-buy 2970 က်ပ္၊ Sell – 3000က်ပ္စင္ကာပူေဒၚလာ -buy 2050 က်ပ္၊ Sell -2150က်ပ္၊ဂ်ပန္ယန္း – buy 19 က်ပ္၊ Sell 22 က်ပ္၊

ယူ႐ို – buy 2850က်ပ္၊ Sell 3000 က်ပ္၊ထိုင္းဘတ္ေငြ – buy 78.50က်ပ္၊ Sell 80 က်ပ္၊တ႐ုတ္ယြမ္ -buy 400 က်ပ္၊ Sell 435က်ပ္ မေလးရွားရင္ဂစ္ -buy 615က်ပ္၊Sell 650 က်ပ္ ျဖစ္ေၾကာင္းသိရွိရပါသည္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကေတာ့ ျပည္တြင္းေငြလဲႏႈန္း တည္ၿငိမ္ေစဖို႔လိုအပ္တဲ့မူဝါဒဆိုင္ရာ တုံ႔ျပန္မႈေတြကို ေဆာင္႐ြက္ေနတဲ့အတြက္ ေဒၚလာေဈးက က်ဆင္းလာၿပီးျဖစ္သင့္တဲ့ ႏႈန္းထားကို တစ္ျဖည္းျဖည္းေရာက္ရွိလာမယ္လို႔ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ဗဟိုဘဏ္က ထုတ္ျပန္တဲ့ ႏိုင္ငံျခားေငြလဲႏႈန္းကေတာ့တစ္ေဒၚလာကို က်ပ္ ၂၁၀၀ ျဖစ္ၿပီး တရားမဝင္ ျပင္ပေဒၚလာေပါက္ေဈးနဲ႔ ကြာဟခ်က္ ႀကီးမားေနတာကို ေလွ်ာ့ခ်လိုတဲ့အတြက္ ၂၀၂၂ ခုႏွစ္ ၾသဂုတ္ ၅ ရက္မွစတင္ၿပီး ျပင္ဆင္သတ္မွတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။