တဖြည်းဖြည်း ပိုပြီး အတင့်ရဲလာတဲ့ ကားမှတ်တိုင်က လောင်းကစားဝိုင်းတွေရဲ့ အုပ်စုဖွဲ့ပြီးရမ်းကားတဲ့ လုပ်ရပ် ( ကိုယ်တွေ့အဖြစ်အပျက်ပါ)

ကားဂိတ်မှာလောင်းကစားဝိုင်းအကြောင်းတင်ထားတဲ့postတွေ့လို့ အမကိုယ်တိုင်ကြုံခဲ့တာပြောပြချင်လို့ပါ

အဲ့နေ့က ကားဂိတ်မှာရပ်နေရင်း ကောင်လေး၂ယောက်ရယ် ကောင်မလေးတယောက်ရယ် အမရယ် လေးယောက်ပဲရှိပါတယ်

အဲ့မှာ လူ၂ယောက်ရောက်လာတယ်

တက်တူးနဲ့လည်ပင်းမှာစတီးကြိုးဝတ်ပြီးလွယ်အိတ်လွယ်ထားတဲ့သူရယ် အသားမဲမဲအသက်၅၀ ဝန်းကျင်လူရယ်က လောင်းကစားလိမ်ပြီးလုပ်စားနေကြတာပါ

သူတို့၂ယောက်ကအရင်ကစားပြတယ် နိုင်ပြီဆိုပြီးငွေတွေပေးတယ် နောက်ထပ်ဝင်လာဆော့ပြတဲ့လူ၅ယောက်လောက်ကလည်းသူတို့အဖွဲ့ကပါပဲ

ခုန ရပ်နေတဲ့ ကောင်လေး၂ယောက်ထဲကတယောက်စီက ၂၀၀ပေးပါတဲ့တောင်းတယ်
ဟိုကောင်လေးကပေးတယ်

ကျန်တဲ့ကောင်လေးကတားနေတဲ့ကြားက အဲ့ကောင်လေးကပေးဖြစ်အောင်ပေးသေးတယ်
ရော့ မင်းနိုင်ပြီ ငါးသောင်းယူဆိုပြီးလုပ်ပါတယ်

သူ့သူငယ်ချင်းကနိုင်ရင် ဦးလေးတို့ယူလိုက်ဆ်ုပြီးအတင်းဆွဲခေါ်သွားတော့ သူတို့လိမ်မရတော့ဘူး
အဲ့တော့ ကားဂိတ်မှာရပ်ကျန်နေတဲ့အမနဲ့တခြားကောင်မလေးကိုအော်ဆဲပါတယ်

နင်တို့လင်တွေမို့နာတာလား ဘာလား စောက်ခွက်တွေဖြတ်ရိုက်လိုက်မယ်ဆိုတော့
ရုတ်တရက်ကြောင်သွားတယ် ဒေါသလည်းထွက်ပြီးပြောမလို့လုပ်တော့ ကွမ်းယာဆိုင်ကအန်တီကခေါင်းခါပြတယ်

အဲ့ချိန်မှာ လာတဲ့ကားပေါ်ပြေးတက်လိုက်ပါတယ်

စပယ်ယာအကိုကအခြေအနေကိုနားလည်ဟန်တူပါတယ် အမကိုတက်ခိုင်းပြီးချက်ချင်းမောင်းခိုင်းတယ်

သူတို့မေးတော့အခြေအနေကိုပြောပြလိုက်တော့ အရင်ကောင်မလေးတယောက်ကဆို ပါးတောင်ရိုက်ခံရတယ်တဲ့

သူတို့ကလောင်းကစားနဲ့လိမ်မရရင် အနားမှာရှိတဲ့ကောင်မလေးတွေကိုဆဲတယ်


စိတ်ကိုဆွပေးတာပေါ့ ဒေါသထွက်ပြန်ပြောရင် ပါးရိုက်တယ် ဖုန်းတွေငွေတွေယူတယ်

မသိရင် သူတို့အိမ်က ညီမ ဒါမှမဟုတ် အိမ်ကမိန်းမစိတ်ဆိုးပြီး အိမ်ကဆင်းတဲ့ပုံစံမျိုးနဲ့ပြန်လာယူတာမျိုးဟန်ဆောင်ကြတော့ အနီးနားကလူတွေကလည်း ဝင်မကူရဲကြပါဘူး

သူတို့မျက်နှာတွေမြင်လို့ ဝေးဝေးမှာရပ်နေတာတောင် ခုလို ကြုံခဲ့ရတာမို့ မြင်ပြီဆိုတာနဲ့ ဝေးဝေးနေကြပါ
Credit January may

Zawgyi






ဟိုကောင်လေးကပေးတယ်










Credit January may