တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။ မယ်ဇလီဖူးကို စားသုံးခဲ့သော် (၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု “သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။

ထို့ကြောင့်၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် မယ်ဇလီဖူးကို အဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။

နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသော‌ကြောင့် ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည”ဟုလည်း ယုံကြည်ကြသည်။

ဤညအခါ၌ ခူးဆွတ်တူးဖေါ်ရရှိသော ဆေးပင်၊ ဆေးရွက်၊ အမြစ် ၊ အဖု၊ အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့်အချိန်၌ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ “လမွန်းတည့်ရေ” ကို သောက်သုံး၍ ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ယူဆကြသည်။

ဤအခါ၌ လက်လှမ်းမီရာ ဆေးပင်၊ ဆေးရွက်တို့ကို ခူးဆွတ်ကာ စားသုံးလေ့ရှိကြသည်။


တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော “ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ဆိုလေ့ရှိကြသည်။ ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ” (ခေါ်) “သူခိုးကာလ” အဖြစ် ကလေး လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။

တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင် အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယူ၍ လမ်းမတွင် စုပုံထားခြင်း၊ ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် နံနက်အခါ၌ လူရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။
တစ်ညနေခင်းလုံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့်စားစရာများ အလှူခံကြပြီး တစ်ညခင်းလုံး ချက်ပြုတ် စားသောက်ကာ မြူတူးပျော်ရွှင်ကြသည်။

ငွေကြေးပြည့်စုံသူတို့ကမူ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး” (ခေါ်) မုံ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကိုပြုကာကုသိုလ် ယူလေ့ရှိကြသည်။

သစ္စာရှင်-မြတ်ဗုဒ္ဓ၏သာသနာမှ ဖော်ပြပါသည်

Mg Mg Myat Thu

Zawgyi

တန္ေဆာင္မုန္းလတြင္ မယ္ဇလီဖူးသုပ္ စားရျခင္းအေၾကာင္း

တန္ေဆာင္မုန္းလအခါတြင္ ေဆးပင္အေပါင္းကို ေစါင့္ေသာနတ္တို႔သည္ မယ္ဇလီပင္ေစါင့္နတ္မင္းအား တစ္ညီတစ္ၫြတ္တည္း လာေရာက္ခစားၾကသည္။ မယ္ဇလီဖူးကို စားသုံးခဲ့ေသာ္ (၉၆)ပါးေသာ ေရာဂါမ်ားကင္းရွင္း၍ ဘုန္းႀကီးအသက္ရွည္ႏိုင္သည္ ဟု “သာရေကာမုဒိ” ေဆးက်မ္း ကျပဆိုပါသည္။

ထို႔ေၾကာင့္၊ ျမန္မာ့ေရွး႐ိုးအစဥ္အလာအရ တန္ေဆာင္မုန္းလျပည့္ အခါသမယတြင္ မယ္ဇလီဖူးကို အဆာစုံစြာသုပ္၍ မိသားစု၀င္မ်ားအားလုံးစားသုံးကာ၊ ပတ္၀န္းက်င္ အိမ္နီးခ်င္းမ်ားအားလည္း၊ မယ္ဇလီဖူးသုပ္အထုပ္ငယ္မ်ားကို ေဆးဝါးအျဖစ္ေပးေဝလ်က္ ဒါနျပဳေလ့ရွိၾကပါသည္။

နကၡတ္၊ ၾကယ္တာရာ စုံညီစြာေပၚထြန္းေသာ‌ေၾကာင့္ ေဆးအာနိသင္မ်ား ႏိုးႂကြထက္ျမက္ေစ၍ “ေဆးေပါင္းခသည့္ည”ဟုလည္း ယုံၾကည္ၾကသည္။

ဤညအခါ၌ ခူးဆြတ္တူးေဖၚရရွိေသာ ေဆးပင္၊ ေဆး႐ြက္၊ အျမစ္ ၊ အဖု၊ အဥ တို႔ကို အထူးသိမ္းဆည္းထားကာ အလိုရွိရာအခါ၌ ၊အသုံးျပဳၾကသည္။

လျပည့္ေန ညဥ့္လယ္ လမြန္းတည့္အခ်ိန္၌ လရိပ္သည္ ေရအျပင္ေပၚက်ေရာက္ေသာအခါ “လမြန္းတည့္ေရ” ကို ေသာက္သုံး၍ ေဆးအာနိသင္မ်ားျပည့္၀လ်က္ က်န္းမာေရးကို ေကာင္းမြန္ေစသည္ဟု ယူဆၾကသည္။

ဤအခါ၌ လက္လွမ္းမီရာ ေဆးပင္၊ ေဆး႐ြက္တို႔ကို ခူးဆြတ္ကာ စားသုံးေလ့ရွိၾကသည္။
တန္ေဆာင္မုန္းလတြင္ ထြက္ေပၚေသာ “ၾကတၱိကာနကၡတ္”ကို နကၡတ္ပညာရွင္တို႔က “ေစာရနကၡတ္(ေခၚ) သူခိုး နကၡတ္” ဟု ဆိုေလ့ရွိၾကသည္။ ထို႔ေၾကာင့္ လျပည့္ေန႔ညအခါတြင္ “က်ီးမႏိုးပြဲ” (ေခၚ) “သူခိုးကာလ” အျဖစ္ ကေလး လူငယ္မ်ား ေပ်ာ္႐ႊင္စြာ ေဆာ့ျမဴးေလ့ရွိၾကသည္။

တစ္ညလုံး နံနက္က်ီးမႏိုးမီတိုင္ေအာင္ အိမ္ရွင္မသိေစပဲ အလြယ္တစ္ကူ ေတြ႕ရွိခ်ီမႏိုင္ေသာပစၥည္းမ်ားကိုယူ၍ လမ္းမတြင္ စုပုံထားျခင္း၊ ပုဆိုး ထမီ ရရာတို႔ကို အလံထူ၍ထားျခင္း စသည္တို႔ျဖင့္ နံနက္အခါ၌ လူရယ္ဖြယ္ျဖစ္ေအာင္ ဖန္တီးထားတတ္ၾကသည္။
တစ္ညေနခင္းလုံး အိမ္ေပါက္ေစ့လိုက္ကာ အလႉေငြႏွင့္စားစရာမ်ား အလႉခံၾကၿပီး တစ္ညခင္းလုံး ခ်က္ျပဳတ္ စားေသာက္ကာ ျမဴတူးေပ်ာ္႐ႊင္ၾကသည္။

ေငြေၾကးျပည့္စုံသူတို႔ကမူ လျပည့္ေန႔ညတြင္ “မေခၚမုံ႔လုံး” (ေခၚ) မုံ႔လုံးေရေပၚမ်ားေကြၽးျခင္း၊ ၾကက္သားဆန္ျပဳပ္ တိုက္ေကြၽးျခင္း၊ မယ္ဇလီဖူးသုပ္ေဝျခင္းႏွင့္ ပိုက္ဆံႀကဲျခင္း တို႔ကိုျပဳကာကုသိုလ္ ယူေလ့ရွိၾကသည္။

သစၥာရွင္-ျမတ္ဗုဒၶ၏သာသနာမွ ေဖာ္ျပပါသည္

Mg Mg Myat Thu