စုစုပေါင်း ကုန်ကျငွေ ၃ သောင်း ၄ ထောင်နဲ့ ပွဲစားမလို ကိုယ်တိုင် passport သွားလုပ်တဲ့ အတွေ့အကြုံလေး…….

Passport ကိုယ်တိုင်သွားလုပ်တဲ့အတွေ့အကြုံလေးပါ

စုစုပေါင်းကုန်ကျငွေ ၃သောင်း ၄ ထောင်

ဖောင်ကြေး ၁ ထောင်

လဝက ၃ ထောင်

ဘဏ်သွင်း ၂ သောင်း ၅ ထောင်

ဓါတ်ပုံရိုက် ၅ ထောင်

Passport အသစ်ပဲလုပ်လုပ်/ PV to PJ ပဲပြောင်းပြောင်း/ သက်တမ်းပဲတိုးတိုး

Passport စာအုပ်ထုတ်တာကလွဲရင် Passport ရုံးကိုသွားတော့မယ်ဆိုရင် QR လိုပါတယ်

ကိုယ်တိုင် Booking QR တင်ဖို့➡️ https://www.passport.gov.mm/

QR ကိုကိုယ်တိုင်ယူမရရင် Group ထဲမှာ Booking QR တင်ပေးတဲ့အကိုတွေ/အမတွေရှိပါတယ်
QR တင်ခိုင်းတဲ့ တစ်ယောက်ဆို တစ်ယောက်အသေအပ်ပါ။ ဟိုလူအပ် ဒီလူအပ်မလုပ်ပါနဲ့
(ရက်အနည်းငယ်တော့ကွဲလွဲနိုင်ပါတယ်)

QR တင်ခိုင်းတဲ့အခါ QR ရ ငွေချေ ဆိုမှလုပ်ပါ (ပိုက်ဆံကြိုလွဲရင်ဆုံးပြီမှတ်ပါ)

QR အစစ်ဟုတ်/မဟုတ်စစ်ရန်➡️ https://www.passport.gov.mm/user/view-booking

QR အမှန်ရတဲ့အခါလည်း QR တင်ပေးတဲ့လူကို ပိုက်ဆံမဖြစ်မနေပေးပါ။

Passport သွားလုပ်တော့မယ်ဆိုရင်

အထဲကိုယူလို့ရတာဆိုလို့ ဖုန်း,ပိုက်ဆံအိပ်အသေ

း/ ဖိုင်အကြည် (လွယ်လို့ရတာဆိုပိုကောင်းပါတယ်)
ကျောပိုးအိတ်တွေ/လွယ်အိတ်တွေပါလာရင်အပြင်မှာအပ်ခဲ့ပါ (၅ ရာ/ ၁ ထောင် ပေးရပါတယ်)

ဘောလ်ပင် နှစ်ချောင်း

စာရေးတာမှားတတ်ရင် မှင်ဖျက်ဆေးပါယူလာပါ

PJ (အလုပ်) အတွက်

မှတ်ပုံတင်မူရင်း

မှတ်ပုံတင်မိတ္တူ ၂ စောင်

အိမ်ထောင်စုစာရင်းမူရင်း

အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင်

အလုပ်သမားလေဘာကတ် (လေဘာကတ်တောင်းတဲ့အခါ Passport လုပ်ဖို့လို့ပြောဖို့မမေ့ပါနဲ့ ၁ ထောင်လောက်ပဲပေးရပါတယ်)

PV (အလည်ပတ်) အတွက်

မှတ်ပုံတင်မူရင်း

မှတ်ပုံတင်မိတ္တူ ၂ စောင်

အိမ်ထောင်စုစာရင်းမူရင်း

အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင်

ကွန်တော်သွားလုပ်တုန်းက ရန်ကင်းစင်တာ ပန်းခြံဘက်ကစီတာပါ ခုံငှားလို့ရပါတယ် ၁ ထောင်ပါ

တန်းစီနေတုန်းမှာရှေ့က နေရာကို ပိုက်ဆံပေးပြီး ရောင်းတာရှိပါတယ် ဝယ်လည်းမထူးပါဘူး
နောက်ထပ်စီရအုံးမှာပါ (မဝယ်ဖို့အကြံပေးပါတယ်)

QR မစစ်ခင် အပြင်မှာ ၃ နေရာတန်းစီရမှာပါ

QR စစ်ပြီးရင် ရဲနှစ်ယောက်ထိုင်နေတဲ့ခုံမှာ ဖောင်ဝယ်ပါ ၁ ထောင်ပေးရပါတယ် (ဖောင်ဝယ်ပြီးရင် မဖြည့်ပါနဲ့ ဝယ်ထားတဲ့ဖောင်က နောက်ဆုံးမှလိုတာမို့ပါ)

ပြီးရင် လဝက ကောင်တာတွေအများကြီးရှိပါတယ် လူနည်းတဲ့နေရာမှာစီပါ

လဝက ကောင်တာရောက်ရင် စစ်မှာက

မှတ်ပုံတင်မူရင်း

မှတ်ပုံတင်မိတ္တူ ၂ စောင်

အိမ်ထောင်စုစာရင်းမူရင်း

အိမ်ထောင်စုစာရင်းမိတ္တူ ၂ စောင် ကိုထုတ်ပြလိုက်လိုက်ပါ လက်ဗွေနိုက်ပြီးရင် လဝက ကောင်တာနောက်မှာ ၃ ထောင်ထုတ်ပြီးခနစောင့်ပါ လဝက ကလူကြီးတွေက မှတ်ပုံတင်မိတ္တူ ၁ စောင်နဲ့ အိမ်ထောင်စုစာရင်းမိတ္တူ ၁ စောင် ကိုယူထားလိုက်မယ်။

လဝက ကစစ်ပြီးကြောင်းစာရွက်အသေးလေးတစ်ရွက်ပေးမယ်

အဲ့စာရွက်လေး နဲ့ ၂ သောင်း ၅ ထောင် ထုတ်ပြီး ဘဏ်မှာအပ်ခဲ့ပါ။ ပြီးရင်သူတို့စာရွက်ပြန်ပေးမဲ့အချိန်ကိုထိုင်စောင့်ပါ။

ဘဏ်ကစာရွက်စောင့်နေတုန်းမှာ ကိုယ်က PJ လုပ်မယ်ဆိုရင် ဘဏ်ရှေ့က လူနည်းတဲ့ PJ ကောင်တာ ( PJ ကောင်တာက ကနှစ်မျိုးရှိတယ်နှော် PJ / PJ (MOU) ဆိုပြီး PJ နှစ်လုံးတည်းကောင်တာမှာဝင်တန်းစီထားပါ၊ တန်းစီနေတုန်းမှာဝယ်ထားတဲ့ ဖောင်ကိုဖြည့်ပြီး ကိုယ့်နာမည်ကိုလည်းနားစွင့်ပါ။ ဘဏ်ကစာရွက်ပြန်ပေးတဲ့အချိန်ကျရင် နာမည် မိုက်နဲ့အော်ပြီးပေးပါတယ်။ဘဏ်က စာရွက်ရရင်ပြန်စစ်ပါ နာမည်တူပြီး မှတ်ပုံတင်နံပတ် လွဲနေတာမျိုးတွေရှိပါတယ်။

PV သမားတွေအပေါ်ထပ်ပါ PV သမားတွေကမြန်ပါတယ်။လူလည်းနည်းတယ်။

ဘဏ်ကစာရွက်ရရင် ဓါတ်ပုံရိုက်ဖို့ PJ ကောင်တာမှာ စောင့်ပါ။ ၅ ထောင်ပေးရပါသည်

ဓါတ်ပုံရိုက်/လက်ဗွေနိုပ်/ မျက်လုံးစကင်ဖတ် အကုန်ပြီးရင်

ခုနက ကရိုတ်တဲ့ကိုယ့်ဓါတ်ပုံလေးနဲ့ Passport စာအုပ်ထုတ်မဲ့ရက် စာရွက်လေးရပါလိမ့်မယ်

ကိုယ့်နာမည်,ဘအမည်,မွေးခုနှစ်, မှတ်ပုံတင်နံပတ် မှားနေရင် တစ်ခါတည်း ပြန်ပြင်ခိုင်းပါ။
(နောက်မှစစ်ရင် မမှိတော့ဘူးနှော်)

အကုန်မှန်ပြီဆိုရင် အိမ်ပြန်လို့ရပါပြီ

နောက် ၁၀ ရက်ကျရင် Passport စာအုပ်လာထုတ်လို့ရပါပြီ

Passport စာအုပ်ထုတ်တဲ့အခါ မှတ်ပုံတင်မူရင်း, အိမ်ထောင်စုစရင်း, စာအုပ်ထုတ်မဲ့စလစ် ယူလာပါ နေ့လည် ၁ နာရီလောက်ဆို အေးအေးဆေးဆေးလာထုတ်လို့ရပါပြီ။
Myo Min Thu

Zawgyi

Passport ကိုယ္တိုင္သြားလုပ္တဲ့အေတြ႕အႀကဳံေလးပါ

စုစုေပါင္းကုန္က်ေငြ ၃ေသာင္း ၄ ေထာင္

ေဖာင္ေၾကး ၁ ေထာင္

လဝက ၃ ေထာင္

ဘဏ္သြင္း ၂ ေသာင္း ၅ ေထာင္

ဓါတ္ပုံ႐ိုက္ ၅ ေထာင္

Passport အသစ္ပဲလုပ္လုပ္/ PV to PJ ပဲေျပာင္းေျပာင္း/ သက္တမ္းပဲတိုးတိုး

Passport စာအုပ္ထုတ္တာကလြဲရင္ Passport ႐ုံးကိုသြားေတာ့မယ္ဆိုရင္ QR လိုပါတယ္

ကိုယ္တိုင္ Booking QR တင္ဖို႔➡️ https://www.passport.gov.mm/

QR ကိုကိုယ္တိုင္ယူမရရင္ Group ထဲမွာ Booking QR တင္ေပးတဲ့အကိုေတြ/အမေတြရွိပါတယ္
QR တင္ခိုင္းတဲ့ တစ္ေယာက္ဆို တစ္ေယာက္အေသအပ္ပါ။ ဟိုလူအပ္ ဒီလူအပ္မလုပ္ပါနဲ႔
(ရက္အနည္းငယ္ေတာ့ကြဲလြဲႏိုင္ပါတယ္)

QR တင္ခိုင္းတဲ့အခါ QR ရ ေငြေခ် ဆိုမွလုပ္ပါ (ပိုက္ဆံႀကိဳလြဲရင္ဆုံးၿပီမွတ္ပါ)

QR အစစ္ဟုတ္/မဟုတ္စစ္ရန္➡️ https://www.passport.gov.mm/user/view-booking

QR အမွန္ရတဲ့အခါလည္း QR တင္ေပးတဲ့လူကို ပိုက္ဆံမျဖစ္မေနေပးပါ။

Passport သြားလုပ္ေတာ့မယ္ဆိုရင္

အထဲကိုယူလို႔ရတာဆိုလို႔ ဖုန္း,ပိုက္ဆံအိပ္အေသ

း/ ဖိုင္အၾကည္ (လြယ္လို႔ရတာဆိုပိုေကာင္းပါတယ္)
ေက်ာပိုးအိတ္ေတြ/လြယ္အိတ္ေတြပါလာရင္အျပင္မွာအပ္ခဲ့ပါ (၅ ရာ/ ၁ ေထာင္ ေပးရပါတယ္)

ေဘာလ္ပင္ ႏွစ္ေခ်ာင္း

စာေရးတာမွားတတ္ရင္ မွင္ဖ်က္ေဆးပါယူလာပါ

PJ (အလုပ္) အတြက္

မွတ္ပုံတင္မူရင္း

မွတ္ပုံတင္မိတၱဴ ၂ ေစာင္

အိမ္ေထာင္စုစာရင္းမူရင္း

အိမ္ေထာင္စုစာရင္းမိတၱဴ ၂ ေစာင္

အလုပ္သမားေလဘာကတ္ (ေလဘာကတ္ေတာင္းတဲ့အခါ Passport လုပ္ဖို႔လို႔ေျပာဖို႔မေမ့ပါနဲ႔ ၁ ေထာင္ေလာက္ပဲေပးရပါတယ္)

PV (အလည္ပတ္) အတြက္

မွတ္ပုံတင္မူရင္း

မွတ္ပုံတင္မိတၱဴ ၂ ေစာင္

အိမ္ေထာင္စုစာရင္းမူရင္း

အိမ္ေထာင္စုစာရင္းမိတၱဴ ၂ ေစာင္

ကြန္ေတာ္သြားလုပ္တုန္းက ရန္ကင္းစင္တာ ပန္းၿခံဘက္ကစီတာပါ ခုံငွားလို႔ရပါတယ္ ၁ ေထာင္ပါ

တန္းစီေနတုန္းမွာေရွ႕က ေနရာကို ပိုက္ဆံေပးၿပီး ေရာင္းတာရွိပါတယ္ ဝယ္လည္းမထူးပါဘူး
ေနာက္ထပ္စီရအုံးမွာပါ (မဝယ္ဖို႔အႀကံေပးပါတယ္)

QR မစစ္ခင္ အျပင္မွာ ၃ ေနရာတန္းစီရမွာပါ

QR စစ္ၿပီးရင္ ရဲႏွစ္ေယာက္ထိုင္ေနတဲ့ခုံမွာ ေဖာင္ဝယ္ပါ ၁ ေထာင္ေပးရပါတယ္ (ေဖာင္ဝယ္ၿပီးရင္ မျဖည့္ပါနဲ႔ ဝယ္ထားတဲ့ေဖာင္က ေနာက္ဆုံးမွလိုတာမို႔ပါ)

ၿပီးရင္ လဝက ေကာင္တာေတြအမ်ားႀကီးရွိပါတယ္ လူနည္းတဲ့ေနရာမွာစီပါ

လဝက ေကာင္တာေရာက္ရင္ စစ္မွာက

မွတ္ပုံတင္မူရင္း

မွတ္ပုံတင္မိတၱဴ ၂ ေစာင္

အိမ္ေထာင္စုစာရင္းမူရင္း

အိမ္ေထာင္စုစာရင္းမိတၱဴ ၂ ေစာင္ ကိုထုတ္ျပလိုက္လိုက္ပါ လက္ေဗြႏိုက္ၿပီးရင္ လဝက ေကာင္တာေနာက္မွာ ၃ ေထာင္ထုတ္ၿပီးခနေစာင့္ပါ လဝက ကလူႀကီးေတြက မွတ္ပုံတင္မိတၱဴ ၁ ေစာင္နဲ႔ အိမ္ေထာင္စုစာရင္းမိတၱဴ ၁ ေစာင္ ကိုယူထားလိုက္မယ္။

လဝက ကစစ္ၿပီးေၾကာင္းစာ႐ြက္အေသးေလးတစ္႐ြက္ေပးမယ္

အဲ့စာ႐ြက္ေလး နဲ႔ ၂ ေသာင္း ၅ ေထာင္ ထုတ္ၿပီး ဘဏ္မွာအပ္ခဲ့ပါ။ ၿပီးရင္သူတို႔စာ႐ြက္ျပန္ေပးမဲ့အခ်ိန္ကိုထိုင္ေစာင့္ပါ။

ဘဏ္ကစာ႐ြက္ေစာင့္ေနတုန္းမွာ ကိုယ္က PJ လုပ္မယ္ဆိုရင္ ဘဏ္ေရွ႕က လူနည္းတဲ့ PJ ေကာင္တာ ( PJ ေကာင္တာက ကႏွစ္မ်ိဳးရွိတယ္ေႏွာ္ PJ / PJ (MOU) ဆိုၿပီး PJ ႏွစ္လုံးတည္းေကာင္တာမွာဝင္တန္းစီထားပါ၊ တန္းစီေနတုန္းမွာဝယ္ထားတဲ့ ေဖာင္ကိုျဖည့္ၿပီး ကိုယ့္နာမည္ကိုလည္းနားစြင့္ပါ။ ဘဏ္ကစာ႐ြက္ျပန္ေပးတဲ့အခ်ိန္က်ရင္ နာမည္ မိုက္နဲ႔ေအာ္ၿပီးေပးပါတယ္။ဘဏ္က စာ႐ြက္ရရင္ျပန္စစ္ပါ နာမည္တူၿပီး မွတ္ပုံတင္နံပတ္ လြဲေနတာမ်ိဳးေတြရွိပါတယ္။

PV သမားေတြအေပၚထပ္ပါ PV သမားေတြကျမန္ပါတယ္။လူလည္းနည္းတယ္။

ဘဏ္ကစာ႐ြက္ရရင္ ဓါတ္ပုံ႐ိုက္ဖို႔ PJ ေကာင္တာမွာ ေစာင့္ပါ။ ၅ ေထာင္ေပးရပါသည္

ဓါတ္ပုံ႐ိုက္/လက္ေဗြႏိုပ္/ မ်က္လုံးစကင္ဖတ္ အကုန္ၿပီးရင္

ခုနက က႐ိုတ္တဲ့ကိုယ့္ဓါတ္ပုံေလးနဲ႔ Passport စာအုပ္ထုတ္မဲ့ရက္ စာ႐ြက္ေလးရပါလိမ့္မယ္

ကိုယ့္နာမည္,ဘအမည္,ေမြးခုႏွစ္, မွတ္ပုံတင္နံပတ္ မွားေနရင္ တစ္ခါတည္း ျပန္ျပင္ခိုင္းပါ။
(ေနာက္မွစစ္ရင္ မမွိေတာ့ဘူးေႏွာ္)

အကုန္မွန္ၿပီဆိုရင္ အိမ္ျပန္လို႔ရပါၿပီ

ေနာက္ ၁၀ ရက္က်ရင္ Passport စာအုပ္လာထုတ္လို႔ရပါၿပီ

Passport စာအုပ္ထုတ္တဲ့အခါ မွတ္ပုံတင္မူရင္း, အိမ္ေထာင္စုစရင္း, စာအုပ္ထုတ္မဲ့စလစ္ ယူလာပါ ေန႔လည္ ၁ နာရီေလာက္ဆို ေအးေအးေဆးေဆးလာထုတ္လို႔ရပါၿပီ။
Myo Min Thu