
မြန်မာ့သမိုင်းဝင် တစ်ကောင်ထဲသောဆင်အဖြူ
ဆင်ဖြူတော်ဆိုသည်မှာလဲ ဆင်မဲများ အလယ်တွင်ဘုရင်ဖြစ်သဖြင့် ဆင်မဲများက စုပေါင်းကာကွယ်စေါင့်ရှောက်တယ်လို့ စာပေကျမ်းဂံများတွင်ရေးသားထားပါသည်။
ထိုကြောင့် ဆင်ဖြူတော်ဖမ်းလျင် ဆင်မဲများထွက်ပြေးအောင်ပြုလုပ်ပြီးမှ ဆင်ဖြူတော်ကို ကြိုးကွင်းပစ်၍၎င်း ကျုံးသွင်း၍၎င်း ဖမ်းကြရပါတယ်။
သို့သော် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကျိုက်မတ်ကော်ဆံတော်ရှင်စေတီကြီး အနီးရှိ နိဗ္ဗာန်ရွာ ကွင်းသာယာအရပ် ဘုရားတောင်ဘက်မှ တွေ့ရှိရသော ဝါဂွမ်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့ ဆဒ္ဒါန်ဆင်မင်းမျိုးနွယ် ဆင်ဖြူတော်ကတော့ ထွက်မပြေးဘဲ ကြမ်းတမ်ခုခံမှုမရှိဘဲ အသာတစ်ကြည်အဖမ်းခံခဲ့တာကတော့ ထူးခြားမှုလား ထိုခေတ်ကဘုရင်ဖြစ်သော ဘိုးတော်ဘုရား(ဗဒုံမင်း)ရဲ့ ဘုန်းကံကြောင့်လားဆိုရမှာပါ။
ဗဒုံမင်းဘိုးတော်ဦးဝိုင်းထီးနန်းစိုးစံနေချိန် ခရစ်သက္ကရာဇ် ၁၈၀၆ ခု ဇွန်လထဲမှာ ပဲခူးမြို့ဝန်ရဲ့အထူးဆက်သားတွေဖြစ်တဲ့ ငပန်းဦး ငတော် ငကနီ ငမောင်တို့လေးယောက်ဟာ ဒဂုံမြို့ဝန်ထံမြင်းနဲ့သွားကြရာမှာ နိဗ္ဗာန်ရွာအနီးက ကျိုက်မတ်ကော်ဘုရားကြီးကိုတောင်ပေါ်တက်ဖူးကြပါတယ်။
ဘုရားဖူးနေစဉ်တောင်ခြေမှာအစာကြွေးထားခဲ့တဲ့မြင်းတွေက ရုတ်တရက်လန့်ပြီး ဟီကြပါတယ်။
ထို့အပြင်မိုးလုံးဟိန်းမျှ ကျီ ကျီအော်မည်သံကြောင့် အသံလာရာဘုရားကြီးတောင်ဘက်မုဒ်မှတောင်အောက်ကွင်းသာယာထဲသို့ လေးယောက်သားကြည့်လိုက်ရာအလွန်ထူးဆန်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။
စုစုပေါင်း အကောင်ထောင်ကျော်ခန့်ရှိသော ဆင်မဲအုပ်ကြီးအလယ်မှာဝါဂွမ်းကဲ့သို့ဖွေးဖွေးဖြူသော ဆင်ဖြူတော်လေးကိုတွေ့လိုက်ရသလို ဆင်တွေကဘုရားကိုဦးချနေတာတွေ့ရပါတယ်။
သူတို့လေးယောက်ကိုမြင်တော့ ရန်သူထင်ပြီး ဆင်မဲတွေက ဆင်ဖြူ လေးကို ရွှံ့နွံတွေနဲ့သုတ်လိမ်းပြီးပုံဖျက်ကြပေမဲ့ ဘုရားဘက်လှည့်ပုဆစ်တုပ်နေတဲ့ဆင်ဖြူလေးကတော့ ထိုင်ရာမှမထတော့ပါ။
ဆင်မဲတွေသာ ဥဒဟိုသွားလာ ရောက်ယက်ခတ်နေပါတယ်။
ထူးဆန်းတဲ့မြင်ကွင်းကိုအတန်ကြာကြည့်နေရာမှ အသက်ဝင်လာသော ဆက်သားလေးယောက်မှာ တစ်ယောက်ကိုအစေါင့်ထား ကျန်သုံးယောက်က ဟံသာဝတီမြို့တော်ဝန်ထံသတင်းပို့ရန်မြင်းကိုအပြင်းနှင်ခဲ့ကြပါတယ်။
သတင်းထူးရရခြင်း ဟံသာဝတီမြို့ဝန်နဲ့ ရေဝန်တို့ကဆင်ဖမ်းအဖွဲ့ သုံးထောင် ကျော့ဆင်သုံးဆယ်နှင့်ဝိုင်းဝန်းသောအခါ ဆင်ဖြူတော်အရံဆင်မဲထောင်ကျော်မှာ ဆင်ဖြူလေးကိုလှည့်ကြည့် လှည့်ကြည့်နှင့် တောထဲသို့ဝင်ရောက်သွားပါတယ်။
တစ်ကောင်ထည်းကျန်ခဲ့သောဆင်ဖြူတော်လေးမှာ ထွက်မပြေး ရိုင်းဟန်မပြ မတုန်မလှုပ် အသာအယာအေးဆေးစွာရပ်၍နေပါတယ်။
အနားကပ်သွားသောဆင်ထိန်းကိုလဲ ဆွေမျိုးပြန်တွေ့သလိုချစ်ခင်ရင်းနှီးသောအမူအယာပြသဖြင့် အားလုံးဒါဟာ ဘုန်းတန်းခိုးကြီးသောမင်းအတွက်ဖြစ်ပေါ်လာသော ဆန္ဒာန်ဆင်ဖြူတော်ဆိုတာသဘောပေါက်သဖြင့် ဗဒုံမင်းထံသံတော်ဦးတင်လျောက်ရန် ပဲခူးဟံသာဝတီဝန်နှင့်ရေဝန်တို့ကဗဒုံမင်းထံ သံတော်ဦးတင်ဆက်သားအလျင်အမြင်စေလွှတ်လိုက်ပါတော့တယ်။
ကျိုက်မတ်ကော်ဘုရားတောင်ဘက်တွင်ကြီးစွာသောအဆောက်အဦး ဆင်တင်းကုပ်ကိုဆောက်၍ဆင်ဖြူတော်ကိုလဲကောင်းမွန်စွာထိန်းသိမ်း စေါင့်ရှောက်ထားပါတယ်။
ထို့နောက် ဘဝရှင် ဆင်ဖြူ(၉)စီးအရှင်သခင် ဗဒုံမင်း(ခေါ်)ဘိုးတော်ဦးဝိုင်း အမိန့်နဲ့ဆင်ဖြူတော်ကို ရေဝန်နော်ရထာကျော်ခေါင်ဦးစီး၍ ရွှေဖောင်တော်နှင့်တင်ပြီးဝဲယာရွှေလောင်းလှေများခြံရံစေကာလှော်ကားလက်ပြည့်လှော်၍ ပွဲလမ်းအကအခုန်များဖြင့်စည်းကားသိုက်မြိုက်စွာသယ်ဆောင်စေပါတယ်။
ဘိုးတော်ဦးဝိုင်းလဲ စစ်အင်္ဂါလေးပါးဆင်ယင်ပြီးပြည်ကြီးမွန်ဖောင်တော်ကိုမိဖုရားများမောင်းမမျာ့းသားတော်သမီးတော် မြေးတော်မြစ်တော် ၅၀၀ကျော် မူးမတ်မြို့ဝန်များနှင့်ပုဂံမြို့အထိ ဆင်ဖြူတော်ကိုကြိုဆိုသိမ်းပိုက်ကာ”နိဗ္ဗာနပစ္စယ နာဂရာဇာ”ဘွဲ့တံဆပ်ပေးပြီးကြီးကျယ်ခမ်းနားစွာ ဆင်တော်သိမ်းယူပွဲကျင်းပခဲ့ပါတယ်။
စတင်တွေ့ရှိတဲ့
ငပန်းဦး ကို ဗျတ္တသီရိ
ငတော် ကို ဗျတ္တသူရိန်
ငကနီ ကို ဗျတ္တဇေယ
ငမောင် ကို ဗျတ္တဇေတ ဘွဲ့ပေးပြီးတစ်ဦးလျင် ရွှေဖလားငါးရာ ငွေဖလားငါးရာ ငွေစင်ငါးရာ ပိတ်အုပ်ငါးရာ ကဗ္ဗလာပိတ်ငါးရာ ဆာဖာပိတ်ငါးရာ ပိုးကျစ်စုံပုဆိုးငါးရာ ဆုချတော်မူသတဲ့။ဟံသာဝတီမြို့ဝန်နဲ့ ရေဝန်ကိုလဲဆုတော်တွေချပါသတဲ့။
ပုဂံမြို့မှာဆင်ဖြူတော်လာရောက်ကြိုဆိုရာမှာ ဆဒ္ဒါန်ဆင်ဖြူတော်သိမ်းပိုက်နိုင်တဲ့အထိန်းအမှတ်နဲ့ ရွှေဂူဘုရားကို သက္ကရာဇ် ၁၁၆၈တန်ဆောင်မုန်းလ(1806ခုနှစ်နိုဝင်ဘာလ)မှာတည်ဆောက်လှူဒါန်းခဲ့ပါတယ်။
ဘိုးတော်ဘုရားဟာ ဆင်ဖြူတော်ကို သက္ကရာဇ် ၁၁၆၈ခုနှစ်နတ်တော်လပြည့်ကျော်၄ရက်(28ရက်နိုဝင်ဘာ ၁၈၀၆ခုနှစ်)မှာ ပြည်ကြီးမွန်ဖောင်တော်နဲ့မိဖုရားများ သားတော် သမီးတော်များ မူးမတ်သေနာပတိ စစ်သူကြီးများ မြစ်လုံးပြည့်မျှ လှော်ကားလှေတော်များ အက အခုန် ပွဲလမ်းသဘင်းများ စစ်အင်္ဂါလေးပါးနဲ့အတူ အမျိုးမျိုးသော ဖန် ပန်းမာန် အဆင်တံဆာ ကကြိုးရတနာများဆင်ယင်ထားသော ဆင်ဖြူတော်တင် လှော်ကားဖောင်တော်နဲ့အတူ ပွဲကြီးသဘင်ခံ၍ အမရပူရနေပြည်တော်ကို ဆောင်ယူခဲ့ပါတယ်။
လမ်းခရီး ရပ်နားသောမြို့ရွာ ဆိပ်ကမ်းများမှာလဲ ကန္နားမဏ္ဍပ်များဆောက်လုပ်ကြိုဆိုစေပြီး တိုင်းသူပြည်သားများကို ဆင်ဖြူတော်ကို ကြည့်ရှု့ကြိုဆိုစေပါတယ်။
အမရပူရရွှေမြို့တော်သို့ရောက်လျင် ဖန် ပတ္တမြား ကျောက်သံနဝရတ်စီခြယ်၍ ဆောက်လုပ်ထားသော ရွှေပိန်းချအဆောင်တော်ပေါ်တွင် ဆင်ဖြူတော်ကိုထား၍ ငါးရက်တာ တိုင်းသူပြည်သားတို့ကို အပူဇော်ခံပြီး မင်းကွင်းအလယ်ကျွန်းဆိပ် နန်းတော်ဦးတွင် ဆင်ဖြူတော်နန်းတည်ဆောက်ပြီး ဆိပ်ကမ်းမှ ဆင်တော်တက်လမ်းတလျောက် သဲဖြူခင်း ရာဇမတ်ကာ ငှက်ပျောပင် ကြံပင် မုလေးပွား ပန်းမာန်သစ်ပင်များစိုက်ပျိုးထားစေကာ ပညာရှိအမတ်များ သံဃာတော်များ သာသနာပိုင်ဆရာတော်တို့ထံ ရှေးဟောင်းစာပါအစဉ်အလာအတိုင်း ဆင်ဖြူတော်သိမ်းပွဲအစီအရင် အဆောင်အယောင်များ ပြုလုပ်ရန် လျောက်ထားတောင်းခံစေပါတယ်။
အစဉ်အလာ ထုံးတမ်းများနဲ့အညီဆင်ဖြူတော်သိမ်းပွဲပြုလုပ်ရာတွင် ဆယ်ပါးသောအင်္ဂါရပ်များနဲ့အညီပြုလုပ်၍ ဆင်ဖြူတော်ကို အထူးထူးသောအဆောက်အဦးဆောက်လုပ်စေခြင်း ဆင်တော်အဆောင်အယောင်စီရင်ခြင်း အစေါင့်အရှောက် များစွာပြုစုစီရင်ခြင်း နာမည်ဘွဲ့ရပ်စားကျေးစားပေးအပ်စီရင်ခြင်း အမျိုးမျိုးသော ရွှေငွေ ကျောက်သံ ပတ္တမြားတို့အား ဆင်ဖြူတော်ကို ပေးအပ်စီရင်ခြင်း ဘိသေကသွန်းလောင်းစီရင်ခြင်း ခြေတော်တင်မင်္ဂလာအခမ်းအနားစီရင်ခြင်း စတဲ့အခမ်းအနားများကို ရှေးမင်းတို့ဆင်ဖြူတော်သိမ်းအစီအရင်နဲ့အညီပြု လုပ်စေပါတယ်။
သင်္ကြခေါ်ရန် စံနန်းတော်အနောက်ဖက်ကွင်းပြင်တွင် အဆောင်ပေါင်းများစွာဆောက်လုပ်၍ တရားပရိတော်ဆောင် မင်းနဲ့မိဖုရားဆောင် သားတော်သမီးတော်များအဆောင် မူးမတ်ဆောင် အလှူ တော်ပေးအဆောင် စသည့်အဆောင်များနဲ့ သင်္ကြန်ခေါ်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာပြုလုပ်စေပါတယ်။
ဆင်ဖြူတော်ကိုချီးမြင့်ခြင်းအခမ်းအနားကိုပြုလုပ်ရာတွင် အဖိုးခုနှစ်သိန်းခုနှစ်ထောင် ရှစ်ဆယ့်ရှစ်ကျပ်ထိုက်တန်သော ရတနာဦးကင်းဖုံး ရတနာနားဆွဲ ရတနာဘည်ဆွဲ ရတနာမျက်နှာတပ် ရတနာစွယ်ခွေစွပ် ရတနာလက်ကောက် ရတနာခြေကွင်း ရတနာရွှေခြူ ရတနာကွန်ချာ တန်ဆာများဆင်မြန်းပေးစေသည်။
နာမည်ဘွဲ့တံဆိပ်ပါရွှေပြားတွင်ရတနာများတပ်ဆင်ထားသော “နိဗ္ဗာန ပစ္စယ နာဂရာဇာ”စာတမ်းကိုဆင်ယင်ပေးရသည် ရတနာ ပတ္တမြားကျောက်မျက် ခုနှစ်တန်းပါရွှေဖြင့်ပြုလုပ်ထားသောအဖိုးနှစ်သောင်းတစ်ထောင့်ငါးရာတန်သောက်တော်ရေခွက် အခြားအဖိုးထိုက်တန်သော ကွမ်းခွက် အဖိုးနှစ်သိန်းထိုက်တန်သော ခြင်္သေ့ခံရတနာခွက် စတဲ့အမျိုးမျိုးသော တံခွန်များ ရွှေခွက်များ ရွှေတံဆာအဆင်များ သားတော်တစ်ဦးခြင်းစီ သမီးတော်တစ်ဦးခြင်းစီ မူးမတ် စစ်သူကြီးများတစ်ဦးခြင်းစီ သူဌေးသူကြွယ်တစ်ဦးခြင်းစီနဲ့ ပြည်သူအများက ဆင်ဖြူတော်ကို လက်ဖွဲ့မင်္ဂလာပေးသော ရွှေငွေရတနာ ကျောက်သံ ပတ္တမြား ပစ္စည်းများကိုစာရင်းလုပ်ရတာနဲ့ကိုလေးရက်ကြာပါတယ်။
စာရင်းတစ်ခုခြင်းရေးထားတာ စာမျက်နှာ ၂၅ မျက်နှာရှိပါသဖြင့်ထည့်သွင်းနိုင်ခြင်းမရှိပါ။
အဆိုပါရတနာများကို ဆင်ဖြူတော်အဆောင်အတွင်းမှာဘဲထားပါသတဲ့။ဘယ်မည်မျှ ချမ်းသာကြွယ်ဝသလဲဆိုတာ တွေးကြည့်ပါတော့။ ဆင်ဖြူတော်ရဲ့ပိုင်ဆိုင်မှုက ဘိုးတော်ဘုရားနောက်မင်းဆက်တွေနဲ့နောက်ဆုံးဆင်ဖြူတော်သေတဲ့ မင်းတုန်းမင်းအထိ မင်းငါးဆက် ချီးမြှောက်ခဲ့ကြပါတယ်။ ဒီဆင်ဖြူတော်လေးကိုတစ်နိုင်ငံလုံးကချစ်ကြတာပါ။
ဆင်ဖြူတော်လေးက ရတဲ့အချိန် (၆) လသားအရွယ်ကတည်းက လူနို့တိုက်ပြီး မွေးခဲ့ရပါတယ်။
ဒါ့ကြောင့်လဲ လူနဲ့နီးခဲ့ရတယ်ဆိုပေမယ့် ဒိထက်မကတာတွေ ရှိခဲ့ပြန်ပါတယ်။ နှာမောင်းလေးကိုပွေ့ပြီး နို့တိုက်မွေးခဲ့ကြတယ်၊
အဲဒီ နှာမောင်းလေးပဲ ချီချီပြီး ဘုရားရှိခိုးတယ်တရားနာတယ်။ တရားဟောတာ ပြီးမှ နှာမောင်းလေးချပြီး ဦးသုံးကြိမ်ချတယ်။ သူ့အနီးအနားမှာ ဖရုသဝါစာ ကြမ်းတမ်းတဲ့စကား ပြောလို့မရဘူး၊ တရားစကားသာ နားထောင် လိုတယ်၊ မန္တလေးက မဟာမြတ်မုနိဘုရားကို တစ်လတစ်ခါဖူးတယ်။
သူ မဟာမုနိဖူးချင်လို့ သွားချင်လို့ ဆောက်ရတဲ့ စစ်ကိုင်းက ဆင်မင်းတံတားက သူ့ပိုက်ဆံနဲ့ဆောက်ထားတဲ့တံတားပါ။တံတားထိပ်မှာဆင်ဖြူရုပ်တွေလုပ်ထားပါတယ်။ ရန်ကုန်အလုံမှာဆင်မင်းဈေးဆိုတာ….. မူလက ဆင်ဖြူတော်ယာယီအပူဇော်ခံရပ်နားနေတာကို လူတွေလာကြည့်တာများပြားလွန်းလို့ အချို့အကွက်မြင်သူတွေက လာကြည့်တဲ့သူတွေလိုအပ်တာတွေ ဈေးခင်းရောင်းချရာကနေဆင်မင်းဈေးဖြစ်လာတာပါ။
အလုံကွင်းချောင်းရပ်ကွက်က မူလကဆင်မင်းရပ်ကွက်လို့ခေါ်ပါတယ်။ ဆင်ဖြူတော်လေးက နှစ်ဆန်းတစ်ရက်နေ့တိုင်း ပရိတ်တော်တရားကို အစအဆုံးနာတယ်၊၊ ဆရာတော်တွေက တရားဟောပေးရတယ်။ ပြီးတာနဲ့ ဆင်ဝန်ထမ်းတွေကို ဆုချီးမြင့်တယ်၊ ချီးမြင့်မယ့်ဆုတွေကို သူ့ရှေ့ချပေးထားရတယ်။ မင်္ဂလာဆင်တော်က တစ်ယောက်ချင်းစီကို နှာမောင်းနဲ့ ယူပြီး ပစ္စည်းတွေပေးပါတယ်။
လုပ်ရင် လုပ်သလောက်ရပြီး အလုပ်မလုပ်တဲ့သူက မလုပ်တဲ့အတိုင်း နည်းနည်းပဲရတာ တစ်နှစ်မှ မလွဲခဲ့ဘူးတဲ့။ ကျိုးစားပြီးသူ့ကိုစေါင့်ရှောက်တဲ့သူကို များများဆုချတာက လူအတိုင်းအသိဉာဏ်ရှိတယ်ဆိုတာ သိသာပါတယ်။ နောက်လူတွေ ဒီမင်္ဂလာဆင်ဖြူတော်ကိုမေ့လို့မရကြမယ့် အကြောင်းတစ်ခုရှိတယ်။ အင်္ဂလိပ်ကို စစ်ရှုံးတဲ့ ပထမစစ်မှာမြင်းခြံမြို့မြောက်ဖက်နားကရွာရန္တပိုမှာ စစ်ပြေငြိမ်းရန္တပိုစာချုပ်ချုပ်တော့ စစ်လျော်ကြေးငွေ တစ်ကုဋေပေးရတယ်၊ အဲ့ဒီအချိန် ဒီမင်္ဂလာဆင်တော်ရဲ့ ပိုက်ဆံနဲ့ပေးခဲ့ရခြင်းပါ။
ဘကြီးတော်လက်ထက်ပေါ့။ .ရန္တပိုစာချုပ်က စစ်လျော်ကြေးငွေ တစ်ကုဋေ ပေးရမယ်။ တိုင်းပြည်မှာ ပိုက်ဆံမရှိတော့ဘူး၊ ဘုရင်မှာလည်း ပိုက်ဆံမရှိတော့ဘူး၊ ဘကြီးတော်က မူးမတ်တွေကိုပြောတယ်၊
မင်္ဂလာဆင်တော်ကို သွားလျောက်ကြည့်ပါလားတဲ့။ ဆင်ဖြူတော်က ချမ်းသာနေတာဘကြီးတော်သိတယ်။ မူးမတ်တွေက မင်္ဂလာဆင်တော်ကို ဒီအကြောင်းပြောပြကြတဲ့ အခါ မင်္ဂလာဆင်တော်က နှာမောင်းလေးချပြီး မျက်ရည်တွေကျကာ တွေတွေကြီးကြည့်ပြီး နားထောင်နေပါသတဲ့။အတန်ကြာ မျက်ရည်ကျနေပြီးမှသဘောတူကြောင်း ပြသတဲ့အတွက် သူရရှိထားတဲ့ ရွှေလင်ပန်းတွေ ရွှေခွက်တွေ ရတနာပစ္စည်းတွေကို ချပေးတဲ့အခါ မလိုတာတွေကို နှာမောင်းနဲ့တွန်းပို့လိုက်ပြီး လိုတာတွေကို ဆွဲယူပါတယ်တဲ့။ သူတွန်းပို့ပေးတဲ့ ပစ္စည်းတွေတန်ဖိုးက တစ်ကုဋေ အတိပါပဲတဲ့။
အဲဒါ ရန္တပိုစာချုပ်ပါ အင်္ဂလိပ်ကို ပေးခဲ့တဲ့ စစ်လျော်ကြေးငွေတစ်ကုဋေက မင်္ဂလာဆင်တော်က ပေးခဲ့တာတဲ့။ လွမ်းဆွတ်စရာ မင်္ဂလာဆင်တော် ပါပဲ။ ဘကြီးတော် လက်ထက်ပဲ တစ်ညနေ မင်္ဂလာဆင်တော်အော်နေသံကြားလို့ ဘုရင်ဖြစ်သူ ဘကြီးတော်က မေးတဲ့အခါ။ မင်္ဂလာဆင်တော်က တင်းကုတ်ထဲ သွင်းတာ ဒီနေ့ အသွင်းမခံပပါဘူးတဲ့။ ဘကြီးတော်က သူမဝင်ချင်ရင် မဝင်ပါစေနဲ့လို့ ပြောပါတယ်၊
ဆင်ဝန်ထမ်းတွေက ပွစိပွစိပြောပြီး တင်းကုတ်ထဲ ဝင်သွားကြတဲ့အခါ ဆင်ဦးစီးကို နှာမောင်းနဲ့ ဆွဲထုတ်ပါတယ်၊
ဆင်ဦးစီးကတော့ သူ့ဆင်ရဲ့သဘာဝကို နားလည်လို့ အကြောင်းမဲ့ မဟုတ်ပေဘူးလို့တွေးမိပြီးအပြင်မှာပဲအိပ်လိုက်ပါတယ်။ ညရောက်တဲ့အခါ အင်းဝမြို့ကို ပျက်သွားစေတဲ့ မင်းကွန်းပုထိုးတော်ကြီးကို အခုမြင်နေကြရတဲ့ အက်ကြောင်းကြီးကို ထင်သွားစေတဲ့ ငလျင်ကြီး လှုပ်ပါတယ်၊ ဆက်တင်းကုတ်ပြိုကျပြီးဝင်အိပ်တဲ့ ဆင်ဝန်ထမ်းတွေ သေဆုံးပြီး ဆင်ဦးစီး ပဲ လွတ်ခဲ့ပါတယ်။
အခုမြန်မာနိုင်ငံ ငလျင်အသင်းက အင်းဝက နန်းမတော်မယ်နုမျှော်စင်ရဲ့ စောင်းနေပုံနဲ့ မြေပွနှုန်းကိုတွက်ပြီး သိရတာ ရက်ခ်ျတာ စကေး ၈ ဒဿသမ ၆ရှိတဲ့ ငလျင်ပါတဲ့။ ဒီတုန်းက မင်္ဂလာဆင်တော်က ဒီငလျင်ကို ကြိုသိခဲ့ကြောင်းမှတ်တမ်းလည်းတင်ထားတာတွေ့ရပါတယ်။ မင်္ဂလာဆင်တော်က ဒီနိုင်ငံရဲ့ နိုင်ငံရေး ရေချိန်ကို သိနေတယ်ဆိုတဲ့အချက်က ဘကြီးတော် လက်ထက်မှာပဲ သာယာဝတီ မင်းက ပုန်ကန်ပြီးရွှေဘိုကို ထွက်ပါတယ်၊ သာယာဝတီမင်း နန်းတော်က ထွက်တဲ့နေ့ပဲမင်္ဂလာဆင်ဖြူတော်ကလည်း နန်းတော်ထဲကထွက်သွားတာလိုက်ခေါ်လို့ မရပါဘူး။
တောအစပ်မှာ ရွှေခွက်နဲ့ နို့နဲ့ ကြံဆစ်တွေ ထားပေးခဲ့ရတယ် နောက်နေ့မှာ မရှိတော့ဘူး၊ လာစားသွားတယ်၊ ဒီလိုပဲ ထားပေးခဲ့ရတယ်၊ အတွေ့မခံတော့ဘူး။ ရွှေဘိုကို သာယာဝတီမင်းထံ လိုက်ငြှိကြတယ်၊ အင်္ဂလိပ်ဌာနေကိုယ်စားလှယ် အဖြစ်ရောက်နေတဲ့ မေဂျာ ဘာနေပါ ပါတယ်။ ဘကြီးတော် နန်းကဆင်းပေး၊ နန်းမတော်မယ်နုနဲ့ မောင်အိုကိုသူ့လက်အပ်သဘောတူတယ်၊ ဘကြီးတော် နန်းကဆင်းပေးတယ် သာယာဝတီမင်း နန်းတက်မယ် သာယာဝတီနန်းတော်ထဲရောက်တဲ့နေ့ပဲ မင်္ဂလာဆင်တော် သူ့ဖာသာသူ နန်းတော်ထဲ ပြန်ရောက်လာတယ်။
ဒီလိုပဲ သာယာဝတီပြီးတော့ ပုဂံမင်းလက်ထက်ရောက်တယ်။ ပုဂံမင်းကို ပုန်ကန်ပြီး မင်းတုန်းနဲ့ ကနောင် ညီအစ်ကို နှစ်ဦး နန်းတော်ထဲက ထွက်ပြီး ရွှေဘိုထွက်တယ်။ အဲဒီနေ့ပဲ မင်္ဂလာဆင်တော်လည်းထွက်သွားတယ် ။ အရင်လိုဘဲတောစပ်မှာနို့နဲ့ ကြံ သွားထားရတာပဲ။ ရွှေဘိုကို မင်းတုန်းနဲ့ ကနောင်ဆီလိုက်ငြှိတော့ အင်္ဂလိပ်ဆရာ ဆရာမှတ်ကြီးပါပြန်တယ်၊ ပုဂံမင်း နန်းတော်က ဆင်းရမယ်၊ပုဂံမင်းက ဆင်းပေးမယ်ပုဂံမင်းက အခုမှ ငါက ဘုရင်ဖြစ်မှာတဲ့ ။လွတ်လပ်စွာ ကြိုက်ရာ အခုမှလုပ်ရတော့မယ် ဆိုတဲ့သဘောပဲ။
မင်းတုန်းမင်း နန်းတက်မယ် နန်းတော်ထဲ ပြန်ဝင်လာပြီ။ အဲဒီနေ့ပဲ မင်္ဂလာဆင်တော် နန်းတော်ထဲ သူ့ဘာသာသူ နန်းတော်ထဲပြန်ဝင်လာတယ်။ ဒီလို မင်း ငါးဆက်တိုင် နိုင်ငံရဲ့ နှလုံးသားတွေနဲ့ ထပ်ပြီး နေခဲ့တဲ့ နိဗ္ဗာန နာဂပစ္စယ မင်္ဂလာဆင်ဖြူတော်ဟာမင်းတုန်းမင်းလက်ထက်မှာကံတော် ကုန်သေဆုံးရှာတယ်။ မင်းတုန်းမင်းက မင်္ဂလာဆင်တော်ရဲ့ အလောင်းဘေးမှာ အရွယ်တူ ရုပ်တုထုလုပ်ပေးပြီး မင်္ဂလာဆင်တော်ရဲ့ အဆင်တန်ဆာတွေဆင်ယင်ပေးထားပြီး လူတွေကိုကြည့်ခွင့်ပေးထားတယ်။
မန္တလေးမြို့နေလူထုက တန်းစီပြီး လာရောက်ကြည့်ရှုကြ ကန်တော့ကြလုပ်ကြတာ လူတန်းကြီးက ညနေနေဝင်သည်ထိ မပြီးနိုင်ခဲ့ဘူးဖြစ်ခဲ့ရတယ်။ ဒီလူအုပ်ကြီးအတွက် ငေးမောခဲ့ရတဲ့ အဖြစ်အပျက်က …… ကောင်းကင်မှာ တောင်အရပ်ဆီကနေ #ငှက်တွေ အုပ်လိုက်ပျံလာကြပြီးမင်္ဂလာဆင်တော်ရဲ့အလောင်းတော် အပေါ်တည့်တည့်ကနေတစ်ပါတ်ဝဲပြီး မြောက်အရပ်ကို ဆက်လက်ပျံသန်းသွားကြတယ်။
တစ်ခါမျှ မမြင်ဘူးတဲ့ အလွန်တရာ ကြီးမားတဲ့ ငှက်ကြီးတွေဖြစ်ပြီးအုပ်လိုက် အုပ်လိုက် ပျံသန်းလာကြတာနေဝင်တဲ့အထိပါဘဲတဲ့။ ဒီတုန်းက လူတွေက မင်္ဂလာဆင်တော်ဟာ တိရိစ္ဆာန်သာဖြစ်တာ
အလောင်းတော် တစ်ပါးလိုပါပဲလို့ ပြောဆိုကြတယ်။ မင်းတုန်းမင်းက မင်္ဂလာဆင်တော်ရဲ့ အစွယ်ကိုဖြတ်ယူပြီး နန်းဦးဘုရားမှာ လှူပါတယ်၊ အလောင်းတော်ကို နန်းတော်အနောက်ဖက်မြို့ရိုးနဲ့ ကျူံးကြားက အာဠဝီတံတားနားဆီမှာကောင်းစွာ မြှုတ်နှံသဂြိုလ်ခဲ့ပါတယ်။
နောင် မင်္ဂလာဆင်တော်ရဲ့ အစွယ်ကို ရန်ကုန် သဘာဝ သမိုင်းပြတိုက်မှာပြသထားပါတယ်။
ရန္တပို စစ်လျော်ကြေးငွေ တစ်ကုဋေကို
ဝမ်းနည်း မျက်ရည်တွေကြားကနေ သူပေးလိုက်တယ်ဆိုတဲ့ မင်္ဂလာဆင်ဖြူတော်က လွမ်းစရာ ချစ်စရာပါ။
နိဗ္ဗာန်ရွာကလည်း ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘွဲ့အမည်မှာပဲ နိဗ္ဗာန်ရွာနားကရခဲ့လို့ နိဗ္ဗာန ပစ္စယ နာဂ ရာဇာလို့ ရွာနာမည်လေးလဲ ပါခဲ့တာကြောင့် နိဗ္ဗာန်ရွာလေးကလဲသမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။
ရွာမှာလဲ ဆင်ဖြူတော်ရုပ်ထုနဲ့ခမ်းခမ်းနားနားထားရှိတယ်လို့ သိရပါတယ်။နိဗ္ဗာန်ရွာက မြန်မာပြည်မှာနှစ်ရွာရှိပါတယ်။ဟင်္သတနယ်ကရွာကနိဗ္ဗာန်ရွာမဟုတ်ပါဘူး။ကဝမြို့နယ် ကျိုက်မတ်ကော်ဆံတော်ရှင်ဘုရားကြီးရဲ့အရှေ့တောက်ဘက်ကနိဗ္ဗာန်ရွာဖြစ်ပါတယ်။
အောက်မှာပါတဲ့ နိဗ္ဗာန ပစ္စယ နာဂရာဇာဆင်ဖြူတော်ပုံကိုတော့ မိုက်ကယ်ဆိုင်းရဲ့နောက်မှာ အင်္ဂလိပ်က လွှတ်လိုက်တဲ့ ဟင်နရီရူးရဲ့ သံအဖွဲ့မှာ ပါလာတဲ့ #ပန်းချီဆရာစီဂရန့်ရေးဆွဲခဲ့တဲ့ပုံပါ။
နိုင်ငံခြားသား ရေးဆွဲခဲ့တဲ့ မြန်မာဘုရင်ရဲ့ ဆင်ဖြူတော်ပုံမှန်သမျှဟာ နိဗ္ဗာန ပစ္စယ နာဂရာဇာရဲ့ပုံ ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးနဲ့ အခုထိ ကျန်ရစ်တဲ့ ရန်ကုန်၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းက ဆင်ပါတဲ့ အမည်တွေဟာ ဆင်ဖြူတော်လေးနဲ့ပါတ်သက်တာတွေဖြစ်ပါတယ်။
ဆင်ဖြူတော်ဟာ မြန်မာမင်းငါးဆက်တိုင် သက်ရှိထင်ရှားနေခဲ့ပြီး မင်းတုန်းမင်းလက်ထက်သက္ကရာဇ် ၁၂၁၉ ခုနှစ်နယုန်လဆန်း ၁၄ ရက်သောကြာနေ့ (5/6/1857)ရက်နေ့အသက် ၅၁နှစ်တွင်တွင်သေဆုံးခဲ့ပါသည်။
ကျမ်းကိုးစာရင်း
*ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီးအတွဲ ၂ နဲ့၃ (ဦးမောင်မောင်တင်)
*ဆရာ မျိုးဆွေသန်း၏ နိဗ္ဗာန ပစ္စယ နာဂရာဇာထူးလှဆင်မြတ်စွာ ဆောင်းပါး
မူရင်းရေးသားသူအား Credit ပေးပါတယ်
Zawgyi
ျမန္မာ့သမိုင္းဝင္ တစ္ေကာင္ထဲေသာဆင္အျဖဴ
ဆင္ျဖဴေတာ္ဆိုသည္မွာလဲ ဆင္မဲမ်ား အလယ္တြင္ဘုရင္ျဖစ္သျဖင့္ ဆင္မဲမ်ားက စုေပါင္းကာကြယ္ေစါင့္ေရွာက္တယ္လို႔ စာေပက်မ္းဂံမ်ားတြင္ေရးသားထားပါသည္။
ထိုေၾကာင့္ ဆင္ျဖဴေတာ္ဖမ္းလ်င္ ဆင္မဲမ်ားထြက္ေျပးေအာင္ျပဳလုပ္ၿပီးမွ ဆင္ျဖဴေတာ္ကို ႀကိဳးကြင္းပစ္၍၎ က်ဳံးသြင္း၍၎ ဖမ္းၾကရပါတယ္။
သို႔ေသာ္ ပဲခူးတိုင္းေဒသႀကီး ကဝၿမိဳ႕နယ္ က်ိဳက္မတ္ေကာ္ဆံေတာ္ရွင္ေစတီႀကီး အနီးရွိ နိဗၺာန္႐ြာ ကြင္းသာယာအရပ္ ဘုရားေတာင္ဘက္မွ ေတြ႕ရွိရေသာ ဝါဂြမ္းကဲ့သို႔ ဆြတ္ဆြတ္ျဖဴေနတဲ့ ဆဒၵါန္ဆင္မင္းမ်ိဳးႏြယ္ ဆင္ျဖဴေတာ္ကေတာ့ ထြက္မေျပးဘဲ ၾကမ္းတမ္ခုခံမႈမရွိဘဲ အသာတစ္ၾကည္အဖမ္းခံခဲ့တာကေတာ့ ထူးျခားမႈလား ထိုေခတ္ကဘုရင္ျဖစ္ေသာ ဘိုးေတာ္ဘုရား(ဗဒုံမင္း)ရဲ႕ ဘုန္းကံေၾကာင့္လားဆိုရမွာပါ။
ဗဒုံမင္းဘိုးေတာ္ဦးဝိုင္းထီးနန္းစိုးစံေနခ်ိန္ ခရစ္သကၠရာဇ္ ၁၈၀၆ ခု ဇြန္လထဲမွာ ပဲခူးၿမိဳ႕ဝန္ရဲ႕အထူးဆက္သားေတြျဖစ္တဲ့ ငပန္းဦး ငေတာ္ ငကနီ ငေမာင္တို႔ေလးေယာက္ဟာ ဒဂုံၿမိဳ႕ဝန္ထံျမင္းနဲ႔သြားၾကရာမွာ နိဗၺာန္႐ြာအနီးက က်ိဳက္မတ္ေကာ္ဘုရားႀကီးကိုေတာင္ေပၚတက္ဖူးၾကပါတယ္။
ဘုရားဖူးေနစဥ္ေတာင္ေျခမွာအစာေႂကြးထားခဲ့တဲ့ျမင္းေတြက ႐ုတ္တရက္လန္႔ၿပီး ဟီၾကပါတယ္။
ထို႔အျပင္မိုးလုံးဟိန္းမွ် က်ီ က်ီေအာ္မည္သံေၾကာင့္ အသံလာရာဘုရားႀကီးေတာင္ဘက္မုဒ္မွေတာင္ေအာက္ကြင္းသာယာထဲသို႔ ေလးေယာက္သားၾကည့္လိုက္ရာအလြန္ထူးဆန္းတဲ့ျမင္ကြင္းကိုေတြ႕လိုက္ရပါတယ္။
စုစုေပါင္း အေကာင္ေထာင္ေက်ာ္ခန္႔ရွိေသာ ဆင္မဲအုပ္ႀကီးအလယ္မွာဝါဂြမ္းကဲ့သို႔ေဖြးေဖြးျဖဴေသာ ဆင္ျဖဴေတာ္ေလးကိုေတြ႕လိုက္ရသလို ဆင္ေတြကဘုရားကိုဦးခ်ေနတာေတြ႕ရပါတယ္။
သူတို႔ေလးေယာက္ကိုျမင္ေတာ့ ရန္သူထင္ၿပီး ဆင္မဲေတြက ဆင္ျဖဴ ေလးကို ႐ႊံ႕ႏြံေတြနဲ႔သုတ္လိမ္းၿပီးပုံဖ်က္ၾကေပမဲ့ ဘုရားဘက္လွည့္ပုဆစ္တုပ္ေနတဲ့ဆင္ျဖဴေလးကေတာ့ ထိုင္ရာမွမထေတာ့ပါ။
ဆင္မဲေတြသာ ဥဒဟိုသြားလာ ေရာက္ယက္ခတ္ေနပါတယ္။
ထူးဆန္းတဲ့ျမင္ကြင္းကိုအတန္ၾကာၾကည့္ေနရာမွ အသက္ဝင္လာေသာ ဆက္သားေလးေယာက္မွာ တစ္ေယာက္ကိုအေစါင့္ထား က်န္သုံးေယာက္က ဟံသာဝတီၿမိဳ႕ေတာ္ဝန္ထံသတင္းပို႔ရန္ျမင္းကိုအျပင္းႏွင္ခဲ့ၾကပါတယ္။
သတင္းထူးရရျခင္း ဟံသာဝတီၿမိဳ႕ဝန္နဲ႔ ေရဝန္တို႔ကဆင္ဖမ္းအဖြဲ႕ သုံးေထာင္ ေက်ာ့ဆင္သုံးဆယ္ႏွင့္ဝိုင္းဝန္းေသာအခါ ဆင္ျဖဴေတာ္အရံဆင္မဲေထာင္ေက်ာ္မွာ ဆင္ျဖဴေလးကိုလွည့္ၾကည့္ လွည့္ၾကည့္ႏွင့္ ေတာထဲသို႔ဝင္ေရာက္သြားပါတယ္။
တစ္ေကာင္ထည္းက်န္ခဲ့ေသာဆင္ျဖဴေတာ္ေလးမွာ ထြက္မေျပး ႐ိုင္းဟန္မျပ မတုန္မလႈပ္ အသာအယာေအးေဆးစြာရပ္၍ေနပါတယ္။
အနားကပ္သြားေသာဆင္ထိန္းကိုလဲ ေဆြမ်ိဳးျပန္ေတြ႕သလိုခ်စ္ခင္ရင္းႏွီးေသာအမူအယာျပသျဖင့္ အားလုံးဒါဟာ ဘုန္းတန္းခိုးႀကီးေသာမင္းအတြက္ျဖစ္ေပၚလာေသာ ဆႏၵာန္ဆင္ျဖဴေတာ္ဆိုတာသေဘာေပါက္သျဖင့္ ဗဒုံမင္းထံသံေတာ္ဦးတင္ေလ်ာက္ရန္ ပဲခူးဟံသာဝတီဝန္ႏွင့္ေရဝန္တို႔ကဗဒုံမင္းထံ သံေတာ္ဦးတင္ဆက္သားအလ်င္အျမင္ေစလႊတ္လိုက္ပါေတာ့တယ္။
က်ိဳက္မတ္ေကာ္ဘုရားေတာင္ဘက္တြင္ႀကီးစြာေသာအေဆာက္အဦး ဆင္တင္းကုပ္ကိုေဆာက္၍ဆင္ျဖဴေတာ္ကိုလဲေကာင္းမြန္စြာထိန္းသိမ္း ေစါင့္ေရွာက္ထားပါတယ္။
ထို႔ေနာက္ ဘဝရွင္ ဆင္ျဖဴ(၉)စီးအရွင္သခင္ ဗဒုံမင္း(ေခၚ)ဘိုးေတာ္ဦးဝိုင္း အမိန္႔နဲ႔ဆင္ျဖဴေတာ္ကို ေရဝန္ေနာ္ရထာေက်ာ္ေခါင္ဦးစီး၍ ေ႐ႊေဖာင္ေတာ္ႏွင့္တင္ၿပီးဝဲယာေ႐ႊေလာင္းေလွမ်ားၿခံရံေစကာေလွာ္ကားလက္ျပည့္ေလွာ္၍ ပြဲလမ္းအကအခုန္မ်ားျဖင့္စည္းကားသိုက္ၿမိဳက္စြာသယ္ေဆာင္ေစပါတယ္။
ဘိုးေတာ္ဦးဝိုင္းလဲ စစ္အဂၤါေလးပါးဆင္ယင္ၿပီးျပည္ႀကီးမြန္ေဖာင္ေတာ္ကိုမိဖုရားမ်ားေမာင္းမမ်ာ့းသားေတာ္သမီးေတာ္ ေျမးေတာ္ျမစ္ေတာ္ ၅၀၀ေက်ာ္ မူးမတ္ၿမိဳ႕ဝန္မ်ားႏွင့္ပုဂံၿမိဳ႕အထိ ဆင္ျဖဴေတာ္ကိုႀကိဳဆိုသိမ္းပိုက္ကာ”နိဗၺာနပစၥယ နာဂရာဇာ”ဘြဲ႕တံဆပ္ေပးၿပီးႀကီးက်ယ္ခမ္းနားစြာ ဆင္ေတာ္သိမ္းယူပြဲက်င္းပခဲ့ပါတယ္။
စတင္ေတြ႕ရွိတဲ့
ငပန္းဦး ကို ဗ်တၱသီရိ
ငေတာ္ ကို ဗ်တၱသူရိန္
ငကနီ ကို ဗ်တၱေဇယ
ငေမာင္ ကို ဗ်တၱေဇတ ဘြဲ႕ေပးၿပီးတစ္ဦးလ်င္ ေ႐ႊဖလားငါးရာ ေငြဖလားငါးရာ ေငြစင္ငါးရာ ပိတ္အုပ္ငါးရာ ကဗၺလာပိတ္ငါးရာ ဆာဖာပိတ္ငါးရာ ပိုးက်စ္စုံပုဆိုးငါးရာ ဆုခ်ေတာ္မူသတဲ့။ဟံသာဝတီၿမိဳ႕ဝန္နဲ႔ ေရဝန္ကိုလဲဆုေတာ္ေတြခ်ပါသတဲ့။
ပုဂံၿမိဳ႕မွာဆင္ျဖဴေတာ္လာေရာက္ႀကိဳဆိုရာမွာ ဆဒၵါန္ဆင္ျဖဴေတာ္သိမ္းပိုက္ႏိုင္တဲ့အထိန္းအမွတ္နဲ႔ ေ႐ႊဂူဘုရားကို သကၠရာဇ္ ၁၁၆၈တန္ေဆာင္မုန္းလ(1806ခုႏွစ္ႏိုဝင္ဘာလ)မွာတည္ေဆာက္လႉဒါန္းခဲ့ပါတယ္။
ဘိုးေတာ္ဘုရားဟာ ဆင္ျဖဴေတာ္ကို သကၠရာဇ္ ၁၁၆၈ခုႏွစ္နတ္ေတာ္လျပည့္ေက်ာ္၄ရက္(28ရက္ႏိုဝင္ဘာ ၁၈၀၆ခုႏွစ္)မွာ ျပည္ႀကီးမြန္ေဖာင္ေတာ္နဲ႔မိဖုရားမ်ား သားေတာ္ သမီးေတာ္မ်ား မူးမတ္ေသနာပတိ စစ္သူႀကီးမ်ား ျမစ္လုံးျပည့္မွ် ေလွာ္ကားေလွေတာ္မ်ား အက အခုန္ ပြဲလမ္းသဘင္းမ်ား စစ္အဂၤါေလးပါးနဲ႔အတူ အမ်ိဳးမ်ိဳးေသာ ဖန္ ပန္းမာန္ အဆင္တံဆာ ကႀကိဳးရတနာမ်ားဆင္ယင္ထားေသာ ဆင္ျဖဴေတာ္တင္ ေလွာ္ကားေဖာင္ေတာ္နဲ႔အတူ ပြဲႀကီးသဘင္ခံ၍ အမရပူရေနျပည္ေတာ္ကို ေဆာင္ယူခဲ့ပါတယ္။
လမ္းခရီး ရပ္နားေသာၿမိဳ႕႐ြာ ဆိပ္ကမ္းမ်ားမွာလဲ ကႏၷားမ႑ပ္မ်ားေဆာက္လုပ္ႀကိဳဆိုေစၿပီး တိုင္းသူျပည္သားမ်ားကို ဆင္ျဖဴေတာ္ကို ၾကည့္ရႈ႕ႀကိဳဆိုေစပါတယ္။
အမရပူရေ႐ႊၿမိဳ႕ေတာ္သို႔ေရာက္လ်င္ ဖန္ ပတၱျမား ေက်ာက္သံနဝရတ္စီျခယ္၍ ေဆာက္လုပ္ထားေသာ ေ႐ႊပိန္းခ်အေဆာင္ေတာ္ေပၚတြင္ ဆင္ျဖဴေတာ္ကိုထား၍ ငါးရက္တာ တိုင္းသူျပည္သားတို႔ကို အပူေဇာ္ခံၿပီး မင္းကြင္းအလယ္ကြၽန္းဆိပ္ နန္းေတာ္ဦးတြင္ ဆင္ျဖဴေတာ္နန္းတည္ေဆာက္ၿပီး ဆိပ္ကမ္းမွ ဆင္ေတာ္တက္လမ္းတေလ်ာက္ သဲျဖဴခင္း ရာဇမတ္ကာ ငွက္ေပ်ာပင္ ႀကံပင္ မုေလးပြား ပန္းမာန္သစ္ပင္မ်ားစိုက္ပ်ိဳးထားေစကာ ပညာရွိအမတ္မ်ား သံဃာေတာ္မ်ား သာသနာပိုင္ဆရာေတာ္တို႔ထံ ေရွးေဟာင္းစာပါအစဥ္အလာအတိုင္း ဆင္ျဖဴေတာ္သိမ္းပြဲအစီအရင္ အေဆာင္အေယာင္မ်ား ျပဳလုပ္ရန္ ေလ်ာက္ထားေတာင္းခံေစပါတယ္။
အစဥ္အလာ ထုံးတမ္းမ်ားနဲ႔အညီဆင္ျဖဴေတာ္သိမ္းပြဲျပဳလုပ္ရာတြင္ ဆယ္ပါးေသာအဂၤါရပ္မ်ားနဲ႔အညီျပဳလုပ္၍ ဆင္ျဖဴေတာ္ကို အထူးထူးေသာအေဆာက္အဦးေဆာက္လုပ္ေစျခင္း ဆင္ေတာ္အေဆာင္အေယာင္စီရင္ျခင္း အေစါင့္အေရွာက္ မ်ားစြာျပဳစုစီရင္ျခင္း နာမည္ဘြဲ႕ရပ္စားေက်းစားေပးအပ္စီရင္ျခင္း အမ်ိဳးမ်ိဳးေသာ ေ႐ႊေငြ ေက်ာက္သံ ပတၱျမားတို႔အား ဆင္ျဖဴေတာ္ကို ေပးအပ္စီရင္ျခင္း ဘိေသကသြန္းေလာင္းစီရင္ျခင္း ေျခေတာ္တင္မဂၤလာအခမ္းအနားစီရင္ျခင္း စတဲ့အခမ္းအနားမ်ားကို ေရွးမင္းတို႔ဆင္ျဖဴေတာ္သိမ္းအစီအရင္နဲ႔အညီျပဳ လုပ္ေစပါတယ္။
သၾကၤေခၚရန္ စံနန္းေတာ္အေနာက္ဖက္ကြင္းျပင္တြင္ အေဆာင္ေပါင္းမ်ားစြာေဆာက္လုပ္၍ တရားပရိေတာ္ေဆာင္ မင္းနဲ႔မိဖုရားေဆာင္ သားေတာ္သမီးေတာ္မ်ားအေဆာင္ မူးမတ္ေဆာင္ အလႉ ေတာ္ေပးအေဆာင္ စသည့္အေဆာင္မ်ားနဲ႔ သၾကၤန္ေခၚအခမ္းအနားကို ႀကီးက်ယ္ခမ္းနားစြာျပဳလုပ္ေစပါတယ္။
ဆင္ျဖဴေတာ္ကိုခ်ီးျမင့္ျခင္းအခမ္းအနားကိုျပဳလုပ္ရာတြင္ အဖိုးခုႏွစ္သိန္းခုႏွစ္ေထာင္ ရွစ္ဆယ့္ရွစ္က်ပ္ထိုက္တန္ေသာ ရတနာဦးကင္းဖုံး ရတနာနားဆြဲ ရတနာဘည္ဆြဲ ရတနာမ်က္ႏွာတပ္ ရတနာစြယ္ေခြစြပ္ ရတနာလက္ေကာက္ ရတနာေျခကြင္း ရတနာေ႐ႊျခဴ ရတနာကြန္ခ်ာ တန္ဆာမ်ားဆင္ျမန္းေပးေစသည္။
နာမည္ဘြဲ႕တံဆိပ္ပါေ႐ႊျပားတြင္ရတနာမ်ားတပ္ဆင္ထားေသာ “နိဗၺာန ပစၥယ နာဂရာဇာ”စာတမ္းကိုဆင္ယင္ေပးရသည္ ရတနာ ပတၱျမားေက်ာက္မ်က္ ခုႏွစ္တန္းပါေ႐ႊျဖင့္ျပဳလုပ္ထားေသာအဖိုးႏွစ္ေသာင္းတစ္ေထာင့္ငါးရာတန္ေသာက္ေတာ္ေရခြက္ အျခားအဖိုးထိုက္တန္ေသာ ကြမ္းခြက္ အဖိုးႏွစ္သိန္းထိုက္တန္ေသာ ျခေသၤ့ခံရတနာခြက္ စတဲ့အမ်ိဳးမ်ိဳးေသာ တံခြန္မ်ား ေ႐ႊခြက္မ်ား ေ႐ႊတံဆာအဆင္မ်ား သားေတာ္တစ္ဦးျခင္းစီ သမီးေတာ္တစ္ဦးျခင္းစီ မူးမတ္ စစ္သူႀကီးမ်ားတစ္ဦးျခင္းစီ သူေဌးသူႂကြယ္တစ္ဦးျခင္းစီနဲ႔ ျပည္သူအမ်ားက ဆင္ျဖဴေတာ္ကို လက္ဖြဲ႕မဂၤလာေပးေသာ ေ႐ႊေငြရတနာ ေက်ာက္သံ ပတၱျမား ပစၥည္းမ်ားကိုစာရင္းလုပ္ရတာနဲ႔ကိုေလးရက္ၾကာပါတယ္။
စာရင္းတစ္ခုျခင္းေရးထားတာ စာမ်က္ႏွာ ၂၅ မ်က္ႏွာရွိပါသျဖင့္ထည့္သြင္းႏိုင္ျခင္းမရွိပါ။
အဆိုပါရတနာမ်ားကို ဆင္ျဖဴေတာ္အေဆာင္အတြင္းမွာဘဲထားပါသတဲ့။ဘယ္မည္မွ် ခ်မ္းသာႂကြယ္ဝသလဲဆိုတာ ေတြးၾကည့္ပါေတာ့။ ဆင္ျဖဴေတာ္ရဲ႕ပိုင္ဆိုင္မႈက ဘိုးေတာ္ဘုရားေနာက္မင္းဆက္ေတြနဲ႔ေနာက္ဆုံးဆင္ျဖဴေတာ္ေသတဲ့ မင္းတုန္းမင္းအထိ မင္းငါးဆက္ ခ်ီးေျမႇာက္ခဲ့ၾကပါတယ္။ ဒီဆင္ျဖဴေတာ္ေလးကိုတစ္ႏိုင္ငံလုံးကခ်စ္ၾကတာပါ။
ဆင္ျဖဴေတာ္ေလးက ရတဲ့အခ်ိန္ (၆) လသားအ႐ြယ္ကတည္းက လူႏို႔တိုက္ၿပီး ေမြးခဲ့ရပါတယ္။
ဒါ့ေၾကာင့္လဲ လူနဲ႔နီးခဲ့ရတယ္ဆိုေပမယ့္ ဒိထက္မကတာေတြ ရွိခဲ့ျပန္ပါတယ္။ ႏွာေမာင္းေလးကိုေပြ႕ၿပီး ႏို႔တိုက္ေမြးခဲ့ၾကတယ္၊
အဲဒီ ႏွာေမာင္းေလးပဲ ခ်ီခ်ီၿပီး ဘုရားရွိခိုးတယ္တရားနာတယ္။ တရားေဟာတာ ၿပီးမွ ႏွာေမာင္းေလးခ်ၿပီး ဦးသုံးႀကိမ္ခ်တယ္။ သူ႔အနီးအနားမွာ ဖ႐ုသဝါစာ ၾကမ္းတမ္းတဲ့စကား ေျပာလို႔မရဘူး၊ တရားစကားသာ နားေထာင္ လိုတယ္၊ မႏၲေလးက မဟာျမတ္မုနိဘုရားကို တစ္လတစ္ခါဖူးတယ္။
သူ မဟာမုနိဖူးခ်င္လို႔ သြားခ်င္လို႔ ေဆာက္ရတဲ့ စစ္ကိုင္းက ဆင္မင္းတံတားက သူ႔ပိုက္ဆံနဲ႔ေဆာက္ထားတဲ့တံတားပါ။တံတားထိပ္မွာဆင္ျဖဴ႐ုပ္ေတြလုပ္ထားပါတယ္။ ရန္ကုန္အလုံမွာဆင္မင္းေစ်းဆိုတာ….. မူလက ဆင္ျဖဴေတာ္ယာယီအပူေဇာ္ခံရပ္နားေနတာကို လူေတြလာၾကည့္တာမ်ားျပားလြန္းလို႔ အခ်ိဳ႕အကြက္ျမင္သူေတြက လာၾကည့္တဲ့သူေတြလိုအပ္တာေတြ ေစ်းခင္းေရာင္းခ်ရာကေနဆင္မင္းေစ်းျဖစ္လာတာပါ။
အလုံကြင္းေခ်ာင္းရပ္ကြက္က မူလကဆင္မင္းရပ္ကြက္လို႔ေခၚပါတယ္။ ဆင္ျဖဴေတာ္ေလးက ႏွစ္ဆန္းတစ္ရက္ေန႔တိုင္း ပရိတ္ေတာ္တရားကို အစအဆုံးနာတယ္၊၊ ဆရာေတာ္ေတြက တရားေဟာေပးရတယ္။ ၿပီးတာနဲ႔ ဆင္ဝန္ထမ္းေတြကို ဆုခ်ီးျမင့္တယ္၊ ခ်ီးျမင့္မယ့္ဆုေတြကို သူ႔ေရွ႕ခ်ေပးထားရတယ္။ မဂၤလာဆင္ေတာ္က တစ္ေယာက္ခ်င္းစီကို ႏွာေမာင္းနဲ႔ ယူၿပီး ပစၥည္းေတြေပးပါတယ္။
လုပ္ရင္ လုပ္သေလာက္ရၿပီး အလုပ္မလုပ္တဲ့သူက မလုပ္တဲ့အတိုင္း နည္းနည္းပဲရတာ တစ္ႏွစ္မွ မလြဲခဲ့ဘူးတဲ့။ က်ိဳးစားၿပီးသူ႔ကိုေစါင့္ေရွာက္တဲ့သူကို မ်ားမ်ားဆုခ်တာက လူအတိုင္းအသိဥာဏ္ရွိတယ္ဆိုတာ သိသာပါတယ္။ ေနာက္လူေတြ ဒီမဂၤလာဆင္ျဖဴေတာ္ကိုေမ့လို႔မရၾကမယ့္ အေၾကာင္းတစ္ခုရွိတယ္။ အဂၤလိပ္ကို စစ္ရႈံးတဲ့ ပထမစစ္မွာျမင္းၿခံၿမိဳ႕ေျမာက္ဖက္နားက႐ြာရႏၲပိုမွာ စစ္ေျပၿငိမ္းရႏၲပိုစာခ်ဳပ္ခ်ဳပ္ေတာ့ စစ္ေလ်ာ္ေၾကးေငြ တစ္ကုေဋေပးရတယ္၊ အဲ့ဒီအခ်ိန္ ဒီမဂၤလာဆင္ေတာ္ရဲ႕ ပိုက္ဆံနဲ႔ေပးခဲ့ရျခင္းပါ။
ဘႀကီးေတာ္လက္ထက္ေပါ့။ .ရႏၲပိုစာခ်ဳပ္က စစ္ေလ်ာ္ေၾကးေငြ တစ္ကုေဋ ေပးရမယ္။ တိုင္းျပည္မွာ ပိုက္ဆံမရွိေတာ့ဘူး၊ ဘုရင္မွာလည္း ပိုက္ဆံမရွိေတာ့ဘူး၊ ဘႀကီးေတာ္က မူးမတ္ေတြကိုေျပာတယ္၊
မဂၤလာဆင္ေတာ္ကို သြားေလ်ာက္ၾကည့္ပါလားတဲ့။ ဆင္ျဖဴေတာ္က ခ်မ္းသာေနတာဘႀကီးေတာ္သိတယ္။ မူးမတ္ေတြက မဂၤလာဆင္ေတာ္ကို ဒီအေၾကာင္းေျပာျပၾကတဲ့ အခါ မဂၤလာဆင္ေတာ္က ႏွာေမာင္းေလးခ်ၿပီး မ်က္ရည္ေတြက်ကာ ေတြေတြႀကီးၾကည့္ၿပီး နားေထာင္ေနပါသတဲ့။အတန္ၾကာ မ်က္ရည္က်ေနၿပီးမွသေဘာတူေၾကာင္း ျပသတဲ့အတြက္ သူရရွိထားတဲ့ ေ႐ႊလင္ပန္းေတြ ေ႐ႊခြက္ေတြ ရတနာပစၥည္းေတြကို ခ်ေပးတဲ့အခါ မလိုတာေတြကို ႏွာေမာင္းနဲ႔တြန္းပို႔လိုက္ၿပီး လိုတာေတြကို ဆြဲယူပါတယ္တဲ့။ သူတြန္းပို႔ေပးတဲ့ ပစၥည္းေတြတန္ဖိုးက တစ္ကုေဋ အတိပါပဲတဲ့။
အဲဒါ ရႏၲပိုစာခ်ဳပ္ပါ အဂၤလိပ္ကို ေပးခဲ့တဲ့ စစ္ေလ်ာ္ေၾကးေငြတစ္ကုေဋက မဂၤလာဆင္ေတာ္က ေပးခဲ့တာတဲ့။ လြမ္းဆြတ္စရာ မဂၤလာဆင္ေတာ္ ပါပဲ။ ဘႀကီးေတာ္ လက္ထက္ပဲ တစ္ညေန မဂၤလာဆင္ေတာ္ေအာ္ေနသံၾကားလို႔ ဘုရင္ျဖစ္သူ ဘႀကီးေတာ္က ေမးတဲ့အခါ။ မဂၤလာဆင္ေတာ္က တင္းကုတ္ထဲ သြင္းတာ ဒီေန႔ အသြင္းမခံပပါဘူးတဲ့။ ဘႀကီးေတာ္က သူမဝင္ခ်င္ရင္ မဝင္ပါေစနဲ႔လို႔ ေျပာပါတယ္၊
ဆင္ဝန္ထမ္းေတြက ပြစိပြစိေျပာၿပီး တင္းကုတ္ထဲ ဝင္သြားၾကတဲ့အခါ ဆင္ဦးစီးကို ႏွာေမာင္းနဲ႔ ဆြဲထုတ္ပါတယ္၊
ဆင္ဦးစီးကေတာ့ သူ႔ဆင္ရဲ႕သဘာဝကို နားလည္လို႔ အေၾကာင္းမဲ့ မဟုတ္ေပဘူးလို႔ေတြးမိၿပီးအျပင္မွာပဲအိပ္လိုက္ပါတယ္။ ညေရာက္တဲ့အခါ အင္းဝၿမိဳ႕ကို ပ်က္သြားေစတဲ့ မင္းကြန္းပုထိုးေတာ္ႀကီးကို အခုျမင္ေနၾကရတဲ့ အက္ေၾကာင္းႀကီးကို ထင္သြားေစတဲ့ ငလ်င္ႀကီး လႈပ္ပါတယ္၊ ဆက္တင္းကုတ္ၿပိဳက်ၿပီးဝင္အိပ္တဲ့ ဆင္ဝန္ထမ္းေတြ ေသဆုံးၿပီး ဆင္ဦးစီး ပဲ လြတ္ခဲ့ပါတယ္။
အခုျမန္မာႏိုင္ငံ ငလ်င္အသင္းက အင္းဝက နန္းမေတာ္မယ္ႏုေမွ်ာ္စင္ရဲ႕ ေစာင္းေနပုံနဲ႔ ေျမပြႏႈန္းကိုတြက္ၿပီး သိရတာ ရက္ခ္်တာ စေကး ၈ ဒႆသမ ၆ရွိတဲ့ ငလ်င္ပါတဲ့။ ဒီတုန္းက မဂၤလာဆင္ေတာ္က ဒီငလ်င္ကို ႀကိဳသိခဲ့ေၾကာင္းမွတ္တမ္းလည္းတင္ထားတာေတြ႕ရပါတယ္။ မဂၤလာဆင္ေတာ္က ဒီႏိုင္ငံရဲ႕ ႏိုင္ငံေရး ေရခ်ိန္ကို သိေနတယ္ဆိုတဲ့အခ်က္က ဘႀကီးေတာ္ လက္ထက္မွာပဲ သာယာဝတီ မင္းက ပုန္ကန္ၿပီးေ႐ႊဘိုကို ထြက္ပါတယ္၊ သာယာဝတီမင္း နန္းေတာ္က ထြက္တဲ့ေန႔ပဲမဂၤလာဆင္ျဖဴေတာ္ကလည္း နန္းေတာ္ထဲကထြက္သြားတာလိုက္ေခၚလို႔ မရပါဘူး။
ေတာအစပ္မွာ ေ႐ႊခြက္နဲ႔ ႏို႔နဲ႔ ႀကံဆစ္ေတြ ထားေပးခဲ့ရတယ္ ေနာက္ေန႔မွာ မရွိေတာ့ဘူး၊ လာစားသြားတယ္၊ ဒီလိုပဲ ထားေပးခဲ့ရတယ္၊ အေတြ႕မခံေတာ့ဘူး။ ေ႐ႊဘိုကို သာယာဝတီမင္းထံ လိုက္ျငႇိၾကတယ္၊ အဂၤလိပ္ဌာေနကိုယ္စားလွယ္ အျဖစ္ေရာက္ေနတဲ့ ေမဂ်ာ ဘာေနပါ ပါတယ္။ ဘႀကီးေတာ္ နန္းကဆင္းေပး၊ နန္းမေတာ္မယ္ႏုနဲ႔ ေမာင္အိုကိုသူ႔လက္အပ္သေဘာတူတယ္၊ ဘႀကီးေတာ္ နန္းကဆင္းေပးတယ္ သာယာဝတီမင္း နန္းတက္မယ္ သာယာဝတီနန္းေတာ္ထဲေရာက္တဲ့ေန႔ပဲ မဂၤလာဆင္ေတာ္ သူ႔ဖာသာသူ နန္းေတာ္ထဲ ျပန္ေရာက္လာတယ္။
ဒီလိုပဲ သာယာဝတီၿပီးေတာ့ ပုဂံမင္းလက္ထက္ေရာက္တယ္။ ပုဂံမင္းကို ပုန္ကန္ၿပီး မင္းတုန္းနဲ႔ ကေနာင္ ညီအစ္ကို ႏွစ္ဦး နန္းေတာ္ထဲက ထြက္ၿပီး ေ႐ႊဘိုထြက္တယ္။ အဲဒီေန႔ပဲ မဂၤလာဆင္ေတာ္လည္းထြက္သြားတယ္ ။ အရင္လိုဘဲေတာစပ္မွာႏို႔နဲ႔ ႀကံ သြားထားရတာပဲ။ ေ႐ႊဘိုကို မင္းတုန္းနဲ႔ ကေနာင္ဆီလိုက္ျငႇိေတာ့ အဂၤလိပ္ဆရာ ဆရာမွတ္ႀကီးပါျပန္တယ္၊ ပုဂံမင္း နန္းေတာ္က ဆင္းရမယ္၊ပုဂံမင္းက ဆင္းေပးမယ္ပုဂံမင္းက အခုမွ ငါက ဘုရင္ျဖစ္မွာတဲ့ ။လြတ္လပ္စြာ ႀကိဳက္ရာ အခုမွလုပ္ရေတာ့မယ္ ဆိုတဲ့သေဘာပဲ။
မင္းတုန္းမင္း နန္းတက္မယ္ နန္းေတာ္ထဲ ျပန္ဝင္လာၿပီ။ အဲဒီေန႔ပဲ မဂၤလာဆင္ေတာ္ နန္းေတာ္ထဲ သူ႔ဘာသာသူ နန္းေတာ္ထဲျပန္ဝင္လာတယ္။ ဒီလို မင္း ငါးဆက္တိုင္ ႏိုင္ငံရဲ႕ ႏွလုံးသားေတြနဲ႔ ထပ္ၿပီး ေနခဲ့တဲ့ နိဗၺာန နာဂပစၥယ မဂၤလာဆင္ျဖဴေတာ္ဟာမင္းတုန္းမင္းလက္ထက္မွာကံေတာ္ ကုန္ေသဆုံးရွာတယ္။ မင္းတုန္းမင္းက မဂၤလာဆင္ေတာ္ရဲ႕ အေလာင္းေဘးမွာ အ႐ြယ္တူ ႐ုပ္တုထုလုပ္ေပးၿပီး မဂၤလာဆင္ေတာ္ရဲ႕ အဆင္တန္ဆာေတြဆင္ယင္ေပးထားၿပီး လူေတြကိုၾကည့္ခြင့္ေပးထားတယ္။
မႏၲေလးၿမိဳ႕ေနလူထုက တန္းစီၿပီး လာေရာက္ၾကည့္ရႈၾက ကန္ေတာ့ၾကလုပ္ၾကတာ လူတန္းႀကီးက ညေနေနဝင္သည္ထိ မၿပီးႏိုင္ခဲ့ဘူးျဖစ္ခဲ့ရတယ္။ ဒီလူအုပ္ႀကီးအတြက္ ေငးေမာခဲ့ရတဲ့ အျဖစ္အပ်က္က …… ေကာင္းကင္မွာ ေတာင္အရပ္ဆီကေန #ငွက္ေတြ အုပ္လိုက္ပ်ံလာၾကၿပီးမဂၤလာဆင္ေတာ္ရဲ႕အေလာင္းေတာ္ အေပၚတည့္တည့္ကေနတစ္ပါတ္ဝဲၿပီး ေျမာက္အရပ္ကို ဆက္လက္ပ်ံသန္းသြားၾကတယ္။
တစ္ခါမွ် မျမင္ဘူးတဲ့ အလြန္တရာ ႀကီးမားတဲ့ ငွက္ႀကီးေတြျဖစ္ၿပီးအုပ္လိုက္ အုပ္လိုက္ ပ်ံသန္းလာၾကတာေနဝင္တဲ့အထိပါဘဲတဲ့။ ဒီတုန္းက လူေတြက မဂၤလာဆင္ေတာ္ဟာ တိရိစာၦန္သာျဖစ္တာ
အေလာင္းေတာ္ တစ္ပါးလိုပါပဲလို႔ ေျပာဆိုၾကတယ္။ မင္းတုန္းမင္းက မဂၤလာဆင္ေတာ္ရဲ႕ အစြယ္ကိုျဖတ္ယူၿပီး နန္းဦးဘုရားမွာ လႉပါတယ္၊ အေလာင္းေတာ္ကို နန္းေတာ္အေနာက္ဖက္ၿမိဳ႕႐ိုးနဲ႔ က်ဴံးၾကားက အာဠဝီတံတားနားဆီမွာေကာင္းစြာ ျမႇဳတ္ႏွံသၿဂိဳလ္ခဲ့ပါတယ္။
ေနာင္ မဂၤလာဆင္ေတာ္ရဲ႕ အစြယ္ကို ရန္ကုန္ သဘာဝ သမိုင္းျပတိုက္မွာျပသထားပါတယ္။
ရႏၲပို စစ္ေလ်ာ္ေၾကးေငြ တစ္ကုေဋကို
ဝမ္းနည္း မ်က္ရည္ေတြၾကားကေန သူေပးလိုက္တယ္ဆိုတဲ့ မဂၤလာဆင္ျဖဴေတာ္က လြမ္းစရာ ခ်စ္စရာပါ။
နိဗၺာန္႐ြာကလည္း ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ဘြဲ႕အမည္မွာပဲ နိဗၺာန္႐ြာနားကရခဲ့လို႔ နိဗၺာန ပစၥယ နာဂ ရာဇာလို႔ ႐ြာနာမည္ေလးလဲ ပါခဲ့တာေၾကာင့္ နိဗၺာန္႐ြာေလးကလဲသမိုင္းမွတ္တမ္းဝင္ခဲ့ပါတယ္။
႐ြာမွာလဲ ဆင္ျဖဴေတာ္႐ုပ္ထုနဲ႔ခမ္းခမ္းနားနားထားရွိတယ္လို႔ သိရပါတယ္။နိဗၺာန္႐ြာက ျမန္မာျပည္မွာႏွစ္႐ြာရွိပါတယ္။ဟသၤတနယ္က႐ြာကနိဗၺာန္႐ြာမဟုတ္ပါဘူး။ကဝၿမိဳ႕နယ္ က်ိဳက္မတ္ေကာ္ဆံေတာ္ရွင္ဘုရားႀကီးရဲ႕အေရွ႕ေတာက္ဘက္ကနိဗၺာန္႐ြာျဖစ္ပါတယ္။
ေအာက္မွာပါတဲ့ နိဗၺာန ပစၥယ နာဂရာဇာဆင္ျဖဴေတာ္ပုံကိုေတာ့ မိုက္ကယ္ဆိုင္းရဲ႕ေနာက္မွာ အဂၤလိပ္က လႊတ္လိုက္တဲ့ ဟင္နရီ႐ူးရဲ႕ သံအဖြဲ႕မွာ ပါလာတဲ့ #ပန္းခ်ီဆရာစီဂရန္႔ေရးဆြဲခဲ့တဲ့ပုံပါ။
ႏိုင္ငံျခားသား ေရးဆြဲခဲ့တဲ့ ျမန္မာဘုရင္ရဲ႕ ဆင္ျဖဴေတာ္ပုံမွန္သမွ်ဟာ နိဗၺာန ပစၥယ နာဂရာဇာရဲ႕ပုံ ျဖစ္ၿပီး ျမန္မာတစ္ႏိုင္ငံလုံးနဲ႔ အခုထိ က်န္ရစ္တဲ့ ရန္ကုန္၊ မႏၲေလး၊ အမရပူရ၊ စစ္ကိုင္း၊ မင္းကြန္းက ဆင္ပါတဲ့ အမည္ေတြဟာ ဆင္ျဖဴေတာ္ေလးနဲ႔ပါတ္သက္တာေတြျဖစ္ပါတယ္။
ဆင္ျဖဴေတာ္ဟာ ျမန္မာမင္းငါးဆက္တိုင္ သက္ရွိထင္ရွားေနခဲ့ၿပီး မင္းတုန္းမင္းလက္ထက္သကၠရာဇ္ ၁၂၁၉ ခုႏွစ္နယုန္လဆန္း ၁၄ ရက္ေသာၾကာေန႔ (5/6/1857)ရက္ေန႔အသက္ ၅၁ႏွစ္တြင္တြင္ေသဆုံးခဲ့ပါသည္။
က်မ္းကိုးစာရင္း
*ကုန္းေဘာင္ဆက္မဟာရာဇဝင္ႀကီးအတြဲ ၂ နဲ႔၃ (ဦးေမာင္ေမာင္တင္)
*ဆရာ မ်ိဳးေဆြသန္း၏ နိဗၺာန ပစၥယ နာဂရာဇာထူးလွဆင္ျမတ္စြာ ေဆာင္းပါး
မူရင္းေရးသားသူအား Credit ေပးပါတယ္