သွား​ဝေဒနာခံစားနေရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခြား ကျန်းမာ​ရေးအ​​ခြေအ​နေ ဘယ်လိုရှိလဲ….?

သွားနဲ့ပတ်သတ်တဲ့ဝေဒနာခံစားနေရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခြား ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ….?

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားကိုက်နေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံးမှာ ဒီနေ့ လူတွေ့စစ်ဆေးခဲ့တာပါ။

ဒီနေ့ ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူရဲ့ရှေ့နေတို့ နာရီဝက်ကြာ သီးသန့်တွေ့ဆုံခွင့် ရခဲ့ပေမယ့် အမှုနဲ့သက်ဆိုင်တဲ့

အကြောင်းအရာတွေသာ ပြောဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကတော့

ကောင်းတယ်ဆိုပေမယ့် သွားနည်းနည်းကိုက်နေတယ်လို့ ပြောကြောင်း သိရပါတယ်။

Credit Deltanewsagency

———







