မြန်မာ စစ်ဘေးရှောင်များနှင့်ရိုဟင်ဂျာများအတွက် နယူဇီးလန်က ဒေါ်လာ ၈ဒသမ၂၅သန်း ကူညီမည်

စစ်ဘေးရှောင် မြန်မာများနှင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် နယူဇီးလန်အစိုးရက နယူဇီးလန်ဒေါ်လာ၈ဒသမ၂၅သန်းကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး နနိုင်ယာ မဟူတာက ဇွန် ၁၄ရက်တွင် ကြေညာသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေဆဲ ရိုဟင်ဂျာ ၁ဒသမ၃သန်းရှိနေဆဲဖြစ်ပြီး ၎င်းတို့အတွက် နယူဇီးလန်ဒေါ်လာ ၅ဒသမ၅သန်းကူညီမည်ဖြစ်သည်။

ယင်းကူညီမှုကို ကုလအေဂျင်စီများ၊ NGO များတစ်ဆင့် ပေးမည်ဖြစ်ပြီး ယင်းသည် အမျိုးသမီးများအတွက်ကူညီရေးအစီအစဉ်များအတွက်လည်း အကျုံးဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နယူဇီးလန်ဒေါ်လာ ၂ဒသမ၇၅သန်းကိုမူ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသောမြန်မာပြည်သူ ၃၃၆၀၀၀ ခန့်အတွက် ကူညီခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ယင်းအကူအညီများသည် ဒုက္ခရောက်နေသာ မြန်မာပြည်သူများအတွက်သာဖြစ်ပြီး လူထုအာဏာလုယူထားသည်အကြမ်းဖက်စစ်ကောင်စီအတွက်မဟုတ်ကြောင် ဖော်ပြထားသည်။

ထို့ပြင် နယူဇီးလန်အစိုးရအနေနှင့် စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချပြီး အရပ်သားအစိုးရထံ အမြန်ဆုံးအာဏာပြန်လွှဲပြောင်းပေးရန်နှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် တောင်းဆိုထားသည်။

———

စစ္ေဘးေရွာင္ ျမန္မာမ်ားႏွင့္ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ားအတြက္ နယူဇီးလန္အစိုးရက နယူဇီးလန္ေဒၚလာ၈ဒသမ၂၅သန္းကူညီမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး နႏိုင္ယာ မဟူတာက ဇြန္ ၁၄ရက္တြင္ ေၾကညာသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇားတြင္ လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီလိုအပ္ေနဆဲ ႐ိုဟင္ဂ်ာ ၁ဒသမ၃သန္းရွိေနဆဲျဖစ္ၿပီး ၎တို႔အတြက္ နယူဇီးလန္ေဒၚလာ ၅ဒသမ၅သန္းကူညီမည္ျဖစ္သည္။

ယင္းကူညီမႈကို ကုလေအဂ်င္စီမ်ား၊ NGO မ်ားတစ္ဆင့္ ေပးမည္ျဖစ္ၿပီး ယင္းသည္ အမ်ိဳးသမီးမ်ားအတြက္ကူညီေရးအစီအစဥ္မ်ားအတြက္လည္း အက်ဳံးဝင္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

နယူဇီးလန္ေဒၚလာ ၂ဒသမ၇၅သန္းကိုမူ စစ္အာဏာသိမ္းၿပီးေနာက္ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ေနရေသာျမန္မာျပည္သူ ၃၃၆၀၀၀ ခန႔္အတြက္ ကူညီျခင္းျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။

ယင္းအကူအညီမ်ားသည္ ဒုကၡေရာက္ေနသာ ျမန္မာျပည္သူမ်ားအတြက္သာျဖစ္ၿပီး လူထုအာဏာလုယူထားသည္အၾကမ္းဖက္စစ္ေကာင္စီအတြက္မဟုတ္ေၾကာင္ ေဖာ္ျပထားသည္။

ထို႔ျပင္ နယူဇီးလန္အစိုးရအေနႏွင့္ စစ္တပ္က အာဏာသိမ္းမႈကို ရႈတ္ခ်ၿပီး အရပ္သားအစိုးရထံ အျမန္ဆုံးအာဏာျပန္လႊဲေျပာင္းေပးရန္ႏွင့္ အၾကမ္းဖက္မႈမ်ားကို အဆုံးသတ္ရန္ ေတာင္းဆိုထားသည္။