
လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန်အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။
အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်းဆိုကြပါတယ်။
မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။ နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။ လုပ်မိသွားရင်တော့သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။
လက်ဖဝါးမှာ M အက္ခရာစလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားများထက် ဝမ်းတွင်းအသိ ပိုပြင်းထန်ကြပါတယ်။ လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာပိုမိုအားကောင်းနေပါသေးတယ်။
ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ သူတို့လုပ်လိုတဲ့ အပြောင်းအလဲများ ဆောင်ရွက်ဖို့ အစွမ်းအစကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါ့ကြောင့် ဘဝမှာ အခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချဖို့ လိုအပ်ပါတယ်။
ရှေးရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ပရောဖက်အားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရှိကြပြီး သင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ်ရပါမယ်တဲ့။
ကိုယ်တွေလက်မှာလည်း ပါတယ်လေအာ့ကြောင့် လူတွေရဲ့စိတ်ကို သိသလိုပဲအထူးသဖြင့် ကိုယ်နဲ့ အနီးကပ် နေတဲ့သူတိုင်းရဲ့စိတ်ကိုသိတယ် လိမ်လို့မရဝူး လိမ်တာနဲ့ အလိမ်ပေါ်တာပဲလေ။
Credit
Zawgyi
လက္ဖဝါးရွိ လကၡဏာေကာက္ေၾကာင္းေလးေတြက မိမိဝိေသသလကၡဏာနဲ႔ ကံၾကမၼာကို ေဖာ္ၫြန္းေနတာလို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ လက္ဖဝါးမွာ M ပုံသ႑ာန္အကၡရာစလုံးရွိသူေတြဟာ တမူထူးျခားသူလို႔ ဆိုပါတယ္။
အဲဒီပုဂၢိဳလ္ေတြဟာ ထူးထူးျခားျခား အထုံ ပါရမီ ပါသူ၊ ဝမ္းတြင္း အသိရွိသူ၊ ေနာက္ၿပီး ထူးကဲတဲ့ စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ေတြ လို႔လည္းဆိုၾကပါတယ္။
မိမိခ်စ္ရသူတစ္ေယာက္က လက္ဖဝါးမွာ M အကၡရာ ရွိပါက အခ်က္တစ္ခ်က္ကို သိထားရပါမယ္။ ေနာက္ေျပာင္ျခင္း၊ လိမ္ညာမုသားေျပာဆိုျခင္းနဲ႔ ကလိမ္က်ျခင္းေတြ လုံးဝ မလုပ္မိဖို႔ပါပဲ။ လုပ္မိသြားရင္ေတာ့သင့္ကို လိမ္ညာေျပာတတ္သူလို႔ သူ အၿမဲသတ္မွတ္ေနပါလိမ့္မယ္။
လက္ဖဝါးမွာ M အကၡရာစလုံးရွိတဲ့ အမ်ိဳးသမီးေတြမွာ အမ်ိဳးသားမ်ားထက္ ဝမ္းတြင္းအသိ ပိုျပင္းထန္ၾကပါတယ္။ လင္မယားႏွစ္ေယာက္လုံးမွာရွိပါက အမ်ိဳးသမီးမွာပိုမိုအားေကာင္းေနပါေသးတယ္။
ဒီပုဂၢိဳလ္ေတြဟာ ဘဝမွာ သူတို႔လုပ္လိုတဲ့ အေျပာင္းအလဲမ်ား ေဆာင္႐ြက္ဖို႔ အစြမ္းအစကို ပိုင္ဆိုင္ထားၾကပါတယ္။ ဒါ့ေၾကာင့္ ဘဝမွာ အခြင့္အလမ္းကို လက္မလႊတ္တမ္း အသုံးခ်ဖို႔ လိုအပ္ပါတယ္။
ေရွး႐ိုးရာဓေလ့ထုံးတမ္းစဥ္လာအရ ပေရာဖက္အားလုံး လက္ဖဝါးမွာ ဒီလကၡဏာ ရွိၾကၿပီး သင္က လက္ဖဝါးမွာ M ပုံသ႑ာန္ပိုင္ဆိုင္ထားသူ ပုဂၢိဳလ္ေတြထဲက တစ္ဦးျဖစ္ပါက သင္ဟာ တမူထူးျခားေသာ လူပုဂၢိဳလ္ တစ္ဦးျဖစ္ေၾကာင္း သိမွတ္ရပါမယ္တဲ့။
ကိုယ္ေတြလက္မွာလည္း ပါတယ္ေလအာ့ေၾကာင့္ လူေတြရဲ႕စိတ္ကို သိသလိုပဲအထူးသျဖင့္ ကိုယ္နဲ႔ အနီးကပ္ ေနတဲ့သူတိုင္းရဲ႕စိတ္ကိုသိတယ္ လိမ္လို႔မရဝူး လိမ္တာနဲ႔ အလိမ္ေပၚတာပဲေလ။
Credit