
ရန်ကုန်မှာ ပထမဆုံးပြုလုပ်မည့် ရေပေါ်ညဈေး ဖွင့်လှစ်ဖို့ဆိုင်းငံထား
အောက်တိုဘာ ၃၁ ရက်မှနိုဝင်ဘာ ၈ ရက်အထိ၉ညတိုင်တိုင် ကျင်းပမည့်ရန်ကုန်မြို့ ဗိုလ်တထောင်စေတီအနီးဆိပ်ကမ်းမှာပြုလုပ်မယ့်ရေပေါ်ညဈေးဖွင့်လှစ်ဖို့ဆိုင်းငံ့ထားလိုက်ပြီလို့ တော်ဝင်ချမ်းသာကုမ္ပဏီမှသိရပါတယ်။
ရန်ကုန်မြို့ရဲ့ ပထမဆုံးရေပေါ်ညဈေးအဖြစ် ဗိုလ်တထောင်စေတီအနီး ဆိပ်ခံတံတား အမှတ်(၅) Love Boat Bridge မှာဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့်လက်ရှိမှာတော့ဆိုင်းငံ့ထားလိုက်တာလို့ယနေ့ နိုဝင်ဘာ ၂ ရက်နေ့မှာ တော်ဝင်ချမ်းသာကုမ္ပဏီရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့မနှင်းကပြောတာပါ။
မနှင်းက “စီစဉ်ထားတဲ့ပွဲလေးကယာယီရက်ရွှေ့ဆိုင်းတဲ့အတွက်မလုပ်ဖြစ်သေးတာပါ။ပွဲစီစဉ်ပြီးမှ အထက်ကခွင့်ပြုတာမရတော့မဖြစ်သွားဘူး။ အဲ့ဒါကြောင့်အခု အစည်းအဝေးတွေသေချာလုပ်ပြီးစီစဉ်နေတယ်။လုံးဝသေချာသွားပြီဆိုရင်တော့ ပြန်ကြေညာပေးမှာပါ။
ရေပေါ်ညဈေးကအတော်ကို စိတ်ဝင်စားတယ်ဆိုင်ခန်းပိုင်ရှင်တွေကလည်းစိတ်ဝင်တစားကိုဖွင့်ချင်ကြတယ်။ ပွဲရက်ကြေညာထားတဲ့နေ့မှာ လာမေးတဲ့သူတွေလည်းရှိကြတော့လုံခြုံရေး၊ရာသီဥတုအခြေအနေတွေနဲ့နေရာအနေအထားတွေကိုကြည့်ပြီး ဆိုင်ခန်းတွေတိုးချဲ့ဖို့လည်းရှိနေပါတယ်”လို့ပြောပါတယ်။
အဆိုပါရေပေါ်ညဈေးမှာရန်ကုန်မြစ်ရဲ့အလှအပတွေကို ကြည့်ရင်းတိုင်းရင်းသားရိုးရာအစားအစာတွေကိုပါဝင်ပြသသွားဖို့စီစဉ်ခဲ့တာပါ။
Credit
Zawgyi
ရန္ကုန္မွာ ပထမဆုံးျပဳလုပ္မည့္ ေရေပၚညေစ်း ဖြင့္လွစ္ဖို႔ဆိုင္းငံထား
ေအာက္တိုဘာ ၃၁ ရက္မွႏိုဝင္ဘာ ၈ ရက္အထိ၉ညတိုင္တိုင္ က်င္းပမည့္ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္ေစတီအနီးဆိပ္ကမ္းမွာျပဳလုပ္မယ့္ေရေပၚညေဈးဖြင့္လွစ္ဖို႔ဆိုင္းငံ့ထားလိုက္ၿပီလို႔ ေတာ္ဝင္ခ်မ္းသာကုမၸဏီမွသိရပါတယ္။
ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဆုံးေရေပၚညေဈးအျဖစ္ ဗိုလ္တေထာင္ေစတီအနီး ဆိပ္ခံတံတား အမွတ္(၅) Love Boat Bridge မွာဖြင့္လွစ္ဖို႔ စီစဥ္ထားေပမယ့္လက္ရွိမွာေတာ့ဆိုင္းငံ့ထားလိုက္တာလို႔ယေန႔ ႏိုဝင္ဘာ ၂ ရက္ေန႔မွာ ေတာ္ဝင္ခ်မ္းသာကုမၸဏီရဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့မႏွင္းကေျပာတာပါ။
မႏွင္းက “စီစဥ္ထားတဲ့ပြဲေလးကယာယီရက္ေ႐ႊ႕ဆိုင္းတဲ့အတြက္မလုပ္ျဖစ္ေသးတာပါ။ပြဲစီစဥ္ၿပီးမွ အထက္ကခြင့္ျပဳတာမရေတာ့မျဖစ္သြားဘူး။ အဲ့ဒါေၾကာင့္အခု အစည္းအေဝးေတြေသခ်ာလုပ္ၿပီးစီစဥ္ေနတယ္။လုံးဝေသခ်ာသြားၿပီဆိုရင္ေတာ့ ျပန္ေၾကညာေပးမွာပါ။
ေရေပၚညေဈးကအေတာ္ကို စိတ္ဝင္စားတယ္ဆိုင္ခန္းပိုင္ရွင္ေတြကလည္းစိတ္ဝင္တစားကိုဖြင့္ခ်င္ၾကတယ္။ ပြဲရက္ေၾကညာထားတဲ့ေန႔မွာ လာေမးတဲ့သူေတြလည္းရွိၾကေတာ့လုံၿခဳံေရး၊ရာသီဥတုအေျခအေနေတြနဲ႔ေနရာအေနအထားေတြကိုၾကည့္ၿပီး ဆိုင္ခန္းေတြတိုးခ်ဲ႕ဖို႔လည္းရွိေနပါတယ္”လို႔ေျပာပါတယ္။
အဆိုပါေရေပၚညေဈးမွာရန္ကုန္ျမစ္ရဲ႕အလွအပေတြကို ၾကည့္ရင္းတိုင္းရင္းသား႐ိုးရာအစားအစာေတြကိုပါဝင္ျပသသြားဖို႔စီစဥ္ခဲ့တာပါ။
Credit