
မြန်မာပြည်မှာ အဓိကတွေ့နေရတာ လူငယ်တွေ လက်တည့်စမ်းတဲ့ ပြဿနာပါ ။ သွေးနဲ့ သားနဲ့မလို့ လက်တည့်စမ်းတာကို အပြစ်မပြောလိုပေမယ့် အိမ်ထောင်ကျသွားရင်တော့ အခွင့်အရေးတချို့ ဆုံးရှုံးရမှာ အမှန်အကန်ပါပဲ ။
အဲ့တချို့ကို ဖော်ပြပေးပါရစေ ။
၁။ ကျောင်းပြဿနာ
အိမ်ထောင်ကျသွားရင်တော့ ကျောင်းပညာရေးကို နားထားရတာ မြန်မာပြည်မှာ ထုံးစံလိုဖြစ်နေပါပြီ ။ အလွန်ဆုံးတက်ရ အဝေးသင်ဆိုတော့ အဝေးသင်ပညာရေးက မြန်မာပြည်မှာ ထင်သလောက် အလုပ်မဖြစ်တာ မျက်မြင်ပါပဲ ။
၂။ အိမ်ထောင်မှုပြဿနာ
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတယ်ဆိုတော့ အိမ်ထောင်မှုမနိုင်နင်းတာပါ ။ အိမ်ထောင်မှုဆိုတဲ့ နေရာမှာ မီးဖိုချောင်တခုထဲ တွေးလို့ မရပါဘူး ။ အိမ်ထောင်စုနှစ်ခု ပေါင်းစည်းတဲ့အတွက် သူတို့နှစ်ခုကြားမှာ ညပ်နေရတဲ့ အခြေအနေကို မလွန်ဆန်နိုင်ကြသေးပါဘူး ။
၃။ ငွေရေးကြေးရေးပြဿနာ
အဓိကကတော့ ငွေပါပဲ ။ ငွေရှိ လူတန်းစားတွေအတွက်တော့ ဘယ်ချိန်ယူယူ ပြဿနာမရှိပေမယ့် ငွေမရှိတဲ့သူတွေအတွက်တော့ တိုင်ပတ်ပါပြီ ။
၄။ အလုပ်ပြဿနာ
အလုပ်ဆိုတာ အခြေကျပြီး အတည်တကျရှိတဲ့ အလုပ်မျိုးဆို အဆင်ပြေနိုင်ပါတယ် ။ ဒါပေမယ့် ငယ်ရွယ်ချိန်မှာ အိမ်ထောင်ကျတော့ ရရာ အလုပ်ဝင်လုပ်ရတဲ့အတွက် အတူမနေနိုင်ရတဲ့ ပြဿနာကလဲ ရှိနေပါတယ် ။
၅။ နားလည်မှုပြဿနာ
ငယ်ရွယ်ချိန်ဆိုတော့ ချစ်တာတခုထဲနဲ့ ဆုံးဖြတ်တဲ့အခါ တချို့ကိစ္စတွေမှာ အဆင်မပြေပါဘူး ။ လက်မခံချင်လဲ လက်ခံရမယ့် အမှန်တရားပါ ။ အရာရာမှာ အချစ်က အဓိကမဟုတ်ပါဘူး ။
ကဲ ဒါတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့အခါ ဖြစ်လာနိုင်တဲ့ ပြဿနာတွေပါ ။ ပြဿနာတွေချည်းပဲ ရှိတာမျိုး မဟုတ်ပါဘူး ။
ကျွန်တော့်အဘိုးပြောဖူးတဲ့ စကားတခွန်းလိုပေါ့ ။
” အသက် ၂၀ အောက်အိမ်ထောင်ရေးဆိုတာ အချစ်တခုထဲ ပါတာကွ “
ဆိုတော့ အိမ်ထောင်ရေးမှာ အချစ်တခုထဲ ရှိရင် ပြည့်စုံနိုင်မလား ။ အတွေးလေးတွေ မျှဝေပေးပါဦး ။
Credit
Zawgyi
ျမန္မာျပည္မွာ အဓိကေတြ႕ေနရတာ လူငယ္ေတြ လက္တည့္စမ္းတဲ့ ျပႆနာပါ ။ ေသြးနဲ႔ သားနဲ႔မလို႔ လက္တည့္စမ္းတာကို အျပစ္မေျပာလိုေပမယ့္ အိမ္ေထာင္က်သြားရင္ေတာ့ အခြင့္အေရးတခ်ိဳ႕ ဆုံးရႈံးရမွာ အမွန္အကန္ပါပဲ ။
အဲ့တခ်ိဳ႕ကို ေဖာ္ျပေပးပါရေစ ။
၁။ ေက်ာင္းျပႆနာ
အိမ္ေထာင္က်သြားရင္ေတာ့ ေက်ာင္းပညာေရးကို နားထားရတာ ျမန္မာျပည္မွာ ထုံးစံလိုျဖစ္ေနပါၿပီ ။ အလြန္ဆုံးတက္ရ အေဝးသင္ဆိုေတာ့ အေဝးသင္ပညာေရးက ျမန္မာျပည္မွာ ထင္သေလာက္ အလုပ္မျဖစ္တာ မ်က္ျမင္ပါပဲ ။
၂။ အိမ္ေထာင္မႈျပႆနာ
ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္က်တယ္ဆိုေတာ့ အိမ္ေထာင္မႈမႏိုင္နင္းတာပါ ။ အိမ္ေထာင္မႈဆိုတဲ့ ေနရာမွာ မီးဖိုေခ်ာင္တခုထဲ ေတြးလို႔ မရပါဘူး ။ အိမ္ေထာင္စုႏွစ္ခု ေပါင္းစည္းတဲ့အတြက္ သူတို႔ႏွစ္ခုၾကားမွာ ညပ္ေနရတဲ့ အေျခအေနကို မလြန္ဆန္ႏိုင္ၾကေသးပါဘူး ။
၃။ ေငြေရးေၾကးေရးျပႆနာ
အဓိကကေတာ့ ေငြပါပဲ ။ ေငြရွိ လူတန္းစားေတြအတြက္ေတာ့ ဘယ္ခ်ိန္ယူယူ ျပႆနာမရွိေပမယ့္ ေငြမရွိတဲ့သူေတြအတြက္ေတာ့ တိုင္ပတ္ပါၿပီ ။
၄။ အလုပ္ျပႆနာ
အလုပ္ဆိုတာ အေျခက်ၿပီး အတည္တက်ရွိတဲ့ အလုပ္မ်ိဳးဆို အဆင္ေျပႏိုင္ပါတယ္ ။ ဒါေပမယ့္ ငယ္႐ြယ္ခ်ိန္မွာ အိမ္ေထာင္က်ေတာ့ ရရာ အလုပ္ဝင္လုပ္ရတဲ့အတြက္ အတူမေနႏိုင္ရတဲ့ ျပႆနာကလဲ ရွိေနပါတယ္ ။
၅။ နားလည္မႈျပႆနာ
ငယ္႐ြယ္ခ်ိန္ဆိုေတာ့ ခ်စ္တာတခုထဲနဲ႔ ဆုံးျဖတ္တဲ့အခါ တခ်ိဳ႕ကိစၥေတြမွာ အဆင္မေျပပါဘူး ။ လက္မခံခ်င္လဲ လက္ခံရမယ့္ အမွန္တရားပါ ။ အရာရာမွာ အခ်စ္က အဓိကမဟုတ္ပါဘူး ။
ကဲ ဒါေတြကေတာ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္က်တဲ့အခါ ျဖစ္လာႏိုင္တဲ့ ျပႆနာေတြပါ ။ ျပႆနာေတြခ်ည္းပဲ ရွိတာမ်ိဳး မဟုတ္ပါဘူး ။
ကြၽန္ေတာ့္အဘိုးေျပာဖူးတဲ့ စကားတခြန္းလိုေပါ့ ။
” အသက္ ၂၀ ေအာက္အိမ္ေထာင္ေရးဆိုတာ အခ်စ္တခုထဲ ပါတာကြ “
ဆိုေတာ့ အိမ္ေထာင္ေရးမွာ အခ်စ္တခုထဲ ရွိရင္ ျပည့္စုံႏိုင္မလား ။ အေတြးေလးေတြ မွ်ေဝေပးပါဦး ။