ဒေါ်လာ စုပြီးသိမ်းထားချင်သူများအတွက်နည်းလမ်းကောင်း

ဒေါ်လာ စုပြီးသိမ်းထားချင်သူများအတွက်နည်းလမ်းကောင်း

အခုချိန်မှာ လက်ထဲကျပ်ငွေထိန်းသိမ်းဖို့အတွက် တစ်နေ့တခြား ကျပ်ငွေတန်ဖိုးတွေကျလာတာဖြစ်တဲ့အတွက် တစ်ချို့က ရွှေဝယ်ကိုင်ထားကြတယ်။တစ်ချို့က အိမ်ခြံမြေ ဝယ်ကိုင်ထားပါသည်။ အများအားဖြင့် လူတော်တော်များများကတော့ ဒေါ်လာငွေကြေးခိုင်မာတယ်ထင်တဲ့အတွက် ဒေါ်လာကိုင်ထားကြသူများလည်းရှိတယ်။

အခုလိုကာလမှာ ဒေါ်လာကိုင်ထားပြီး မိမိဒေါ်လာ ငွေ ကို မဟောင်းမနွမ်း နဲ့ မှိုတက်ပြီး အရောင် ဝါသွားတာတွေမဖြစ်စေဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုမျှဝေပေးလိုက်ပါသည်။ထိုနည်းလမ်းလေးကတော့ဒေါ်လာသိမ်းဆည်းတဲ့အခါ Silica Gel ထုပ်လေးထည့်ပြီးသိမ်းဆည်းသင့်ပါသည်။

ဒေါ်လာများသိမ်းဆည်းရာတွင်ဘာကြောင့် Silica Gel ထုပ်လေးတွေကိုထည့်သိမ်းကျတာလဲ?Silica Gel ထုပ်လေးတွေဟာအစိုဓာတ်ကိုစုပ်ယူပေးပြီးခြောက်သွေ့စေရန်အတွက်အသုံးပြုတဲ့ပစ္စည်းလေးဖြစ်ပါတယ်။

Silica Gel လေးတွေဟာ အောက်ဆီဂျင်ကိုစုပ်ယူပေးနိုင်တဲ့ (Oxygen Absorption ) တစ်ခုဖြစ်ပါတယ်။ အစိုဓာတ်ကိုစုပ်ယူပေးနိုင်တဲ့အတွက် Desiccant (Drying Agent) လို့လဲခေါ်ပါတယ်။ဒေါ်လာများသိမ်းဆည်ရာတွင်လေလုံတဲ့အိတ်တစ်ခုထဲမှာ

ရေငွေစုပ်တဲ့ စီလီကာဂျယ်ထုပ်လေးတွေကိုထည့်သိမ်းထားရင်မှိုဆွဲတာနဲ့ဝါတာတွေကိုသက်သာစေပါတယ်။တခြားသောအရေးကြီးစာရွက်စာတမ်တွေသိမ်းတဲ့အခါလဲအသုံးပြုနိုင်ပါတယ်။ဖုန်းတွေရေစိုသွားတဲ့အခါလဲလေလုံတဲ့ အိတ်ထဲသို့Silica Gel ထုပ်လေးနဲ့အတူထည့်သိမ်းထားနိုင်ပါတယ်။

ဈေးနှုန်းသက်သာပြီး အသုံးဝင်တဲ့ ပစ္စည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။

Zawgyi

ေဒၚလာ စုၿပီးသိမ္းထားခ်င္သူမ်ားအတြက္နည္းလမ္းေကာင္း

အခုခ်ိန္မွာ လက္ထဲက်ပ္ေငြထိန္းသိမ္းဖို႔အတြက္ တစ္ေန႔တျခား က်ပ္ေငြတန္ဖိုးေတြက်လာတာျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕က ေ႐ႊဝယ္ကိုင္ထားၾကတယ္။တစ္ခ်ိဳ႕က အိမ္ၿခံေျမ ဝယ္ကိုင္ထားပါသည္။ အမ်ားအားျဖင့္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေဒၚလာေငြေၾကးခိုင္မာတယ္ထင္တဲ့အတြက္ ေဒၚလာကိုင္ထားၾကသူမ်ားလည္းရွိတယ္။

အခုလိုကာလမွာ ေဒၚလာကိုင္ထားၿပီး မိမိေဒၚလာ ေငြ ကို မေဟာင္းမႏြမ္း နဲ႔ မႈိတက္ၿပီး အေရာင္ ဝါသြားတာေတြမျဖစ္ေစဖို႔အတြက္ နည္းလမ္းေကာင္းေလးတစ္ခုမွ်ေဝေပးလိုက္ပါသည္။ထိုနည္းလမ္းေလးကေတာ့ေဒၚလာသိမ္းဆည္းတဲ့အခါ Silica Gel ထုပ္ေလးထည့္ၿပီးသိမ္းဆည္းသင့္ပါသည္။

ေဒၚလာမ်ားသိမ္းဆည္းရာတြင္ဘာေၾကာင့္ Silica Gel ထုပ္ေလးေတြကိုထည့္သိမ္းက်တာလဲ?Silica Gel ထုပ္ေလးေတြဟာအစိုဓာတ္ကိုစုပ္ယူေပးၿပီးေျခာက္ေသြ႕ေစရန္အတြက္အသုံးျပဳတဲ့ပစၥည္းေလးျဖစ္ပါတယ္။

Silica Gel ေလးေတြဟာ ေအာက္ဆီဂ်င္ကိုစုပ္ယူေပးႏိုင္တဲ့ (Oxygen Absorption ) တစ္ခုျဖစ္ပါတယ္။ အစိုဓာတ္ကိုစုပ္ယူေပးႏိုင္တဲ့အတြက္ Desiccant (Drying Agent) လို႔လဲေခၚပါတယ္။ေဒၚလာမ်ားသိမ္းဆည္ရာတြင္ေလလုံတဲ့အိတ္တစ္ခုထဲမွာ

ေရေငြစုပ္တဲ့ စီလီကာဂ်ယ္ထုပ္ေလးေတြကိုထည့္သိမ္းထားရင္မႈိဆြဲတာနဲ႔ဝါတာေတြကိုသက္သာေစပါတယ္။တျခားေသာအေရးႀကီးစာ႐ြက္စာတမ္ေတြသိမ္းတဲ့အခါလဲအသုံးျပဳႏိုင္ပါတယ္။ဖုန္းေတြေရစိုသြားတဲ့အခါလဲေလလုံတဲ့ အိတ္ထဲသို႔Silica Gel ထုပ္ေလးနဲ႔အတူထည့္သိမ္းထားႏိုင္ပါတယ္။

ေဈးႏႈန္းသက္သာၿပီး အသုံးဝင္တဲ့ ပစၥည္းေလးမို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။အားလုံးပဲအဆင္ေျပၾကပါေစ။