
ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်နေကြသူများထဲတွင် အချို့ အနုပညာရှင်များလည်း ပါဝင်ခဲ့ကြပါတယ်။ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့တဲ့ social influencer များနဲ့ အနုပညာရှင်များအားပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသူများလည်းရှိပြီး အချို့မှာလည်း အခြေအနေအရပ်ရပ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ခံဝန်ကတိထိုးပြီး ပုဒ်မ ၅၀၅ ပြုတ်အောင် ကူညီမယ်လို့ တိမ်းရှောင်နေသူများထံ ဖုန်းဖြင့် ဆက်သွယ်နေကြတာတွေလည်း ရှိနေပါတယ်။ အယောက်(၅၀) လောက်လည်း ခံဝန်ထိုးပြီး ဘာမှဆက်မလုပ်တော့ဘဲ အိမ်မှာအေးအေးဆေးဆေးပြန်နေကြသူများလည်း ရှိနေကြပြီ ဖြစ်ပါတယ်။
မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်းသရုပ်ဆောင် နွယ်ဒါလီထွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် social influencer တစ်ဦးရေးသားထားတဲ့ စာကိုပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၅၀၅(က) ပြုတ်ဖို့အတွက် ခံဝန်ကတိထိုးပြီး အိမ်မှာအေးဆေးပြန်နေသူများထဲတွင် သူမ မပါကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။
သူမကလည်း ” ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာမဟုတ်ဘူး။ လက်နက်ရှိရင် ဘာမဆို လုပ်လို့ရတယ်ထင်နေတဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့တော်လှန်တာ။ ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင် သတ်ပစ်မယ်ဆိုတဲ့ နိုင်ငံကို လုပ်ချင်တာလုပ်နေတဲ့ အာဏာရှင်ကို အနာဂာတ်ကလေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
လမ်းခုလတ်မှာ မရပ်တန့်ပစ်ဘဲအဆုံးစွန်ထိ ပြည်သူတွေဘက်ကနေရှိနေပေးတဲ့ နွယ်ဒါလီထွန်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလှပါတယ်။ တိမ်းရှောင်နေစဉ်အတွင်းမှာလည်း ဘေးအန္တရာယ်ကင်းဝေးပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd – Nwe Darli Tun’s Facebook Account
————
ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရပ္တည္ေနၾကသူမ်ားထဲတြင္ အခ်ိဳ႕ အႏုပညာရွင္မ်ားလည္း ပါဝင္ခဲ့ၾကပါတယ္။ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာပါဝင္ခဲ့တဲ့ social influencer မ်ားနဲ႔ အႏုပညာရွင္မ်ားအားပုဒ္မ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူခံထားရတာ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနၾကရသူမ်ားလည္းရွိၿပီး အခ်ိဳ႕မွာလည္း အေျခအေနအရပ္ရပ္ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။
ခံဝန္ကတိထိုးၿပီး ပုဒ္မ ၅၀၅ ျပဳတ္ေအာင္ ကူညီမယ္လို႔ တိမ္းေရွာင္ေနသူမ်ားထံ ဖုန္းျဖင့္ ဆက္သြယ္ေနၾကတာေတြလည္း ရွိေနပါတယ္။ အေယာက္(၅၀) ေလာက္လည္း ခံဝန္ထိုးၿပီး ဘာမွဆက္မလုပ္ေတာ့ဘဲ အိမ္မွာေအးေအးေဆးေဆးျပန္ေနၾကသူမ်ားလည္း ရွိေနၾကၿပီ ျဖစ္ပါတယ္။
မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္းသ႐ုပ္ေဆာင္ ႏြယ္ဒါလီထြန္းရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ social influencer တစ္ဦးေရးသားထားတဲ့ စာကိုျပန္လည္ေဝမွ်ေပးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ၅၀၅(က) ျပဳတ္ဖို႔အတြက္ ခံဝန္ကတိထိုးၿပီး အိမ္မွာေအးေဆးျပန္ေနသူမ်ားထဲတြင္ သူမ မပါေၾကာင္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း အသိေပးလိုက္တာပဲ ျဖစ္ပါတယ္။
သူမကလည္း ” ဒီလမ္းကို လူမ်ားလို႔ လိုက္ေလွ်ာက္ခဲ့တာမဟုတ္ဘူး။ လက္နက္ရွိရင္ ဘာမဆို လုပ္လို႔ရတယ္ထင္ေနတဲ့ အာဏာရွင္စနစ္ကို မႀကိဳက္လို႔ေတာ္လွန္တာ။ ျပည္သူကို ထီမထင္ဘဲ ငါတို႔ႀကိဳက္တာလုပ္မယ္ မေက်နပ္ရင္ သတ္ပစ္မယ္ဆိုတဲ့ ႏိုင္ငံကို လုပ္ခ်င္တာလုပ္ေနတဲ့ အာဏာရွင္ကို အနာဂာတ္ကေလးေတြဆီ မသြားႏိုင္ေအာင္လို႔ ငါတို႔အနာခံၿပီး ရပ္တန႔္ပစ္ေနတာ။” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။
လမ္းခုလတ္မွာ မရပ္တန႔္ပစ္ဘဲအဆုံးစြန္ထိ ျပည္သူေတြဘက္ကေနရွိေနေပးတဲ့ ႏြယ္ဒါလီထြန္းရဲ႕ စိတ္ဓာတ္ကေတာ့ ေလးစားစရာေကာင္းလွပါတယ္။ တိမ္းေရွာင္ေနစဥ္အတြင္းမွာလည္း ေဘးအႏၲရာယ္ကင္းေဝးပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd – Nwe Darli Tun’s Facebook Account