
မိမိကလေး ရိုင်းရသည့်အကြောင်းရင်း (၆) ချက်နှင့် ပြုပြင်နည်း (၄) နည်း…
(၁) သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။
ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်
လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။
(၂) သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။
ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။
(၃) သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။
ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။
(၄) ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။
ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။
(၅) ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။
အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။
(၆) ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။
ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။
ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။
မိဘ ဆရာတို့သည် ‘C’ 4 ‘C’ ကို လိုက်နာကျင့်သုံးသင့်သည်။ (1) Calm ၊ (2) Correct၊ (3) Consistent ၊ (4) Consequences ။
(1) Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ
ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။
မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။
ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။ ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ – ၁၀၀ အထိရေပါ။
(2) Correct ကလေး အားပြုပြင်ပါ
ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။
ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။
ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။
(3) Consistent မပြောင်းလဲပဲ စွဲမြဲပါ
ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။ ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။
ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။
“အေး ဟုတ်တယ် နင့်ကြောင့်”လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။
ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။
(4) Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ
ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ “ဆုံးမနာယူ” ရမည့်ကျင့်ဝတ်ရှိကြောင်း။
မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။
ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။
ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။
ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။ ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။
မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။
အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။
ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။ ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။
ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။
Kids aren’t born with perfect manners and etiquette. We need to teach them correctly.
ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။
မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေဖော်ပြခြင်း ဖြစ်ပါသည်။
Zawgyi
မိမိကေလး ႐ိုင္းရသည့္အေၾကာင္းရင္း (၆) ခ်က္ႏွင့္ ျပဳျပင္နည္း (၄) နည္း…
(၁) သူ႔ပတ္ဝန္းက်င္က မိဘ၊အဖိုးအဖြား၊ ေမာင္ႏွမ၊ သူငယ္ခ်င္း၊ ဆရာမ တို႔ ႐ိုင္းလို႔။
က်ေနာ့ အိမ္ေရွ႕မွ မိဘ၊ အမေတြသည္ ကေလးငယ္အား အသားကုန္ေအာ္သည္။ အိမ္ေဖာ္ကအစ ကေလးငယ္အားေအာ္သည္။ ကေလးငယ္သည္ ၂ ႏွစ္၊ ၃ ႏွစ္အ႐ြယ္မွစ၍ ျပန္ေအာ္သည့္အျပင္
လက္ထဲရွိတာႏွင့္ တစ္ခုခုကို ထု႐ိုက္တတ္သည္။ ဤတြင္ မိဘေတြက ပိုေအာ္ေလသည္။ ကေလးက ပိုပိုဆိုးလာေလသတည္း။
(၂) သူတို႔၏ စိတ္ခံစားမႈကို သူတို႔မထိန္းသိမ္းတတ္ေသး၍ ျဖစ္သည္။
ကေလးသည္ ေမြးကတည္းကစငိုသည္။ သူတို႔ခံစားခ်က္ကို မထိန္းသိမ္းတတ္ေပ။ ဒါကို အုပ္ထိန္းသူက သိနားလည္ရမည္။ ကေလးႏွင့္ ၿပိဳင္မမိုက္သင့္၊ ေဒါသအိုးမေပါက္ကြဲ သင့္ေပ။
(၃) သူတို႔၏ စိတ္ခံစားမႈကို စကားအျဖစ္ထုတ္မေျပာႏိုင္ေသး၍ ျဖစ္သည္။
ကေလးငယ္လွ်င္ သူ႔ခံစားမႈကို ထုတ္မေျပာႏိုင္ေပ။ မိဘေတြသူ႔ခံစားမႈ သူအလိုမက်မႈသိေအာင္ ၾကမ္းတမ္းစြာ လုပ္လာတတ္သည္။
(၄) ကေလးက ေၾကာက္တတ္၊ စိမ္းတတ္လွ်င္လည္းျဖစ္သည္။
ကေလးသည္ လူစိမ္းႏွင့္ေတြ႕လွ်င္ ရွက္တတ္ ေၾကာက္တတ္၍ ႐ိုင္းသလို ျဖစ္တတ္သည္။
(၅) ကေလးကို ပစ္ပယ္ထားလွ်င္လည္း ႐ိုင္းလာသည္။
အပစ္ပယ္ခံရေသာကေလးသည္ ႐ိုင္းလာေလ့ရွိသည္မွာ ဓမၼတာပင္ျဖစ္သည္။ မိဘေတြ အလုပ္မ်ားသည့္အခါ၊ ေနာက္ကေလးအငယ္ႏွင့္ အလုပ္ရႈပ္ေနသည့္အခါ အႀကီးေလး ဆိုးလာတတ္ၿမဲျဖစ္သည္။
(၆) ကေလးကို အလိုလိုက္လွ်င္လည္း အမိုက္ေစာ္ကားတတ္သည္။
ကေလးဘာလုပ္လုပ္ မျပဳျပင္ပဲ ေတာ္သည္တတ္သည္ဟု အလိုလိုက္လြန္းလွ်င္လည္း ကေလး႐ိုင္းစိုင္းတတ္သည္။
ကေလး႐ိုင္းတာကို ကေလးငယ္စဥ္ကတည္းက သတိျပဳမိၿပီး ေစာေစာ ျပဳျပင္ေပးဖို႔လိုသည္။
မိဘ ဆရာတို႔သည္ ‘C’ 4 ‘C’ ကို လိုက္နာက်င့္သုံးသင့္သည္။ (1) Calm ၊ (2) Correct၊ (3) Consistent ၊ (4) Consequences ။
(1) Calm မိမိတည္ၿငိမ္ေအာင္ ဦးစြာထိန္းပါ
ကေလးသည္ေမြးကာစမွာ အျပစ္ကင္းစင္သည္။ ၿပီးမွ သူ႔ပတ္ဝန္းက်င္မွ အမူအက်င့္မ်ားကို ေကာ္ပီကူး download ဆြဲျခင္းျဖစ္သည္ဆိုတာကို နားလည္ဖို႔လိုသည္။
မိဘက ေဒါသထြက္ကာေအာ္လွ်င္ သူျပန္ေအာ္မည္။ ျပန္မေအာ္ရဲပဲ ေၾကာက္သြားလွ်င္လည္း လူေၾကာက္ေလးျဖစ္သြားမည္။
ကေလးကို ေဒါသထြက္လွ်င္ တည္ၿငိမ္ရေၾကာင္း မိမိအမူအက်င့္ျဖင့္ စံျပသင္ျပပါ။ ကေလး႐ိုင္းေန ေသာင္းက်န္းေနလွ်င္ ကေလးဆီမွ အေဝးသို႔ ခဏေရွာင္၍ ၁ မွ ၁၀ – ၁၀၀ အထိေရပါ။
(2) Correct ကေလး အားျပဳျပင္ပါ
ၿပီးလွ်င္ ကေလးကို မ်က္ႏွာတည့္တည့္ၾကည့္ပါ။ မိမိတို႔မိသားစုထဲတြင္ ဒီလိုမေျပာဆိုေၾကာင္း၊ ဒီလိုမၾကမ္းတမ္းေၾကာင္း မ်က္ႏွာၾကည့္၍ တည္ၿငိမ္စြာေျပာပါ။ ကေလးသည္ သင္ သူ႔အမူအရာကို လက္မခံေၾကာင္း သိသာပါေစ။
ကေလးလိမၼာလ်င္အေမ ခ်စ္မည္ျဖစ္ေၾကာင္း၊ ကေလး ဘာျဖစ္ခ်င္၊ ဘာလိုခ်င္လဲေမးပါ။ ေပးမရတာကို ဘာေၾကာင့္ေပးမရေၾကာင္း ရွင္းျပပါ။
ကေလးကမိမိအနားကပ္ခ်င္ မိမိက အလုပ္ဆက္လုပ္ဖို႔လိုလွ်င္ ခဏ သည္းခံရန္ မ်က္ႏွာခ်င္းဆိုင္ၾကည့္ တည္ၿငိမ္စြာေျပာျပပါ။ ၿပီးလွ်င္ အလုပ္ဆက္လုပ္ပါ။
(3) Consistent မေျပာင္းလဲပဲ စြဲၿမဲပါ
ကေလးကို ျပဳျပင္ဖို႔လိုလွ်င္ ေစာေစာစီးစီးျပဳျပင္ရမည္ ျဖစ္သည္။ ကေလးအား ငါ့သားကဒီလိုဟုတ္ဘူး မ႐ိုင္းဘူး ဘာညာမေျပာရပါ။ ဒီလိုတုန္႔ျပန္ျခင္းသည္ ကေလး၏ အျပဳအမူ႐ိုင္းျခင္းကို အသိအမွတ္ျပဳရာေရာက္သည္။
ကေလးက ခုံကို ထုလွ်င္ ဟုတ္တယ္ ဒီခုံဘာညာႏွင့္ လိုက္ထုမျပႏွင့္။ အကိုအမေတြကို မဲတာလည္း လက္မခံႏွင့္။
“ေအး ဟုတ္တယ္ နင့္ေၾကာင့္”လို႔ ကေလးဘက္က အကိုအမေတြကို လိုက္မေျပာႏွင့္။ ေဒါသကို ထိန္းသိမ္းတတ္ေအာင္သင္ပါ။
ကေလးကို အလိုလိုက္တုန္းက စြတ္အလိုလိုက္၊ လူအမ်ားေရွ႕ေရာက္မွ အရွက္ကြဲ၍ ကေလးအားမဲျခင္း မလုပ္ပါႏွင့္။
(4) Consequences အက်ိဳးအေၾကာင္း အဆိုးအေကာင္းကို သင္ျပပါ
ကေလးက ခုံကိုကန္တာ သူပဲ အသားနာမည္ ၊ ခုံမနာေၾကာင္း။ မိဘကိုေအာ္လွ်င္ လူအထင္ေသးမည္ျဖစ္ေၾကာင္း။ မိဘသည္ လက္ဦးဆရာျဖစ္၍ “ဆုံးမနာယူ” ရမည့္က်င့္ဝတ္ရွိေၾကာင္း။
မိဘေပၚေလးစားမႈ respect မရွိလွ်င့္ သူ႔အေပၚတြင္လည္း မည္သူမွ ေလးစားခ်စ္ခင္မွာ မဟုတ္ေၾကာင္း စသည္ျဖင့္ အက်ိဳးအေၾကာင္းကို သင္ျပပါ။
ကေလးတိုင္းသည္ အစပထမတြင္ သင္ျပလွ်င္ သူလက္ခံသင့္မခံသင့္ လိုက္စဥ္းစားေလ့ရွိသည္။ ထို႔ေၾကာင့္ consquences ဒါလုပ္ရင္ ဒီလိုျဖစ္မည္ ကို စူစမ္းၾကည့္ေလ့ရွိသည္။ မိဘကို စမ္းျခင္းျဖစ္သည္။
ကေလးကအမွားလုပ္သည့္အခါ က်ေနာ္ကိုယ္တိုင္ ျပဳျပင္ၾကည့္ဖူးသည္။ ဗိုက္ေလးကုတ္ကာ မ်က္ေစ့ေလးကလည္ကလည္ လုပ္ေနတာမ်ိဳးႀကဳံဖူးသည္။ ကေလးက လိုက္စဥ္းစားေနျခင္းျဖစ္သည္။
ကေလးအသက္ႀကီးလာသည္ႏွင့္ ပိုပိုနားလည္လာကာ ပိုမိသိတတ္လာလိမ့္မည္။ ထိုသို႔ျဖစ္ရန္မိဘမွ Calm, Correct, Consistent, Conquences တို႔ကို က်င့္သုံး၍ ျပဳျပင္ေပးရမည္။
မေအာ္ပါႏွင့္၊ ကေလးကို ဒီေကာင္က႐ိုင္းတယ္လို႔ မေျပာပါႏွင့္၊ ကေလးကို နားလည္ဖို႔ႀကိဳးစားပါ။
အလိုလိုက္တုန္းကလိုက္ ထ႐ိုက္ေတာ့႐ိုက္ မလုပ္ပါႏွင့္။
ခ်စ္လြန္း၍ မ်က္ကြယ္ျပဳအလိုလိုက္ျခင္း မျပဳပါႏွင့္။ ကေလးအား ျပဳျပင္ကာ အက်ိဳးအေၾကာင္းသိေအာင္ အျပစ္ေပးဖို႔လိုက မွန္ကန္ေသာ အျပစ္ေပးပါ။
ဒီကေလးကို ဒီလိုဆုံးမ၊ ဟိုကေလးကို ဟိုလိုဆုံးမ Double standards ထားျခင္းကိုေရွာင္ၾကဥ္ပါ။ သားသမီး၊ ေျမးျမစ္တို႔ကို တတန္းတည္းထားဆုံးမပါ။
Kids aren’t born with perfect manners and etiquette. We need to teach them correctly.
ကေလးသည္ ေမြးလာကတည္းက အ႐ိုင္းေလး၊ အလိမၼာတုံးေလးအျဖစ္ တခါတည္း ေမြးလာသည္မဟုတ္၊ က်ေနာ္တို႔မိဘ၊ဆရာသမား ပတ္ဝန္းက်င္က လမ္းမွန္ေအာင္ ျပဳျပင္ေပးရမည္သာျဖစ္သည္။
မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ေဖာ္ျပျခင္း ျဖစ္ပါသည္။