မိသားစု တစ်စုမှာ… ကိုယ်ဟာ လှေဖောက်သူ မဖြစ်စေနဲ့..

မိသားစု တစ်စုမှာ… ကိုယ်ဟာ လှေဖောက်သူ မဖြစ်စေနဲ့..

တစ်ခါက မိသားစုတစ်စုဟာ လှေတစ်စင်းနဲ့ ခရီးထွက်လာကြတယ်။ အဖေဖြစ်သူက ရှေ့မှာအားရပါးရလှော်ခက်ပြီး အမေဖြစ်သူက နောက်ကနေ လိုရာရောက်ဖို့ လှေကို ပဲ့ကိုင်တာမို့ မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပါပဲ ။

လှေပေါ်က အခြေအနေမှာတော့… အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေရတော့ နောက်ကိုလှည့်ကြည့်မအားဘူး ။ နောက်ဆုံးကနေ လှေထိမ်းနေရတဲ့ အမေကတော့ အားလုံးကို မြင်နေရတာပေါ့။

အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။ ဒါကို အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။

နောက်ဆုံးတော့ ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားပြီး…” မင်းဘာလုပ်တာလဲ ” လို့ လှည့်ပြီးမေးတယ် ။ သားက…” လှေကို ဓားချွန်နဲ့ ဖောက်နေတာ” လို့ ပြောတယ်။

” မင်းဘာလို ဒီလိုလုပ်တာလဲ…” ဆိုတော့.. ” ဘာဖြစ်လဲ…? ဘယ်သူ့ အောက်မှာမှ အပေါက်ဖောက်တာမဟုတ်ဘူး.. ကိုယ့်အောက် ကိုယ်ဖောက်တာ….” လို့ပြောပြီး အားနဲ့ ထိုးစိုက်လိုက်တယ်။

အဲ့ဒီမှာပဲ လှေထဲကိုရေတွေ အရှိန်နဲ့ဝင်လာတယ်။ အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံးခဲ့ဘူးပေါ့ ။ ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားခဲ့တယ်။

သာဓကလေးကတော့ ဒီလောက်ပါပဲ ။ ပြောချင်တာကတော့… တစ်ခါတစ်ရံ တချို့ တချို့သော မိသားစုတွေမှာ ဘာမှလဲ မလုပ်နိုင် ၊ အလယ်ကနေ ထိုင်ပြီး သက်သက်ဒုက္ခပေးတဲ့သူတွေ ပါတတ်လေ့ရှိတယ် ။

သူတို့တွေက လှေရဲ့ အလယ်က ထိုင်စီးတဲ့သူလိုပဲ ။ ” ကိုယ့်အောက်ကိုယ်ဖေါက်တာ… ကိုယ်ဖြစ်ရင် ကိုယ်ခံမယ် ” လို့ တွေးတတ်ကြတယ်။ လှေပေါ်မှာ တစ်မိသားစုလုံးထိုင်နေတယ် ဆိုတဲ့အသိသူတို့မှာ မရှိဘူး ။

မိဘနဲ့ ညီအစ်ကိုမောင်နှမတွေက ကောင်းစေချင်လို့ ပြောကြရင်လည်း… ” နားငြီးတာ… ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာ… ဘယ်သူ့ကို ဂရုစိုက်ရဦးမှာလဲ… ကိုယ်ဖြစ်ကိုယ်ခံမယ် ဘာမှလာမပြောနဲ့ ” ဆိုပြီး ခွန်းတုန့်ပြန်တတ်ကြတယ် ။

တကယ်တော့… မိသားစုတစ်ခုမှာ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာမှန်ပေမဲ့ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး။ တယောက်ယောက်က ဖောက်လာရင် ကျန်တဲ့သူအားလုံးလည်း ဒုက္ခရောက်ရတာပါပဲ ။

ဒါ့ကြောင့်…မကောင်းတာတစ်ခုခုလုပ်တော့မယ်ဆိုရင်… အဖေဖြစ်သူက..” ငါ ဒါတွေလုပ်ရင်.. ငါ့မိန်းမနဲ့ ငါ့ကလေးတွေ ငါ့မိသားစု ဒုက္ခရောက်ရမှာပါလား ” ဆိုပြီးတွေးရမယ် ။

အမေဖြစ်သူကလည်း..” ငါ ဒီလိုလုပ်ရင်… ငါ့ယောကျာ်းနဲ့ ငါ့ကလေးတွေ ငါ့မိသားစု ဒုက္ခရောက်ရမှာပါလား ” ဆိုပြီးတွေးရမယ် ။

သားသမီးတွေကလည်း… ” ငါ ဒါတွေလုပ်ရင်… အဖေရယ်အမေရယ် ငါ့ညီကိုမောင်နှမတွေအားလုံး ဒုက္ခရောက်နိုင်တာပါလား ” ဆိုပြီး တွေးရမယ် ။

အဲ့လိုမှမဟုတ်ပဲ… ” ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ် ” ဆိုရင်… အဖေပဲဖြစ်ဖြစ်…အမေပဲဖြစ်ဖြစ်… သားပဲဖြစ်ဖြစ်… သမီးပဲဖြစ်ဖြစ်…မိသားစုကို ဒုက္ခရောက်အောင် လှေဖောက်နေတာနဲ့အတူတူပါပဲ ။

ဘာပဲဖြစ်ဖြစ်ပေါ့… မိသားစုအတွက်ဆိုရင်…❝ ငါဟာ ဘယ်တော့မှ လှေဖောက်တဲ့သူ မဖြစ်စေရဘူး❞ လို့ ကိုယ့်ကိုကိုယ်အမြဲဆုံးမရမယ်…။

မိသားစုတိုင်း… အပူအပင်ဟူသမျှ ကင်းဝေးကြပါစေ ။ မူရင်းတင်ဆက်သူအားလေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

မိသားစု တစ္စုမွာ… ကိုယ္ဟာ ေလွေဖာက္သူ မျဖစ္ေစနဲ႕..

တစ္ခါက မိသားစုတစ္စုဟာ ေလွတစ္စင္းနဲ႔ ခရီးထြက္လာၾကတယ္။ အေဖျဖစ္သူက ေရွ႕မွာအားရပါးရေလွာ္ခက္ၿပီး အေမျဖစ္သူက ေနာက္ကေန လိုရာေရာက္ဖို႔ ေလွကို ပဲ့ကိုင္တာမို႔ ျမစ္ကမ္းေဘးကၾကည့္ရင္ အင္မတန္ အားက်စရာပါပဲ ။

ေလွေပၚက အေျခအေနမွာေတာ့… အေဖက ေရွ႕ကို အားပါးတရနဲ႔ ခရီးျမန္ဖို႔ ေလွာ္ခတ္ေနရေတာ့ ေနာက္ကိုလွည့္ၾကည့္မအားဘူး ။ ေနာက္ဆုံးကေန ေလွထိမ္းေနရတဲ့ အေမကေတာ့ အားလုံးကို ျမင္ေနရတာေပါ့။

အထူးသျဖင့္ အလယ္မွာ ထိုင္စီးေနတဲ့ သားတေယာက္က သူ႔ေအာက္ကို ငုံ႔ၿပီး ဓားခြၽန္တစ္ေခ်ာင္းနဲ႔ ထိုးေဖာက္ေနတာ သတိထားမိတယ္။ ဒါကို အေဖႀကီးမသိေအာင္ တားေပမဲ့ မရဘူး။

ေနာက္ဆုံးေတာ့ ေရွ႕ေရာက္ေအာင္ အားပါးတရ ေလွာ္ေနတဲ့ ဖခင္က သိသြားၿပီး…” မင္းဘာလုပ္တာလဲ ” လို႔ လွည့္ၿပီးေမးတယ္ ။ သားက…” ေလွကို ဓားခြၽန္နဲ႔ ေဖာက္ေနတာ” လို႔ ေျပာတယ္။

” မင္းဘာလို ဒီလိုလုပ္တာလဲ…” ဆိုေတာ့.. ” ဘာျဖစ္လဲ…? ဘယ္သူ႔ ေအာက္မွာမွ အေပါက္ေဖာက္တာမဟုတ္ဘူး.. ကိုယ့္ေအာက္ ကိုယ္ေဖာက္တာ….” လို႔ေျပာၿပီး အားနဲ႔ ထိုးစိုက္လိုက္တယ္။

အဲ့ဒီမွာပဲ ေလွထဲကိုေရေတြ အရွိန္နဲ႔ဝင္လာတယ္။ အားလုံးဟာ ေရကူးတတ္တဲ့ သူေတြဆိုေတာ့ အသက္ေတြေတာ့ မဆုံးရႈံးခဲ့ဘူးေပါ့ ။ ဒါေပမဲ့ ေလွေလးကေတာ့ ျမဳပ္ၿပီး ခရီးကေတာ့ ပ်က္သြားခဲ့တယ္။

သာဓကေလးကေတာ့ ဒီေလာက္ပါပဲ ။ ေျပာခ်င္တာကေတာ့… တစ္ခါတစ္ရံ တခ်ိဳ႕ တခ်ိဳ႕ေသာ မိသားစုေတြမွာ ဘာမွလဲ မလုပ္ႏိုင္ ၊ အလယ္ကေန ထိုင္ၿပီး သက္သက္ဒုကၡေပးတဲ့သူေတြ ပါတတ္ေလ့ရွိတယ္ ။

သူတို႔ေတြက ေလွရဲ႕ အလယ္က ထိုင္စီးတဲ့သူလိုပဲ ။ ” ကိုယ့္ေအာက္ကိုယ္ေဖါက္တာ… ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္ ” လို႔ ေတြးတတ္ၾကတယ္။ ေလွေပၚမွာ တစ္မိသားစုလုံးထိုင္ေနတယ္ ဆိုတဲ့အသိသူတို႔မွာ မရွိဘူး ။

မိဘနဲ႔ ညီအစ္ကိုေမာင္ႏွမေတြက ေကာင္းေစခ်င္လို႔ ေျပာၾကရင္လည္း… ” နားၿငီးတာ… ကိုယ္ႀကိဳက္လို႔ ကိုယ္လုပ္တာ… ဘယ္သူ႔ကို ဂ႐ုစိုက္ရဦးမွာလဲ… ကိုယ္ျဖစ္ကိုယ္ခံမယ္ ဘာမွလာမေျပာနဲ႔ ” ဆိုၿပီး ခြန္းတုန္႔ျပန္တတ္ၾကတယ္ ။

တကယ္ေတာ့… မိသားစုတစ္ခုမွာ ကိုယ္ႀကိဳက္လို႔ ကိုယ္လုပ္တာမွန္ေပမဲ့ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္ဆိုတာ မရွိပါဘူး။ တေယာက္ေယာက္က ေဖာက္လာရင္ က်န္တဲ့သူအားလုံးလည္း ဒုကၡေရာက္ရတာပါပဲ ။

ဒါ့ေၾကာင့္…မေကာင္းတာတစ္ခုခုလုပ္ေတာ့မယ္ဆိုရင္… အေဖျဖစ္သူက..” ငါ ဒါေတြလုပ္ရင္.. ငါ့မိန္းမနဲ႔ ငါ့ကေလးေတြ ငါ့မိသားစု ဒုကၡေရာက္ရမွာပါလား ” ဆိုၿပီးေတြးရမယ္ ။

အေမျဖစ္သူကလည္း..” ငါ ဒီလိုလုပ္ရင္… ငါ့ေယာက်ာ္းနဲ႔ ငါ့ကေလးေတြ ငါ့မိသားစု ဒုကၡေရာက္ရမွာပါလား ” ဆိုၿပီးေတြးရမယ္ ။

သားသမီးေတြကလည္း… ” ငါ ဒါေတြလုပ္ရင္… အေဖရယ္အေမရယ္ ငါ့ညီကိုေမာင္ႏွမေတြအားလုံး ဒုကၡေရာက္ႏိုင္တာပါလား ” ဆိုၿပီး ေတြးရမယ္ ။

အဲ့လိုမွမဟုတ္ပဲ… ” ကိုယ္ႀကိဳက္တာ ကိုယ္လုပ္တယ္ ” ဆိုရင္… အေဖပဲျဖစ္ျဖစ္…အေမပဲျဖစ္ျဖစ္… သားပဲျဖစ္ျဖစ္… သမီးပဲျဖစ္ျဖစ္…မိသားစုကို ဒုကၡေရာက္ေအာင္ ေလွေဖာက္ေနတာနဲ႔အတူတူပါပဲ ။

ဘာပဲျဖစ္ျဖစ္ေပါ့… မိသားစုအတြက္ဆိုရင္…❝ ငါဟာ ဘယ္ေတာ့မွ ေလွေဖာက္တဲ့သူ မျဖစ္ေစရဘူး❞ လို႔ ကိုယ့္ကိုကိုယ္အၿမဲဆုံးမရမယ္…။

မိသားစုတိုင္း… အပူအပင္ဟူသမွ် ကင္းေဝးၾကပါေစ ။ မူရင္းတင္ဆက္သူအားေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။