ဒူဘိုင်းနိုင်ငံတွင် ၆ လတိတိ လစာမရဘဲ ညှဉ်းပန်းနှိပ်စက်ခံနေရသူ မမေသဇင်ဦး အေးဂျင့် လက်ထဲမှ…see more

ဒူဘိုင်းနိုင်ငံတွင် ၆ လတိတိ လစာမရဘဲ ညှဉ်းပန်းနှိပ်စက်ခံနေရသူ မမေသဇင်ဦး အေးဂျင့် လက်ထဲမှ…see more

အိမ်ဖော်လုပ်ရန် ဒူဘိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ၆ လတိတိ အလုပ်မရ၊ လစာမရဘဲ ညှဉ်းပန်းနှိပ်စက်ခံနေရသူ မမေသဇင်ဦးသည်

အေးဂျင့်လက်ထဲမှာ ထွက်ပြေးပြီး မြန်မာနိုင်ငံပြန်လိုသော်လည်း လျှော်ကြေး ငွေကျပ်သိန်း ၆၀ တောင်းနေ၍ အခက်တွေ့နေကြောင်း ကာယကံရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မမေသဇင်ဦးသည် ဒူဘိုင်းနိုင်ငံသို့ ဧပြီလ ၂၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး လက်ရှိအချိန်အထိ အလုပ်မရရှိဘဲ ဒူဘိုင်းအေးဂျင့်ထံတွင် အိမ်ဖော်အလုပ်များ လုပ်ဆောင်ပေးနေရကြောင်း၊

နေရပ်ပြန်လိုသော်လည်း Passport ၊ မှတ်ပုံတင်များ သိမ်းဆည်းခံထားရကြောင်း၊ မြန်မာပြည်ပြန်လိုပါက AED ၆၀၀၀ ( မြန်မာငွေ သိန်း ၆၀) ပေးလျော်မှသာ ပြန်ခွင့်ပေးမည်ဟု အေးဂျင့်က ပြောကြားလာကြောင်း၊

လစာလည်း မရရှိဘဲ ပွဲစားအေးဂျင့်၏ အိမ်တွင် အိမ်အလုပ်များ လုပ်ဆောင်ပေးနေရကြောင်း မမေသဇင်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“လေးလပိုင်း ၂၄ ရက်နေ့ကတည်းက ရောက်တာ။ အခုထိ အလုပ်လည်း မရသေးပါဘူး။ လစာလည်း မရသေးပါဘူး။ အေးဂျင့်ရဲ့ အိမ်နဲ့ သူ့သားရဲ့ အိမ်မှာပဲ အိမ်အလုပ်တွေ လုပ်ပေးနေရပါတယ်။

ကားရေဆေးခိုင်းရင်လည်း နေပူကြီးထဲမှာ ဆေးခိုင်းပါတယ်။ ထမင်းကိုလည်း မကောင်းတွေ ပုပ်နေတာတွေ ကျွေးလို့ တခြားလူတွေနဲ့ ရန်တွေ ဖြစ်ကြပါတယ်။

သမီးက မဖြစ်ခဲ့ပါဘူး အေးဆေးပဲ သူတို့ ပြောတဲ့အတိုင်းပဲ နေပါတယ်။ ဒုက္ခရောက်နေလို့ ကူညီပေးပါနော်” ဟု မမေသဇင်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မမေသဇင်ဦးကို ဒူဘိုင်းသို့ ပို့ဆောင်ပေးသည့်ပွဲစားမှာ သူရိယ ကုမ္ပဏီမှ ဦးမျိုးဝေတင့်ဆိုသူဖြစ်ပြီး လက်ရှိ မမေသဇင်ဦးကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍

မည်သည့် အကူအညီမှ‌ မပေးကြောင်း၊ ၄ လပိုင်းကတည်းက ရောက်ခဲ့ပြီး ၅ လပိုင်းတွင်မူ “နင့်အတွက် ဒီနိုင်ငံမှာ အလုပ်မရှိဘူး အင်္ဂလိပ်စာ မတတ်လို့” ဟုသာ ပြောဆိုကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဒူဘိုင်း အေးဂျင့်ထံသို့‌ အကြိမ်ကြိမ် တောင်းပန်ပြောဆိုသော်လည်း AED 6000 (မြန်မာငွေ သိန်း ၆၀ ဝန်းကျင်) ပေးမှသာ ပြန်ရမည်ဟု ပြောဆိုကြောင်း၊

အလုပ်ရှာမပေးဘဲ အိမ်အလုပ်များသာ ခိုင်းစေနေကြောင်း၊ မြန်မာပြည်မှ မိသားစုဝင်များမှာလည်း နေအိမ်ဖျက်သိမ်းခံလိုက်ရသဖြင့် လျှော်ကြေးလည်း ပေးနိုင်သည့် ငွေအင်အားမရှိ၍ အခက်တွေ့နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သမီးက ဒူဘိုင်းကို မြန်မာအေးဂျင့်ကို ၁၂ သိန်း အကျေပေးပြီး လာခဲ့တာပါ။ အဲဒါကို သမီးအခုလို ကြုံတွေ့နေရတာ ဘာတာဝန်မှ မယူပေးဘဲ နင်ဖြစ် နင်ခံ နင်ညံ့လို့ နင်ခံရတာ ဆိုပြီး ဘာမှာ အကူအညီမပေးပါဘူး။

ဒူဘိုင်းအေးဂျင့်ကလည်း ဖုန်းကို အမြဲယူစစ်တယ်။ အရင်က မြန်မာအစ်မကြီး တစ်ယောက်က ဖုန်းမှာ Location တွေ ဘာတွေ အကုန်ထည့်ပေးသွားတာကို သူတို့က ယူစစ်ပြီး အကုန်ပြန်ဖျက်ပစ်တယ်။ ခု အိုမန်ပို့မယ်လည်း‌ ပြောနေပေမယ့် ဘာမှ မလုပ်ပေးပါဘူး။

ပြန်ဖို့ကိုလည်း လျော်ကြေးပဲ တောင်းနေပါတယ်။ လစာမရဘဲ သူတို့အလုပ်တွေကိုပဲ လုပ်ပေးနေရတာပါ” ဟု မမေသဇင်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိတွင် မမေသဇင်ဦးသည် ဒူဘိုင်းအေးဂျင့်လက်ထဲမှ ထွက်ပြေးပြီး လမ်းပေါ်တွင် နေထိုင်နေရကြောင်း၊ ရဲစခန်းကို အကူအညီတောင်းသော်လည်း ရဲစခန်းက မောင်းထုတ်ကြောင်း ၎င်းက ပြောဆိုသည်။

Source KhitThit

Credit

Zawgyi

ဒူဘိုင္းႏိုင္ငံတြင္ ၆ လတိတိ လစာမရဘဲ ညႇဥ္းပန္းႏွိပ္စက္ခံေနရသူ မေမသဇင္ဦး ေအးဂ်င့္ လက္ထဲမွ…see more

အိမ္ေဖာ္လုပ္ရန္ ဒူဘိုင္းႏိုင္ငံသို႔ သြားေရာက္ခဲ့ေသာ္လည္း ၆ လတိတိ အလုပ္မရ၊ လစာမရဘဲ ညႇဥ္းပန္းႏွိပ္စက္ခံေနရသူ မေမသဇင္ဦးသည္

ေအးဂ်င့္လက္ထဲမွာ ထြက္ေျပးၿပီး ျမန္မာႏိုင္ငံျပန္လိုေသာ္လည္း ေလွ်ာ္ေၾကး ေငြက်ပ္သိန္း ၆၀ ေတာင္းေန၍ အခက္ေတြ႕ေနေၾကာင္း ကာယကံရွင္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

မေမသဇင္ဦးသည္ ဒူဘိုင္းႏိုင္ငံသို႔ ဧၿပီလ ၂၄ ရက္ေန႔တြင္ ေရာက္ရွိခဲ့ၿပီး လက္ရွိအခ်ိန္အထိ အလုပ္မရရွိဘဲ ဒူဘိုင္းေအးဂ်င့္ထံတြင္ အိမ္ေဖာ္အလုပ္မ်ား လုပ္ေဆာင္ေပးေနရေၾကာင္း၊

ေနရပ္ျပန္လိုေသာ္လည္း Passport ၊ မွတ္ပုံတင္မ်ား သိမ္းဆည္းခံထားရေၾကာင္း၊ ျမန္မာျပည္ျပန္လိုပါက AED ၆၀၀၀ ( ျမန္မာေငြ သိန္း ၆၀) ေပးေလ်ာ္မွသာ ျပန္ခြင့္ေပးမည္ဟု ေအးဂ်င့္က ေျပာၾကားလာေၾကာင္း၊

လစာလည္း မရရွိဘဲ ပြဲစားေအးဂ်င့္၏ အိမ္တြင္ အိမ္အလုပ္မ်ား လုပ္ေဆာင္ေပးေနရေၾကာင္း မေမသဇင္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္။

“ေလးလပိုင္း ၂၄ ရက္ေန႔ကတည္းက ေရာက္တာ။ အခုထိ အလုပ္လည္း မရေသးပါဘူး။ လစာလည္း မရေသးပါဘူး။ ေအးဂ်င့္ရဲ႕ အိမ္နဲ႔ သူ႔သားရဲ႕ အိမ္မွာပဲ အိမ္အလုပ္ေတြ လုပ္ေပးေနရပါတယ္။

ကားေရေဆးခိုင္းရင္လည္း ေနပူႀကီးထဲမွာ ေဆးခိုင္းပါတယ္။ ထမင္းကိုလည္း မေကာင္းေတြ ပုပ္ေနတာေတြ ေကြၽးလို႔ တျခားလူေတြနဲ႔ ရန္ေတြ ျဖစ္ၾကပါတယ္။

သမီးက မျဖစ္ခဲ့ပါဘူး ေအးေဆးပဲ သူတို႔ ေျပာတဲ့အတိုင္းပဲ ေနပါတယ္။ ဒုကၡေရာက္ေနလို႔ ကူညီေပးပါေနာ္” ဟု မေမသဇင္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

မေမသဇင္ဦးကို ဒူဘိုင္းသို႔ ပို႔ေဆာင္ေပးသည့္ပြဲစားမွာ သူရိယ ကုမၸဏီမွ ဦးမ်ိဳးေဝတင့္ဆိုသူျဖစ္ၿပီး လက္ရွိ မေမသဇင္ဦးႀကဳံေနရသည့္ အခက္အခဲမ်ားႏွင့္ ပတ္သက္၍

မည္သည့္ အကူအညီမွ‌ မေပးေၾကာင္း၊ ၄ လပိုင္းကတည္းက ေရာက္ခဲ့ၿပီး ၅ လပိုင္းတြင္မူ “နင့္အတြက္ ဒီႏိုင္ငံမွာ အလုပ္မရွိဘူး အဂၤလိပ္စာ မတတ္လို႔” ဟုသာ ေျပာဆိုေၾကာင္း သိရွိရသည္။

ျမန္မာႏိုင္ငံသို႔ ျပန္ပို႔ရန္ ဒူဘိုင္း ေအးဂ်င့္ထံသို႔‌ အႀကိမ္ႀကိမ္ ေတာင္းပန္ေျပာဆိုေသာ္လည္း AED 6000 (ျမန္မာေငြ သိန္း ၆၀ ဝန္းက်င္) ေပးမွသာ ျပန္ရမည္ဟု ေျပာဆိုေၾကာင္း၊

အလုပ္ရွာမေပးဘဲ အိမ္အလုပ္မ်ားသာ ခိုင္းေစေနေၾကာင္း၊ ျမန္မာျပည္မွ မိသားစုဝင္မ်ားမွာလည္း ေနအိမ္ဖ်က္သိမ္းခံလိုက္ရသျဖင့္ ေလွ်ာ္ေၾကးလည္း ေပးႏိုင္သည့္ ေငြအင္အားမရွိ၍ အခက္ေတြ႕ေနရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

“သမီးက ဒူဘိုင္းကို ျမန္မာေအးဂ်င့္ကို ၁၂ သိန္း အေက်ေပးၿပီး လာခဲ့တာပါ။ အဲဒါကို သမီးအခုလို ႀကဳံေတြ႕ေနရတာ ဘာတာဝန္မွ မယူေပးဘဲ နင္ျဖစ္ နင္ခံ နင္ညံ့လို႔ နင္ခံရတာ ဆိုၿပီး ဘာမွာ အကူအညီမေပးပါဘူး။

ဒူဘိုင္းေအးဂ်င့္ကလည္း ဖုန္းကို အၿမဲယူစစ္တယ္။ အရင္က ျမန္မာအစ္မႀကီး တစ္ေယာက္က ဖုန္းမွာ Location ေတြ ဘာေတြ အကုန္ထည့္ေပးသြားတာကို သူတို႔က ယူစစ္ၿပီး အကုန္ျပန္ဖ်က္ပစ္တယ္။ ခု အိုမန္ပို႔မယ္လည္း‌ ေျပာေနေပမယ့္ ဘာမွ မလုပ္ေပးပါဘူး။

ျပန္ဖို႔ကိုလည္း ေလ်ာ္ေၾကးပဲ ေတာင္းေနပါတယ္။ လစာမရဘဲ သူတို႔အလုပ္ေတြကိုပဲ လုပ္ေပးေနရတာပါ” ဟု မေမသဇင္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္။

လက္ရွိတြင္ မေမသဇင္ဦးသည္ ဒူဘိုင္းေအးဂ်င့္လက္ထဲမွ ထြက္ေျပးၿပီး လမ္းေပၚတြင္ ေနထိုင္ေနရေၾကာင္း၊ ရဲစခန္းကို အကူအညီေတာင္းေသာ္လည္း ရဲစခန္းက ေမာင္းထုတ္ေၾကာင္း ၎က ေျပာဆိုသည္။

Source KhitThit

Credit