တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

တန်ဆောင်မုန်းလပြည့်ညသည် သူခိုးည လုံးဝမဟုတ်ပါ

တန်ဆောင်မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

မြတ်စွာဘုရားသည် အဇာတသတ် ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါ ပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ ညကြီးပါ

ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာ နေ့ကြီးကို စုတ်ပြတ်အောင် သူခိုးညဆိုပြီး နာမည်တပ်လိုက် တော့ အမှန်တရား ပျောက်ကွယ်သလို ဖြစ်သွားပါတယ်

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

လွန်လေပြီးသော ရှေးအခါက ယောင်္ကျားသားများ ရှင်လိန်ပြန်ကြရာဝယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ် အစချီကာ သူရင်းငှားများ စသော လူယောင်္ကျား တို့သည်ဆေး မှင်ထိုးကြလေသည်

ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင် ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်

ထိုသို့ ထိုးခဲ့ပြီးသော ယောင်္ကျား တို့သည်တန်ဆောင်မုန်းည နက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့် အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏

ခိုး ကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်

ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ခိုးကွင်း၌ လာထားကြသည်

မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့ ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်

ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားရင်ဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်

ဒီဘက်ခေတ်ရောက်လာတော့တန်ဘိုးရှိ ပစ္စည်းတွေကို တကယ် ခိုးလာကြတယ်။ လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာမရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ် တွေ ဖြုတ်ချ အရက် ဘီယာအစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေတယ်။ အပျော် ကနေ အပျက် ဘက်ကို ဦးတည်လာကြတယ်

အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေ သိစေချင်၍ရည်ရွယ်ရင်း …. မင်းဒဿ မေတ္တာဖြင့်မျှဝေသည်

Zawgyi

တန္ေဆာင္မုန္းလျပည့္ညသည္ သူခိုးည လုံးဝမဟုတ္ပါ

တန္ေဆာင္မုန္းလျပည့္ညသည္ ဗုဒၶဘာသာဝင္တို႔၏ ေန႔ထူးေန႔ျမတ္ျဖစ္ပါသည္။

ျမတ္စြာဘုရားသည္ အဇာတသတ္ ရွင္ဘုရင္အား သာမညဖလ သုတ္ေတာ္ကို ေဟာေတာ္မူ၍ ဘုရင္ႏွင့္တကြ ေနာက္ပါ ျပည္သူ ( ၁ ) သိန္းခန္႔ ဗုဒၶဘာသာျဖစ္တဲ့ ညႀကီးပါ

ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ ဗုဒၶဘာသာ ေန႔ႀကီးကို စုတ္ျပတ္ေအာင္ သူခိုးညဆိုၿပီး နာမည္တပ္လိုက္ ေတာ့ အမွန္တရား ေပ်ာက္ကြယ္သလို ျဖစ္သြားပါတယ္

တန္ေဆာင္မုန္းလျပည့္ည၌ ပစၥည္းခိုးရျခင္းအေၾကာင္း(က်ီးမနိုးပြဲ)

လြန္ေလၿပီးေသာ ေရွးအခါက ေယာကၤ်ားသားမ်ား ရွင္လိန္ျပန္ၾကရာ၀ယ္ ေဆးမင္ေၾကာင္ထိုးသည့္ ဓေလ့သည္ အထင္အရွားရွိခဲ့၏။ ရွင္ဘုရင္မွအစခ်ီကာ မင္းညီမင္းသား၊မႉးမတ္သူႂကြယ္၊ ကုန္သည္၊လယ္လုပ္ အစခ်ီကာ သူရင္းငွားမ်ား စေသာ လူေယာကၤ်ား တို႔သည္ေဆး မွင္ထိုးၾကေလသည္

ယခုေခတ္ကဲ့သို႔ ၾကဳံသလိုထိုးျခင္း မဟုတ္ေခ်။ ေဆးမွင္ ထိုးသည့္အခါ နကၡတ္ေကာင္း၊ အခါေကာင္း ေစာင့္ဆိုင္းကာ ေမွာင္ခန္းေခၚ မွင္ထိုးသည့္ အခန္းတြင္ ကန္ေတာ့ပြဲေပး၍ ထိုးရသည္

ထိုသို႔ ထိုးခဲ့ၿပီးေသာ ေယာကၤ်ား တို႔သည္တန္ေဆာင္မုန္းည နကၡတ္စုံခ်ိန္တြင္ ထိုးထားသည့္ ေၾကာင္တက္ေၾကာင္ဆင္းေဆးအေစာင့္တို႔သည္ တန္ခိုးျပသည္ဟု အယူရွိေသာေၾကာင့္ အရွင္မသိေသာ ပစၥည္းကိုခိုးယူကာ ခိုးကြင္း၌ ထားျမဲျဖစ္၏

ခိုး ကြင္းဆိုသည္မွာ ခိုးရာပါပစၥည္းအား ဘယ္သူဘယ္ဝါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္း ခိုးကြင္းတြင္ စာကပ္၍ ထားၾကသည္

ထိုသို႔ခိုးရာတြင္ အသက္ရွိေသာအရာကို ခိုးယူနိုင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္ေလသည္။ ေရွးအခါက ႏြားမ်ားႏွင့္ လူအိပ္ေနေသာ ကုတင္ကို လူမႏွိုးေအာင္ ထမ္း၍ခိုးကြင္း၌ လာထားၾကသည္

မနက္မိုးလင္းေသာအခါ ပစၥည္းရွင္မ်ားက သကၤန္းအစုံျဖင့္ မိမိတို႔ ပစၥည္းကို လာေရြးယူၾကၿပီး ကထိန္ပြဲကို ဆင္ႏြဲရသည္

ပစၥည္းခိုး၍ လူမိေသာအခါတြင္ ထိုသူကိုဖမ္း၍ ခိုးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကသည္။ ကထိန္ပြဲတြင္ ထိုခိုးသားကို ရြာသူႀကီးက တရားသူႀကီးလုပ္ကာ တရားရင္ဆိုင္ခန္းျဖင့္ ဟာသလုပ္ၾကၿပီး ရဟန္း၀တ္ေစျမဲျဖစ္သည္

ဒီဘက္ေခတ္ေရာက္လာေတာ့တန္ဘိုးရွိ ပစၥည္းေတြကို တကယ္ ခိုးလာၾကတယ္။ လမ္းေတြေပၚမွာ က်က္သေရမဂၤလာမရွိေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ ဆိုင္းဘုတ္ ေတြ ျဖဳတ္ခ် အရက္ ဘီယာအစားအေသာက္ေတြ ပလူပ်ံေအာင္ ျပန္႔က်ဲေနတယ္။ အေပ်ာ္ ကေန အပ်က္ ဘက္ကို ဦးတည္လာၾကတယ္

အမွန္တရားကို ဗုဒၶဘာသာ ျမန္မာလူမ်ိဳး ေတြ သိေစခ်င္၍ရည္ရြယ္ရင္း …. မင္းဒႆ ေမတၱာျဖင့္မၽွေဝသည္