ကာဘော်လစ်ဆပ်ပြာ အသုံးပြုသူတိုင်း သတိပြုရမယ့် အချက်

ကာဘော်လစ်ဆပ်ပြာ အသုံးပြုသူတိုင်း သတိပြုရမယ့် အချက်


အပီ အပြင် ငြင်းနေကြလို့ ချက်ကျ လက်ကျပဲ ပြော ပါ မယ်… ကာဘော်လစ် ဆပ်ပြာ ကို မျက်နှာကို လုံးဝ မတိုက်ပါနဲ့ … ကိုယ့် မျက်နှာ အသားရည် ကိုယ်တန်ဖိုး ထားရင်ပေါ့။

တိုက်နေတဲ့ သူတွေလဲ လာ မငြင်းပါနဲ့… ဆက်တိုက်ပါ။ ကာဘော်လစ် ဆပ်ပြာမှာ ကာဘော်လစ် အက်စစ် ပါဝင်တဲ့ အတွက် မျက်နှာ အသားရည် ကို ပျက်စီး စေရုံသာမက… မျက်ကြည်လွှာ ထိခိုက်စေပါတယ်။

carbolic အက်စစ် က… နုနယ်တဲ့ မျက်နှာ အသားရည် ကို အက်စစ်ဓာတ် သဘောအရ စားပစ်လိုက် လို့ စသုံးသုံးပီး ၁ လ ၂ လ လောက်ထိ… မျက်နှာ က ဖြူ လာပီး ok သယောင် ဖြစ်နေ ပါလိမ့်မယ်။

အဲ့နောက်ပိုင်း Normal skin သမားတွေ တိုက်ရင် အရည်ပြား ပါးလာပီး… sensitive skin အဖြစ်သို့ တဖြေးဖြေး ပြောင်းလဲ သွားပါမယ်။ dry skin သမားတွေ ပို ပီး အသားရည် ခြောက်ကပ် လာမယ်။

oily skin သမားတွေ… ရေဓာတ် ခန်း လာ မယ်။ sensitive skin သမားတွေ တိုက်မိရင် မျက်နှာ တခုလုံး ဝက်ခြံ အုံနဲ့ ကျင်းနဲ့ ပေါ်လာ ပါ မယ်နော်။

ဝက်ခြံတွေ ကုလို့ ပျောက်သွားရင်တောင်… အသားရည် က နီရဲပီး နီစပ်စပ်နဲ့ လက်ရှိထက် ပိုပီး ထိလွယ်ရှလွယ် ဖြစ် လာ ပါမယ်။

မယုံရင် ဆက် သုံးပါနော်… ကိုယ်ဖြစ် ကိုယ် ခံပါ။ ကာဘော်လစ် ဆပ်ပြာကို ပိုးသတ်ရန် လက်သန့်ရန်အတွက်ပဲ အသုံးပြုသင့်ပါတယ်။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi







