
ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်းဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက် ရတနာမျိုးစုံပြည့်နှက်နေပါတယ်နော်။ အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာတည်ရှိပါတယ်နော်။
ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီးနည်းပညာတပ်ရဲ့ဘေးနားကပါ။ အဲ့ဒီနားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။
သပိတ်ကျင်းနယ်ထဲကနေထွက်တဲ့ ပတ္တမြား နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့သိကြပါသည်။
နည်းပညာတပ်ဟာလည်းယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။ ကျောက်ကြီးနည်းပညာတပ်ရဲ့ဝင်ပေါက်ကနီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီ လူကြီးတွေကပြောကြတာပါ။ တစ်နေ့မှာ ကျောက်ကြီးရွာကနေမုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။
မုဆိုးတွေဟာ သူတို့ရွာရဲ့အရှေ့ဘက်ကို တောလိုက်ကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီးမျက်မဲကြီး ဖြစ်ပါတယ်။ ကျွန်းတွေ ပိတောက်တွေအရမ်းပေါတယ်။
ခုချိန်မှာကားလမ်းဘေးတစ်ဝိုက်မှာတော့တောင်ကတုံးတွေပဲ ကျန်တော့တာပါ။ တောလည်ထွက်လာရင်း မုဆိုးကြီး ခြောက်ယောက်ဟာမျက်စိလည်လမ်းမှားကြပါတယ်။
လမ်းပျောက်ရှာဖွေရင်းနဲ့ ကျောက်မျက်ရတနာ မျိုးစုံတွေပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက်ကြတာပါ။ အဲ့ဒီနယ်ဘက်ကမုဆိုးတွေဟာကျောက်ရတနာသယံဇာတနယ်မြေမှာ နေသူတွေဖြစ်ကြတဲ့အတွက်
ကျောက်အကြောင်းတွေကို အတန်သင့်နားလည်တတ်မြောက်ထားကြတာပါ မုဆိုး ခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ကျောက်တွေကိုရွေးချယ်ပြီးနေရာဒေသကို မှတ် ထားခဲ့ကာရွာကို ပြန်လာကြပါတော့တယ်။
သို့သော်လည်းမုဆိုးတွေဟာသယ်ယူလာတဲ့ ကျောက်မျက် ရတနာတွေကိုသယ်ယူချင်စိတ် မရှိ လောက်အောင်ကိုလေးလံလာတာပါ။ သူတို့တွေကလည်း ဆက်လက်သယ်ယူဖို့အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာနီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။
မှောင်ရီပျိုးစအချိန်မှာသူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။
နောက်ဆုံးပြန်ရောက်ချိန်မှသိလိုက်တာဟာသူတို့မျက်စိလည်လမ်းမှားနေတာက သူတိုရွာခေါင်းရင်းတောင်ပေါ်မှာပဲ ဖြစ်နေတာပါ။ သူတို့တွေလည်း နောက်တစ်ခါပြန်လည်ရှာဖွေရာမှာတော့ မတွေ့ရတော့ပါဘူး။
သူတို့အရင် အဲ့တွင်းကြီးကိုရောက်ဖူးသူတွေ ရှေးလူကြီးတွေပြောပြတာကတော့အဲ့တွင်းကြီးကို ခွေးနတ် တွေစောင့်ရှောက်တာပါတဲ့နော်။ တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင်ခွေးနတ်တွေကို ပူဇော်ပသရတယ်လို့ ဆိုပါတယ်။
မုဆိုးခြောက်ယောက်ထဲမှာ ယခုချိန်မှာတစ်ယောက်ပဲကျန်ရှိတော့တာပါ။
ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ ပတ္တမြားမျိုးစုံထွက်နေဆဲပါဖြစ်ပါတယ်နော်။လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။
ဗဟု သုတရစေရန် ပြန်လည် မျှဝေလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်
Zawgyi
ရတနာတြင္းႀကီးလို႔ ေခၚလိုက္ပါရေစေနာ္။ တကယ္တမ္းကေတာ့ သဘာဝအတိုင္းျဖစ္တည္ေနတဲ့ လူးတြင္းႀကီးပါ။ အဲ့ဒီအထဲမွာေတာ့ ေက်ာက္မ်က္ ရတနာမ်ိဳးစုံျပည့္ႏွက္ေနပါတယ္ေနာ္။ အဲ့တြင္းႀကီးက ေက်ာက္ႀကီး႐ြာရဲ႕ အေရွ႕ဘက္မွာတည္ရွိပါတယ္ေနာ္။
ေက်ာက္ႀကီး႐ြာဆိုတာဟာ ေက်ာက္ႀကီးနည္းပညာတပ္ရဲ႕ေဘးနားကပါ။ အဲ့ဒီနားက ေဒသတစ္ဝိုက္ဟာ ေ႐ႊ ေငြ သယံဇာတ ေက်ာက္မ်က္ရတနာေတြမ်ားစြာ ထြက္ရွိတဲ့ ရတနာနယ္ေျမျဖစ္ပါတယ္။
သပိတ္က်င္းနယ္ထဲကေနထြက္တဲ့ ပတၱျမား နီလာတို႔ဟာ ဝါးျဖဴေတာင္ေက်ာက္လို႔သိၾကပါသည္။
နည္းပညာတပ္ဟာလည္းယူေရနီယမ္အတြက္ဘဲ တည္ထားတာလို႔ ေျပာၾကတာပါ။ ေက်ာက္ႀကီးနည္းပညာတပ္ရဲ႕ဝင္ေပါက္ကနီလာေက်ာက္ေက်ာႀကီးဟု ေက်ာက္ႀကီး႐ြာရဲ႕ ေရွ႕မွီေနာက္မွီ လူႀကီးေတြကေျပာၾကတာပါ။ တစ္ေန႔မွာ ေက်ာက္ႀကီး႐ြာကေနမုဆိုးႀကီး ေျခာက္ေယာက္က ေတာလည္ ထြက္လာတာပါ။
မုဆိုးေတြဟာ သူတို႔႐ြာရဲ႕အေရွ႕ဘက္ကို ေတာလိုက္ၾကတာ ျဖစ္ပါတယ္။ အရင္တုန္းက ေက်ာက္ႀကီး႐ြာဆိုတာဟာ ေတာႀကီးမ်က္မဲႀကီး ျဖစ္ပါတယ္။ ကြၽန္းေတြ ပိေတာက္ေတြအရမ္းေပါတယ္။
ခုခ်ိန္မွာကားလမ္းေဘးတစ္ဝိုက္မွာေတာ့ေတာင္ကတုံးေတြပဲ က်န္ေတာ့တာပါ။ ေတာလည္ထြက္လာရင္း မုဆိုးႀကီး ေျခာက္ေယာက္ဟာမ်က္စိလည္လမ္းမွားၾကပါတယ္။
လမ္းေပ်ာက္ရွာေဖြရင္းနဲ႔ ေက်ာက္မ်က္ရတနာ မ်ိဳးစုံေတြျပည့္ေနတဲ့ လူးတြင္းႀကီးကို ေတြ႕လိုက္ၾကတာပါ။ အဲ့ဒီနယ္ဘက္ကမုဆိုးေတြဟာေက်ာက္ရတနာသယံဇာတနယ္ေျမမွာ ေနသူေတြျဖစ္ၾကတဲ့အတြက္
ေက်ာက္အေၾကာင္းေတြကို အတန္သင့္နားလည္တတ္ေျမာက္ထားၾကတာပါ မုဆိုး ေျခာက္ေယာက္ဟာလည္း ရတနာတြင္းႀကီးထဲကေန အေကာင္းဆုံးျဖစ္ႏိုင္မဲ့ေက်ာက္ေတြကိုေ႐ြးခ်ယ္ၿပီးေနရာေဒသကို မွတ္ ထားခဲ့ကာ႐ြာကို ျပန္လာၾကပါေတာ့တယ္။
သို႔ေသာ္လည္းမုဆိုးေတြဟာသယ္ယူလာတဲ့ ေက်ာက္မ်က္ ရတနာေတြကိုသယ္ယူခ်င္စိတ္ မရွိ ေလာက္ေအာင္ကိုေလးလံလာတာပါ။ သူတို႔ေတြကလည္း ဆက္လက္သယ္ယူဖို႔အားမရွိေတာ့ပဲ လႊင့္ပစ္ခဲ့ၾကၿပီး ေနာက္ဆုံးမွာနီလာေက်ာက္တစ္တုံးပဲ က်န္ပါေတာ့တယ္။
ေမွာင္ရီပ်ိဳးစအခ်ိန္မွာသူတို႔ေတြရာကို ျပန္ေရာက္လာၾကပါတယ္။
ေနာက္ဆုံးျပန္ေရာက္ခ်ိန္မွသိလိုက္တာဟာသူတို႔မ်က္စိလည္လမ္းမွားေနတာက သူတို႐ြာေခါင္းရင္းေတာင္ေပၚမွာပဲ ျဖစ္ေနတာပါ။ သူတို႔ေတြလည္း ေနာက္တစ္ခါျပန္လည္ရွာေဖြရာမွာေတာ့ မေတြ႕ရေတာ့ပါဘူး။
သူတို႔အရင္ အဲ့တြင္းႀကီးကိုေရာက္ဖူးသူေတြ ေရွးလူႀကီးေတြေျပာျပတာကေတာ့အဲ့တြင္းႀကီးကို ေခြးနတ္ ေတြေစာင့္ေရွာက္တာပါတဲ့ေနာ္။ တစ္ေခါက္ ျပန္ေရာက္ခ်င္တယ္ဆိုရင္ေခြးနတ္ေတြကို ပူေဇာ္ပသရတယ္လို႔ ဆိုပါတယ္။
မုဆိုးေျခာက္ေယာက္ထဲမွာ ယခုခ်ိန္မွာတစ္ေယာက္ပဲက်န္ရွိေတာ့တာပါ။
ေက်ာက္ႀကီးနယ္ ေက်ာက္ႀကီး႐ြာဟာလည္း အခုထိ နီလာ ပတၱျမားမ်ိဳးစုံထြက္ေနဆဲပါျဖစ္ပါတယ္ေနာ္။ေလ့လာခ်င္ရင္ေတာ့ သြားၾကည့္ၾကပါေနာ္။
ဗဟု သုတရေစရန္ ျပန္လည္ မွ်ေဝလိုက္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။
ခရက္ဒစ္