စစ်ဘေးရှောင်ကလေးတွေကိုကြည့်ပြီး ကိုယ့်သား၊သမီးတွေ ကျောင်းထားကြတဲ့မိဘများအတွက် စာနာကြဖို့ ပြောပြလာတဲ့ တိုင်းကျော်

ပြည်သူချစ်ဟာသလူရွှင်တော်တစ်ယောက်ဖြစ် တဲ့ တိုင်းကျော်ကတော့ ဟား(၅)ကောင် လူရွှင်တော်အဖွဲ့ရဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ​ဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာသိမ်းခဲ့တဲ့အပေါ် လုံးဝဆန့်ကျင် ကန့်ကွက်ပြီး အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့တာတွေကြောင့် စစ်ကောင်စီမှ ၅၀၅ က ပုဒ်ပတပ်ကာ ဖမ်းဝရမ်းထုတ်ခံထားရတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဟား (၅)ကောင် ညီအကိုတစ်တွေဟာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံထားရချိန်မှာ ထွက်ပြေးတိမ်းရှောင်နေရင်း စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်ရန်အတွက် လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်သင်တန်းတက်ရောက်နေကြတာဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေတစ်ခု ရောက်ရှိပြီး ခက်ခဲစွာနေထိုင်ရသော်လည်း ဟာသလူရွှင်တော်တွေ ပီပီ ပရိတ်သတ်တွေ ပြုံးပျော်စေဖို့ တစ်ခါတစ်ရံမှာ ပရိတ်သတ်တွေကို သူတို့ရဲ့ ပုံလေးတွေ မျှဝေပေးလေ့ရှိပါတယ်။

ယနေ့မှာတော့ တိုင်းကျော်တစ်ယောက် လက်ရှိအချိန်မှာ အမြင်မတော် ရှက်ဖွယ်အကြောင်းအရာတစ်ခုအကြောင်း မျှဝေလာခဲ့ပါတယ်။မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ စစ်ကောင်စီရဲ့ အကြမ်းမှုတွေကြောင့် မိုးရွာနေပူမရှောင် ထွက်ပြေးတိမ်းရှောက်နေရတဲ့ ကလေးတွေကိုမှာ မသနားပဲ ကိုယ့်သားသမီးတွေကို ကျောင်းထားကြတဲ့ မိဘတွေကို သိတတ်ကြပါစေဆိုပြီး စစ်ဘေးရှောင်ကလေးတွေပုံနဲ့ ကျောင်းတတ်နေကြတဲ့ ကလေးငယ် ပုံကို နှိုင်းယဥ်ပြလာခဲ့ပါတယ်။”ဒီ သားသား မီးမီးတွေ လို မင်း တို့ ကလေးတွေ မဖြစ်ပါ စေနဲ့( ကျောင်းတက် နေလိုက်ကျ )”ဆိုတဲ့ စာသားလေးနဲ့အတူ ကျောင်းထားကြတဲ့ မိဘတွေစာနာတတ်ကြဖို့ ရေးသားဖော်ပြလာခဲ့ပါတယ်။

Crd – YaungChi

Source & Crd Photos – Taingkyaw’s Facebook