
လူတွေ လွဲမှားစွာ သိထားကြတဲ့ ပံ့သကူအလှူ နဲ့ ပံ့သကူပစ်နည်း အမှန်
“ပံ့သကူ ဆိုတာ” မသိနားမလည်သေးသူများအတွက် ဗဟုသုတရစေရန် ဖတ်ကြည့်ပါ။ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ အလေးအနက်ထား လေးစားစရာကောင်းသော အလေ့အထတခုပါ ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာပြီ ဖြစ်တဲ့ အလေ့တစ်ခုပါ။
မိမိ လှူချင်၊ တန်းချင် တဲ့ ပစ္စည်း ၊ ငွေကြေး ၊ အသုံးအဆောင် ပစ္စည်း တစ်ခုခု ကို အိတ်တစ်လုံးထဲမှာ ထည့်ပါ။ ပြီးရင် လူ မမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခု မှာ သွားပြီး ချထားပါ။ ခြွင်းချက် နည်းနည်း ရှိပါတယ်။ အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး ။ ကိုယ် တစ်ယောက် သာ သိရပါမယ်။ လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရာမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး။
နောက် တစ်ရက်မှာ မိမိ လှူလိုက်တဲ့ ပစ္စည်း ကို ရသွားတဲ့ လူ က ကောင်းချီးမင်္ဂလာ ပေးတဲ့အခါ မှာ ကုသိုလ် ရပါလိမ့်မယ်။ အဲဒီကုသိုလ် ဟာ (ရှေး အရင် က ရဟန်းတွေ ဟာ လှည့်လည် အလှူခံခြင်း မပြုဘဲ ၊ အမှိုက်ပုံ စတဲ့ နေရာတွေကနေ အဝတ်စုတ်၊ တွေ ကောက်ယူပြီး သင်္ကန်း ချုပ်ဝတ်လေ့ရှိပါတယ်။ အဝတ်ကောင်းကောင်း လေး ရပြီဆိုရင် အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့)
ခုန ရဟန်းတစ်ပါး ဟာ အဝတ်ကောင်းကောင်း လေး တစ်ခု ရသွားတဲ့ အခါ မှာ ဖြစ်တဲ့ ပီတိ နဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။ – ဒါကြောင့် ” ပံ့သကူ ပစ်တယ်” ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။ ယခုအခါမှာတော့ ပံ့သကူ ပစ်တာကို ပြန်လည်ဖော်ထုတ်နေကြတာ အလွန်ပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။ အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ ပံ့သကူပစ်ပါ ရတဲ့သူ ပျော်ရွှင်ပါစေ။ ငွေပမာဏ နည်းသည် ဖြစ်စေ ၊ များသည်ဖြစ်စေ၊ ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ကိုယ်တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။
နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင် ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့ အကျိုးကျေးဇူးပါပဲ။ သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။ ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။
ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ၊ ဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါနော်။ ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။ သူလည်း လွတ်လွပ်စွာ ပျော်၊ ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။
ပံ့သကူပစ်တဲ့ အခါ အန္တရာယ်ရှိ ပစ္စည်းလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ကိုယ်လှူမယ့် ပစ္စည်းက ၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။ ၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော် အထူးအရေးကြီးတာက “ပံ့သကူပစ်ပါသည်” ဆိုတဲ့ စာလေး ကပ်ထားပေးနော် ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြပါစေ။
တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။ ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။
ပံ့သကူရဲ့ တကယ့်အနက်အစစ်က ပံသုကူလ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပြီး ပံသုကူလ၊ ပံသုကူ ထိုမှတဆင့် ပံ့သကူလို့ ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်။ (ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်) အဓိပ္ပါယ်ကတော့ ပါပံသုကူလ မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့ အဓိပ္ပါယ်ရပါတယ်။
လူတွေက မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး ထိုခေတ်အခါက လူတွေသေလွန်ကြတဲ့အခါ အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာ လာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။
ရဟန်းတော်တို့ဟာ ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကို ကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ကြရပြီး သင်္ကန်းအဖြစ်နဲ့ ဝတ်ရုံဆင်မြန်းခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသင်္ကန်းမျိုးကိုလည်း ပံသုကူလစီဝရံ ပံ့သကူသင်္ကန်းလို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။
(ဒီနေရာမှာ အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့ ပံ့သကူဆိုတာ လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ် ဤကား။ စကားချပ်)
အခုခေတ်အခါကာလတွေမှာလည်း တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း လပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာ လူသူလေးပါး ကင်းဆိတ်ချိန်ကို ရွေးပြီး လူမြင်သာတဲ့ လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ ငွေ၊ အဝတ်အထည် စသည်တို့ကို စွန့်ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေး မြင်တွေ့သူတို့ ရကြပါစေ။ ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေလို့ အနှောင်အဖွဲ့ကင်းတဲ့ ကုသိုလ်ဒါနစိတ်တွေနဲ့ ပံ့သကူပစ်(ပေးလှူ)နေကြတာပဲ ဖြစ်တယ်။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Zawgyi
လူေတြ လြဲမွားစြာ သိထားၾကတဲ့ ပံ့သကူအလႉ နဲ႔ ပံ့သကူပစ္နည္း အမွန္
“ပံ့သကူ ဆိုတာ” မသိနားမလည္ေသးသူမ်ားအတြက္ ဗဟုသုတရေစရန္ ဖတ္ၾကည့္ပါ။ ျမန္မာလူမ်ိဳးေတြရဲ႕ ခ်စ္စရာ အေလးအနက္ထား ေလးစားစရာေကာင္းေသာ အေလ့အထတခုပါ ဒီဘက္ေခတ္မွာ လူငယ္ေတာ္ေတာ္မ်ားမ်ား မၾကားဖူးေတာ့ဘဲ တိမ္ျမဳပ္ ေပ်ာက္ကြယ္လာၿပီ ျဖစ္တဲ့ အေလ့တစ္ခုပါ။
မိမိ လႉခ်င္၊ တန္းခ်င္ တဲ့ ပစၥည္း ၊ ေငြေၾကး ၊ အသုံးအေဆာင္ ပစၥည္း တစ္ခုခု ကို အိတ္တစ္လုံးထဲမွာ ထည့္ပါ။ ၿပီးရင္ လူ မျမင္ႏိုင္တဲ့ အခ်ိန္မွာ လမ္းေနရာတစ္ခုခု မွာ သြားၿပီး ခ်ထားပါ။ ႁခြင္းခ်က္ နည္းနည္း ရွိပါတယ္။ အဲဒီလို ခ်ထားတဲ့အခါမွာ ဘယ္သူ မွ သိလို႔ မျဖစ္ပါဘူး ။ ကိုယ္ တစ္ေယာက္ သာ သိရပါမယ္။ လူသြားလမ္း နဲ႔ လူေတြ ေတြ႕ျမင္ႏိုင္တဲ့ ေနရာမ်ိဳးလည္း ျဖစ္ရပါမယ္။ အလႉဆိုၿပီး ေရထဲ ပစ္ခ်လိုက္သလို မ်ိဳးေတာ့ မျဖစ္ရပါဘူး။
ေနာက္ တစ္ရက္မွာ မိမိ လႉလိုက္တဲ့ ပစၥည္း ကို ရသြားတဲ့ လူ က ေကာင္းခ်ီးမဂၤလာ ေပးတဲ့အခါ မွာ ကုသိုလ္ ရပါလိမ့္မယ္။ အဲဒီကုသိုလ္ ဟာ (ေရွး အရင္ က ရဟန္းေတြ ဟာ လွည့္လည္ အလႉခံျခင္း မျပဳဘဲ ၊ အမႈိက္ပုံ စတဲ့ ေနရာေတြကေန အ၀တ္စုတ္၊ ေတြ ေကာက္ယူၿပီး သကၤန္း ခ်ဳပ္၀တ္ေလ့ရွိပါတယ္။ အ၀တ္ေကာင္းေကာင္း ေလး ရၿပီဆိုရင္ အဲဒီ ရဟန္းအဖို႔ တစ္ေႏြစာ တရားအားထုတ္လို႔ ရႏိုင္ၿပီေပါ့)
ခုန ရဟန္းတစ္ပါး ဟာ အ၀တ္ေကာင္းေကာင္း ေလး တစ္ခု ရသြားတဲ့ အခါ မွာ ျဖစ္တဲ့ ပီတိ နဲ႔ အလားတူပါတယ္။ ကုသိုလ္ရပုံခ်င္းလည္း တူပါတယ္။ – ဒါေၾကာင့္ ” ပံ့သကူ ပစ္တယ္” ဆိုတဲ့ စကား ေပၚေပါက္လာတာပါ။ ယခုအခါမွာေတာ့ ပံ့သကူ ပစ္တာကို ျပန္လည္ေဖာ္ထုတ္ေနၾကတာ အလြန္ပင္ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။
တန္ေဆာင္မုန္းလျပည့္ည ၁၂ နာရီမွာ ပံ့သကူပစ္ပါ။ ကိုယ္ျပန္ရမယ့္ စီးပြား လာဘ္လာဘ ကိုမေမွ်ာ္ကိုးပဲ စိတ္ေစတနာ သန္႔ရွင္းစြာ ပံ့သကူပစ္ပါ။ အစစအရာရာ ၾကပ္တည္းလာတဲ့ ေခတ္မွာ ပံ့သကူပစ္ပါ ရတဲ့သူ ေပ်ာ္႐ႊင္ပါေစ။ ေငြပမာဏ နည္းသည္ ျဖစ္ေစ ၊ မ်ားသည္ျဖစ္ေစ၊ ပစၥည္း နဲသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ၊ ကိုယ္တတ္ႏိုင္သည့္ ပမာဏေလးကို ေစတနာ မ်ားစြာျဖင့္ ပံ့သကူပစ္ပါ။
ေနာင္ဘဝရမည့္ကုသိုလ္၊ ယခုရမည့္ ကုသိုလ္ အသာထား ၾကပ္တည္းေနၾကတဲ့ အခ်ိန္မွာ ကိုယ့္ ပံ့သကူေလးေၾကာင့္ ရတဲ့သူေပ်ာ္သြားရင္ ကိုယ္ပီတိျဖစ္ရတာက အခုခ်က္ျခင္းရတဲ့ အက်ိဳးေက်းဇူးပါပဲ။ သူခိုးႀကီးညမွာ စေနာက္ၿပီး က်ီးမႏိုးပြဲလုပ္ၾကသလို။ ပံ့သကူပစ္ပြဲ အစဥ္အလာေလးလဲ ဆက္ထိန္းသိမ္းၾကပါစို႔ေနာ္။
ေငြ ၅၀၀ ျဖစ္ေစ၊ ဆန္အိပ္ေသးေသးေလးျဖစ္ေစ၊ ဖန္ခြက္ေလး တစ္ခုျဖစ္ေစ ပံ့သကူပစ္ပါသည္လို႔ စာေလးေရးၿပီး ပံ့သကူပစ္ၾကပါေနာ္။ ပံ့သကူရတဲ့ သူကလည္း မည္သူမည္ဝါေပးမွန္းမသိေတာ့ ဦးဘယ္သူက၊ ေဒၚဘယ္သူက ငါ့ကို ေပးကမ္းထားတာပဲဆိုတဲ့ အေႂကြးလို ခံစားရမည့္အသိ ေက်းဇူးေႂကြး ဝန္ထုပ္ဝန္ပိုးလည္း မရွိေတာ့ဘူး။ သူလည္း လြတ္လြပ္စြာ ေပ်ာ္၊ ကိုယ္လည္း ပုဂၢိဳလ္စြဲမရွိ ျဖဴစင္စြာလႉ ဘယ္ေလာက္ ျဖဴစင္ ေအးခ်မ္းလိုက္သလဲ။
ပံ့သကူပစ္တဲ့ အခါ အႏၲရာယ္ရွိ ပစၥည္းလား၊ မသမာတဲ့ ပစၥည္းလား ဆိုၿပီး ျမင္တဲ့သူ စိတ္မပူရေအာင္ ကိုယ္လႉမယ့္ ပစၥည္းက ၁။ အိတ္နဲ႔ ထည့္မွ ရမည္ဆိုလွ်င္ ႂကြပ္ႂကြပ္အိတ္ အၾကည္သုံးေပးပါ။ ၂။ အိတ္မလိုရင္ ဒီအတိုင္းေလး ပစ္ပါေနာ္ အထူးအေရးႀကီးတာက “ပံ့သကူပစ္ပါသည္” ဆိုတဲ့ စာေလး ကပ္ထားေပးေနာ္ ရတဲ့သူေတြ ေဘးကင္းၿပီး ေသာက ကင္းစြာ ရယူႏိုင္ၾကပါေစ။
တန္ေဆာင္မုန္းလျပည့္ညမွာ ပံ့သကူပစ္တဲ့ အစဥ္အလာေလး ပိုၿပီးတြင္က်ယ္လာေအာင္ တစ္ဖက္တစ္လမ္းက ပါဝင္ၾကမယ္ေနာ္။ ရယူတဲ့ ေပ်ာ္႐ႊင္မႈထက္ ေပးကမ္းလို႔ရတဲ့ ေပ်ာ္႐ႊင္မႈက ပိုေအးခ်မ္းရတယ္ မဟုတ္လား။
ပံ့သကူရဲ႕ တကယ့္အနက္အစစ္က ပံသုကူလ ဆိုတဲ့ ပါဠိစကားကေန ဆင္းသက္လာခဲ့တာ ျဖစ္ၿပီး ပံသုကူလ၊ ပံသုကူ ထိုမွတဆင့္ ပံ့သကူလို႔ ေခၚေဝၚလာခဲ့ၾကတာျဖစ္ပါတယ္။ (ပံသုဆိုတဲ့ပုဒ္က ေျမႀကီး ျဖစ္ပါတယ္) အဓိပၸါယ္ကေတာ့ ပါပံသုကူလ ေျမမႈန္႔ကဲ့သို႔စက္ဆုတ္ဖြယ္ေကာင္းေသာအဝတ္ လို႔ အဓိပၸါယ္ရပါတယ္။
လူေတြက မိမိတို႔မလိုခ်င္ေတာ့တဲ့ မဝတ္ခ်င္ေတာ့တဲ့ ဝတ္မရေတာ့ေလာက္ေအာင္ ပ်က္စီးေနတဲ့ အဝတ္အထည္ေတြကို အမႈိက္ပုံသို႔ စြန္႔ပစ္ေလ့ရွိၾကၿပီး ထိုေခတ္အခါက လူေတြေသလြန္ၾကတဲ့အခါ အေလာင္းေကာင္ကို အဝတ္ပတ္ၿပီးသုသာန္တစျပင္မွာ လာပစ္ထားၾကလို႔ဘဲျဖစ္ပါတယ္။
ရဟန္းေတာ္တို႔ဟာ ဒီလိုလာပစ္ထားၾကတဲ့ အဝတ္အထည္စေတြကို ေကာက္ယူၿပီးမွ သစ္ေခါက္ရည္ဆိုးျခင္း ခ်ဳပ္လုပ္ျခင္း စသည္တို႔ကို ျပဳလုပ္ၾကရၿပီး သကၤန္းအျဖစ္နဲ႔ ဝတ္႐ုံဆင္ျမန္းခဲ့ၾကရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီသကၤန္းမ်ိဳးကိုလည္း ပံသုကူလစီဝရံ ပံ့သကူသကၤန္းလို႔ ေခၚေဝၚခဲ့ၾကတာ ျဖစ္ပါတယ္။
(ဒီေနရာမွာ အမ်ားစုအလြယ္နားလည္ေအာင္ ဒဲ့ေျပာရရင္ေတာ့ ပံ့သကူဆိုတာ လူတို႔စြန္႔လြတ္လိုက္ေသာဝတၳဳပစၥည္း(သို႔) ပိုင္ရွင္မရွိေတာ့ေသာစြန္႔ပစ္ပစၥည္းလို႔ဆိုရင္ ပိုမိုနားလည္လြယ္ပါလိမ့္မယ္ ဤကား။ စကားခ်ပ္)
အခုေခတ္အခါကာလေတြမွာလည္း တန္ေဆာင္မုန္းလျပည့္ေန႔ေရာက္တိုင္း လျပည့္ေန႔မနက္အေစာပိုင္းအခ်ိန္ကာလေတြမွာ လူသူေလးပါး ကင္းဆိတ္ခ်ိန္ကို ေ႐ြးၿပီး လူျမင္သာတဲ့ လမ္းဆုံလမ္းခြေနရာမ်ိဳးေတြမွာ ေငြ၊ အဝတ္အထည္ စသည္တို႔ကို စြန္႔ခ်ထားခဲ့ၾကၿပီး အယုတ္အလတ္အျမတ္မေ႐ြး ျမင္ေတြ႕သူတို႔ ရၾကပါေစ။ ရရွိၿပီးလည္းဝမ္းေျမာက္ေပ်ာ္႐ႊင္ႏိုင္ၾကပါေစလို႔ အေႏွာင္အဖြဲ႕ကင္းတဲ့ ကုသိုလ္ဒါနစိတ္ေတြနဲ႔ ပံ့သကူပစ္(ေပးလႉ)ေနၾကတာပဲ ျဖစ္တယ္။
မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။