ဒေါ်လာသန်း(၃၀) ထီပေါက်တာ မိသားစုတွေ သိမှာစိုးလို့ အရုပ်ဝတ်စုံဝတ်ပြီး ဆုကြေးထုတ်ခဲ့တဲ့ အမျိုးသား

ယွမ်၂၁၉ သန်းအထိ ရရှိခဲ့သည့် ထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သော်လည်း မိန်းမနဲ့ သားဖြစ်သူ သိသွားမှာ စိုးရိမ်လို့ ကာတွန်းဇာတ်ကောင်ပုံကို ဝတ်ဆင်ပြီး ဆုတတ်ယူခဲ့သည့် အမျိုးသား

တရု.တ်.နိုင်ငံမှ အမျိုးသားတစ်ဦး၏ ထူးဆန်းလှသော အဖြစ်အပျက်လေးဟာ အံ့သြဖွယ်ရာ ကောင်းလှပါတယ်။

သာမန်ဆိုလျှင် လူတစ်ဦးသည် သန်းပေါင်းများစွာ ရရှိသော ထီဆုကို ရရှိခဲ့ပြီဆိုလျှင် မိသားစုနှင့်အတူ ပျော်ရွင်စွာ အောင်ပွဲခံနေမှာ သေချာပါတယ်။

ထီပေါက်တဲ့ ကံထူးရှင် မစ္စတာ လီလို့သာ နာမည် ဖော်ထုတ်ခံရတဲ့ အမျိုးသားဟာ အောက်တိုဘာလ ၂၀ ရက်တုန်းက ဂွမ်ဇီး ဝဲလ် ဖဲ ထီမှာ ယွမ်ငွေ ၂၁၉. ၄ သန်း (အမေရိကန် ဒေါ်လာ ၃၀. ၃ သန်းကျော်) ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

တရု.တ်.နိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ဂွမ်ဇီးပြည်နယ်က Guangxi မြို့တွင် နေထိုင်သော အမျိုးသားဟာ ယွမ် ၁၆၀ ဖြင့် ထီလက်မှတ် သုံးစောင် ဝယ်ယူခဲ့ရာမှ ၂၁၉ သန်း ရမည့် ထီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ထိုအခါ ထီပေါက်တာကို သိသွားခဲ့လျှင် မိန်းမနဲ့ သား ဖြစ်သူတို့ဟာ အလုပ် မကြိုးစားတော့မှာ စိုးရိမ်လို့ အဝါရောင် ကာတွန်း ဇာတ်ကောင် mascot suit ဝတ်ဆင်ပြီး ဆုသွားယူခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ဆုယူခဲ့ပြီးသည်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ရန် ယွမ် ၅ သန်းကို ချက်ချင်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi








Shoon (Cele Daily)

Be the first to comment

Leave a Reply

Your email address will not be published.


*