စစ်ကောင်စီရဲ့ စွဲချက်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်ပြီး ချေပနိုင်တဲ့ အားသာချက်တွေရှိနေ…

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးကာလ ကိုဗ စ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေမှာ ခိုင်လုံမှုမရှိပဲ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ နော်ဝေးအခြေစိုက် မြန်မာ့လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကပြောပါတယ်။

“ကို ဗစ်စည်းမျဉ်းစည်းကမ်းတွေအရ လူစုလူဝေးမလုပ်ရ ၊ ၅ဦးထက်ပိုပြီးတော့ စုမလုပ်ရဆိုတဲ့အချက်တွေနဲ့ လုံး၀ကင်းလွတ်နေတာကို ကျနော်တို့ တွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ကို မော်တော်ကားတွေဖြတ်မောင်းပြတာကို လက်ထွက်ပြရုံ ကိစ္စတခုပဲရှိတယ်ဆိုတာကို ကျနော်တို့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

စစ်အုပ်စုကနေပြီးတော့ ကြီးမှူးကျင်းပတဲ့ပွဲတွေမှာ ဥပမာဆိုရင် သံလွင် (ချောင်းဆုံတံတား) နာမည်ပြောင်းပွဲတုန်းကဆိုရင် Mask တပ်ထားတာလည်း တယောက်မှ မတွေ့ရဘူး။

အဲ့ဒီတံတားနာမည်း ပြောင်းပွဲမှာ လူစုလူဝေးအုပ်လိုက်ကြီး ဓါတ်ပုံရိုက်ထားတာလည်းရှိတယ်။ ဒါတွေကို ဘယ်သူမှလုံး၀အရေး ယူဆောင်ရွက်တာမရှိဘူးဆိုတာကိုကြည့်ခြင်းအားဖြင့်

စစ်အုပ်စုရဲ့ စီမံဆောင်ရွက်မူက ဒေါ်အောင်ဆန်းစုကြည်ကို တမင်အမှုဆင်ဖမ်းဆီးဖို့ လုပ်ဆောင်တယ်ဆိုတာကိုထင်ထင်ရှားရှားပေါ်လွင်နေတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

——–

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲ စည္း႐ုံးေရးကာလ ကိုဗ စ္စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ စစ္ေကာင္စီရဲ႕ စြပ္စြဲခ်က္ေတြမွာ ခိုင္လုံမႈမရွိပဲ အားနည္းခ်က္ေတြ အမ်ားႀကီးရွိေနတယ္လို႔ ေနာ္ေဝးအေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးကေျပာပါတယ္။

“ကို ဗစ္စည္းမ်ဥ္းစည္းကမ္းေတြအရ လူစုလူေဝးမလုပ္ရ ၊ ၅ဦးထက္ပိုၿပီးေတာ့ စုမလုပ္ရဆိုတဲ့အခ်က္ေတြနဲ႔ လုံး၀ကင္းလြတ္ေနတာကို က်ေနာ္တို႔ ေတြ႕ရတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ၿခံေရွ႕ကို ေမာ္ေတာ္ကားေတြျဖတ္ေမာင္းျပတာကို လက္ထြက္ျပ႐ုံ ကိစၥတခုပဲရွိတယ္ဆိုတာကို က်ေနာ္တို႔ သက္ေသအေထာက္အထားေတြနဲ႔ တင္ျပႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္။

စစ္အုပ္စုကေနၿပီးေတာ့ ႀကီးမႉးက်င္းပတဲ့ပြဲေတြမွာ ဥပမာဆိုရင္ သံလြင္ (ေခ်ာင္းဆုံတံတား) နာမည္ေျပာင္းပြဲတုန္းကဆိုရင္ Mask တပ္ထားတာလည္း တေယာက္မွ မေတြ႕ရဘူး။

အဲ့ဒီတံတားနာမည္း ေျပာင္းပြဲမွာ လူစုလူေဝးအုပ္လိုက္ႀကီး ဓါတ္ပုံ႐ိုက္ထားတာလည္းရွိတယ္။ ဒါေတြကို ဘယ္သူမွလုံး၀အေရး ယူေဆာင္႐ြက္တာမရွိဘူးဆိုတာကိုၾကည့္ျခင္းအားျဖင့္

စစ္အုပ္စုရဲ႕ စီမံေဆာင္႐ြက္မူက ေဒၚေအာင္ဆန္းစုၾကည္ကို တမင္အမႈဆင္ဖမ္းဆီးဖို႔ လုပ္ေဆာင္တယ္ဆိုတာကိုထင္ထင္ရွားရွားေပၚလြင္ေနတယ္လို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္။

Credit : Myanmar Celebrity TV Club