မကြာမီ ငပလီကမ်းခြေတွင်ဆောင်ဦးပွဲတော် ကျင်းပမည်

မကြာမီ ငပလီကမ်းခြေတွင်ဆောင်ဦးပွဲတော် ကျင်းပမည်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ငပလီကမ်းခြေ မှာ ဆောင်းဦးပွဲတော်ကို လာမယ့်နိုဝင်ဘာလ ၂၁ရက်မှာ စတင်ကျင်းပပြုလုပ်သွားမယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက နေသိရပါတယ်။

အဆိုပါ ငပလီကမ်းခြေ ဆောင်ဦးပွဲတော်ဟာ ၂၀၁၉ခုနှစ် မှာစတင်ကျင်းပခဲ့ကာကမ်းခြေရဲ့ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ကျင်းပခဲ့တာလို့သိရပါတယ်။လာမယ့်နိုဝင်ဘာ၂၁ရက်မှာ လုပ်မယ့် ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲအခမ်းအနားမှာသဲသောင်ပြင်ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊

လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊ မာရသွန်ပြေးပွဲ၊စက်ဘီးစီးပြိုင်ပွဲ တို့ပါဝင်မယ်လို့သိရပါတယ်။“ သံတွဲမှာ ငပလီကမ်းခြေအပြင်တခြားလည်ပတ်စရာနေရာတွေလည်းရှိပါတယ်။ကမ်းခြေကနေစက်လှေနဲ့ ပုလဲကျွန်း၊သဲဖြူကျွန်းတို့ကိုသွားရောက်လေ့လာလို့ရပါတယ်။မြပတ္တမြားဥယျာဉ်ထဲမှာလည်းသဘာဝဒီရေတောတွေကိုလေ့လာနိုင်အောင်သစ်သားတံတားထိုးထားပါတယ်။

မြပတ္တမြားဥယျာဉ်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်”လို့ ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက၊ညွှန်ကြားရေးမှူးဦးကျော်ဇေယျ ကမီဒီယာရဲ့မေးမြန်းမှုကိုဖြေကြားထားပါတယ်။ပြီးခဲ့တဲ့၂၀၂၁ခုနှစ်ကပြုလုပ်ခဲ့တဲ့ ငပလီကမ်းခြေဆောင်ရာသီပွဲတော်ကိုနိုဝင်ဘာလမှာပဲကျင်းပခဲ့ပြီး

၅ရက် ကြာပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကာကျင်းပခဲ့တယ်လို့လည်းဆိုပါတယ်။ငပလီကမ်းခြေကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြည်တွင်းခရီးသွားဧည့်သည် ၆၂၃၅ ဦးနဲ့ ပြည်ပဧည့်သည် ၂၉၉ ဦး လည်ပတ်ခဲ့ကြရာ လေကြောင်း လိုင်းနဲ့လာရောက်ကြသူများပြားခဲ့ တယ်လို့သိရပါတယ်။

Zawgyi

မၾကာမီ ငပလီကမ္းေျခတြင္ေဆာင္ဦးပြဲေတာ္ က်င္းပမည္

ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္က ငပလီကမ္းေျခ မွာ ေဆာင္းဦးပြဲေတာ္ကို လာမယ့္ႏိုဝင္ဘာလ ၂၁ရက္မွာ စတင္က်င္းပျပဳလုပ္သြားမယ္လို႔ ရခိုင္ျပည္နယ္ ဟိုတယ္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနက ေနသိရပါတယ္။

အဆိုပါ ငပလီကမ္းေျခ ေဆာင္ဦးပြဲေတာ္ဟာ ၂၀၁၉ခုႏွစ္ မွာစတင္က်င္းပခဲ့ကာကမ္းေျခရဲ႕ခရီးသြားျပည္သူမ်ားကို ဆြဲေဆာင္ႏိုင္ဖို႔ရည္႐ြယ္ခ်က္နဲ႔က်င္းပခဲ့တာလို႔သိရပါတယ္။လာမယ့္ႏိုဝင္ဘာ၂၁ရက္မွာ လုပ္မယ့္ ငပလီကမ္းေျခေဆာင္းဦးပြဲေတာ္ဖြင့္ပြဲအခမ္းအနားမွာသဲေသာင္ျပင္ေဘာ္လီေဘာပြဲ၊ ေခ်ာတိုင္တက္ပြဲ၊

လြန္ဆြဲပြဲ၊ သဲပန္းခ်ီၿပိဳင္ပြဲ၊ မာရသြန္ေျပးပြဲ၊စက္ဘီးစီးၿပိဳင္ပြဲ တို႔ပါဝင္မယ္လို႔သိရပါတယ္။“ သံတြဲမွာ ငပလီကမ္းေျခအျပင္တျခားလည္ပတ္စရာေနရာေတြလည္းရွိပါတယ္။ကမ္းေျခကေနစက္ေလွနဲ႔ ပုလဲကြၽန္း၊သဲျဖဴကြၽန္းတို႔ကိုသြားေရာက္ေလ့လာလို႔ရပါတယ္။ျမပတၱျမားဥယ်ာဥ္ထဲမွာလည္းသဘာဝဒီေရေတာေတြကိုေလ့လာႏိုင္ေအာင္သစ္သားတံတားထိုးထားပါတယ္။

ျမပတၱျမားဥယ်ာဥ္ကိုလည္း သြားေရာက္လည္ပတ္ႏိုင္ပါတယ္”လို႔ ဟိုတယ္နဲ႔ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာနက၊ၫႊန္ၾကားေရးမႉးဦးေက်ာ္ေဇယ် ကမီဒီယာရဲ႕ေမးျမန္းမႈကိုေျဖၾကားထားပါတယ္။ၿပီးခဲ့တဲ့၂၀၂၁ခုႏွစ္ကျပဳလုပ္ခဲ့တဲ့ ငပလီကမ္းေျခေဆာင္ရာသီပြဲေတာ္ကိုႏိုဝင္ဘာလမွာပဲက်င္းပခဲ့ၿပီး

၅ရက္ ၾကာေပ်ာ္ပြဲ႐ႊင္ပြဲေတြ ျပဳလုပ္ကာက်င္းပခဲ့တယ္လို႔လည္းဆိုပါတယ္။ငပလီကမ္းေျခကို ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ျပည္တြင္းခရီးသြားဧည့္သည္ ၆၂၃၅ ဦးနဲ႔ ျပည္ပဧည့္သည္ ၂၉၉ ဦး လည္ပတ္ခဲ့ၾကရာ ေလေၾကာင္း လိုင္းနဲ႔လာေရာက္ၾကသူမ်ားျပားခဲ့ တယ္လို႔သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*