ကိုလျှံဖြိုးအောင်ကို ဆေးကုသခွင့်ရရေးအတွက် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1623814775468","source":"other","origin":"unknown"}

ကိုလျှံဖြိုးအောင်ကိုဆေးကုသခွင့်ရရေးအတွက်ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် တောင်းဆို

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကြောင့် ဒဏ်ရာရရှိထားတဲ့ကိုလျှံဖြိုးအောင်ကို ဆေးကုသပေးဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ(Twitter) မှာ အခုလို ရေးသားတောင်းဆိုခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့သူ ကိုလျှံဖြိုးအောင်ဟာ ဒဏ်ရာန်ရရှိခဲ့ပြီး ညာလက်တစ်ဖက်ဆုံးရှုံးရကာ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

အခုလို အနိုင်ကျင့်မှုတွေကို ချက်ချင်းရပ်တန့်ပြီးကိုလျှံဖြိုးအောင်ကို ဆက်လက်ဆေးကုသခွင့်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အင်ဒရူးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေရေးသားတောင်းဆိုခဲ့တာဖြစ်ပါတယ်။

——-



