မသန်စွမ်းဇနီးကို ရသမျှအစားအစာကျွေးရင်း ကိုယ်တိုင်တိတ်တိတ်လေးအငတ်ခံနေခဲ့တဲ့အဖိုး

လူတိုင်းမှာ အချစ်တစ်ခု အိမ်ထောင်တစ်ခု တည်ထောင်တဲ့အခါ ဘယ်တော့မှ ခွဲမသွားပါဘူး၊ ပစ်မထားခဲ့ပါဘူး၊ တစ်သက်လုံး စောင့်ရှောက်ပါ့မယ်-ဆိုတဲ့ နှုတ်ကတိလေးတွေ ထုံးစံအတိုင်း ပေးကြလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီကတိစကား ပေးခဲ့တိုင်းသာ တည်မြဲရင် ကမ္ဘာပေါ်မှာ ကွာရှင်းပြတ်ဆဲတဲ့ အိမ်ထောင်ရေးဆိုတာ ရှိမှာမဟုတ်ပါဘူး။

ကတိစကား တော်တော်များများဟာ တာဝန်ယူမှုတာဝန်ခံမှုနဲ့ ယှဉ်လာတဲ့အခါမှာ အခြေအနေပေါ်မူတည်ပြီး ကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မခွဲပါဘူးဆိုတဲ့ ကတိတစ်ခုဟာ ချစ်သူတွေ၊ အိမ်ထောင်ဘက်တွေကြားမှာတောင် တည်ဖို့ ခက်ပါတယ်။

ဒါပေမယ့် အချစ်အတွက် အသက်ကို ပေးခဲ့ကြသူတွေလည်း ရှိပါတယ်။ အခုသတင်းထဲမှာပါတဲ့ ထိုင်းအဖိုးအိုဟာ မြွေကိုက်ပြီး အကြောသေသွားတဲ့ ဇနီးသည်ကို အသက်ပေးကာ တက်နိုင်သမျှ ကာကွယ်ပေးနေရှာပါတယ်။ သူဟာ အိပ်ယာထဲ လဲနေရှာတဲ့ ဇနီးအတွက် မစားရက်မသောက်ရက် ရလာတဲ့ အစားအစာတွေ အကုန်ကျွေး၊ သူကိုယ်တိုင်ကတော့ ရေသောက် ဗိုက်မှောက်ပြီး၊ တစ်နေ့တစ်ခြား ပိန်လာခဲ့ပါတယ်။

တစ်ချို့က တစ်ခုရရင် တစ်ပိုင်းဆီစားမယ်-လို့ ဆိုကြပေမယ့် ဒီအဖိုးကြီးကတော့ ဘယ်ကိစ္စကိုယ်မှ သူ့အတွက် ရှေ့တန်းမတင်ဘဲ ဇနီးသည်ကိုသာ ဦးစားပေးခဲ့သူပါ။ လင်မယားနှစ်ယောက်ဟာ ထိုင်းနိုင်ငံ Sa Kaeo နယ်ထဲက ကျေးလက်ကလေးမှာ ချို့တဲ့စွာ နေထိုင်ရင်း ဘဝနေဝင်ချိန်ကို လက်ချင်းဆုပ်ကိုင် အတူတူစောင့်နေခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အစာရေစာမစားတာကြာတဲ့ အဖိုးဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ ဒါကို သိတဲ့ ရွာသားတွေဟာ သူတို့တက်နိုင်သလောက် အစားအစာလေးတွေ ပေးကမ်းကြပေမယ့် ရေရှည်ကျတော့ မတက်နိုင်ကြပါ။ ဒီတော့ အဖိုးအိုဟာ တစ်ယောက်စာသာရတဲ့ အစားအစာကို ဇနီးကိုသာ ဦးစားပေးကျွေးလျှက်ပါဘဲ။ ကံကောင်းတာက သူတို့နှစ်ယောက်အကြောင်းကို သိတဲ့ ပရဟိတအလှူရှင်တွေ ပေါ်လာခဲ့ပါတယ်။

အဖွဲ့အစည်းတွေက လိုလေးသေးမရှိထောက်ပံ့ဖို့ တာဝန်ယူခဲ့ကြပြီး၊ လူကိုယ်တိုင် လာရောက်လှူဒါန်းနိုင်သူတွေကလည်း လူကိုယ်တိုင်လာရောက်လှူဒါန်းခဲ့ကြပါတယ်။ လူကိုယ်တိုင် မလှူနိုင်တဲ့သူတွေကလည်း လူကြုံနဲ့တစ်ဆင့် အလှူလုပ်ခဲ့ကြပါတယ်။ ဒီအတွက် အဖိုးနဲ့ အဖွားဟာ အလွန်ဝမ်းသာနေပါတယ်။

အဖိုးက ” ကျွန်တော့်မှာ အိမ်ကောင်းကောင်း မရှိပါဘူး … ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားကိုတော့ ဇနီးအတွက် အပြီးအပ်နှံပြီးသားပါ ကျွန်တော် ဒီအတွက် နောင်တမရပါဘူး”လို့ ပြောခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” ကျွန်တော့်မိန်းမ ခန္ဓာကိုယ် ပြန်လည်သန်စွမ်းလာမယ်လို့ ကျွန်တော့်ကတော့ ယုံနေပါတယ် … တကယ်တော့ ဘဝမှာ တစ်ခုခုတော့ ယုံကြည်နေသင့်တယ်လေ “လို့ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ အဖိုးနဲ့အဖွားတို့ရဲ့ အချစ်ဟာ ရိုမီယိုနဲ့ဂျူးလီယက်ပုံပြင်ထက် ပြောဖို့ပိုကောင်းနေတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါဘဲ။

crd

Zawgyi

လူတိုင္းမွာ အခ်စ္တစ္ခု အိမ္ေထာင္တစ္ခု တည္ေထာင္တဲ့အခါ ဘယ္ေတာ့မွ ခြဲမသြားပါဘူး၊ ပစ္မထားခဲ့ပါဘူး၊ တစ္သက္လုံး ေစာင့္ေရွာက္ပါ့မယ္-ဆိုတဲ့ ႏႈတ္ကတိေလးေတြ ထုံးစံအတိုင္း ေပးၾကေလ့ရွိပါတယ္။ ဒါေပမယ့္ အဲဒီကတိစကား ေပးခဲ့တိုင္းသာ တည္ၿမဲရင္ ကမာၻေပၚမွာ ကြာရွင္းျပတ္ဆဲတဲ့ အိမ္ေထာင္ေရးဆိုတာ ရွိမွာမဟုတ္ပါဘူး။

ကတိစကား ေတာ္ေတာ္မ်ားမ်ားဟာ တာဝန္ယူမႈတာဝန္ခံမႈနဲ႔ ယွဥ္လာတဲ့အခါမွာ အေျခအေနေပၚမူတည္ၿပီး ႀကီးေလးတဲ့ ဝန္ထုတ္ဝန္ပိုးႀကီးေတြ ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ မခြဲပါဘူးဆိုတဲ့ ကတိတစ္ခုဟာ ခ်စ္သူေတြ၊ အိမ္ေထာင္ဘက္ေတြၾကားမွာေတာင္ တည္ဖို႔ ခက္ပါတယ္။

ဒါေပမယ့္ အခ်စ္အတြက္ အသက္ကို ေပးခဲ့ၾကသူေတြလည္း ရွိပါတယ္။ အခုသတင္းထဲမွာပါတဲ့ ထိုင္းအဖိုးအိုဟာ ေႁမြကိုက္ၿပီး အေၾကာေသသြားတဲ့ ဇနီးသည္ကို အသက္ေပးကာ တက္ႏိုင္သမွ် ကာကြယ္ေပးေနရွာပါတယ္။ သူဟာ အိပ္ယာထဲ လဲေနရွာတဲ့ ဇနီးအတြက္ မစားရက္မေသာက္ရက္ ရလာတဲ့ အစားအစာေတြ အကုန္ေကြၽး၊ သူကိုယ္တိုင္ကေတာ့ ေရေသာက္ ဗိုက္ေမွာက္ၿပီး၊ တစ္ေန႔တစ္ျခား ပိန္လာခဲ့ပါတယ္။

တစ္ခ်ိဳ႕က တစ္ခုရရင္ တစ္ပိုင္းဆီစားမယ္-လို႔ ဆိုၾကေပမယ့္ ဒီအဖိုးႀကီးကေတာ့ ဘယ္ကိစၥကိုယ္မွ သူ႔အတြက္ ေရွ႕တန္းမတင္ဘဲ ဇနီးသည္ကိုသာ ဦးစားေပးခဲ့သူပါ။ လင္မယားႏွစ္ေယာက္ဟာ ထိုင္းႏိုင္ငံ Sa Kaeo နယ္ထဲက ေက်းလက္ကေလးမွာ ခ်ိဳ႕တဲ့စြာ ေနထိုင္ရင္း ဘဝေနဝင္ခ်ိန္ကို လက္ခ်င္းဆုပ္ကိုင္ အတူတူေစာင့္ေနခဲ့ၾကပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာ အစာေရစာမစားတာၾကာတဲ့ အဖိုးဟာ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့ပါဘူး။ ဒါကို သိတဲ့ ႐ြာသားေတြဟာ သူတို႔တက္ႏိုင္သေလာက္ အစားအစာေလးေတြ ေပးကမ္းၾကေပမယ့္ ေရရွည္က်ေတာ့ မတက္ႏိုင္ၾကပါ။ ဒီေတာ့ အဖိုးအိုဟာ တစ္ေယာက္စာသာရတဲ့ အစားအစာကို ဇနီးကိုသာ ဦးစားေပးေကြၽးလွ်က္ပါဘဲ။ ကံေကာင္းတာက သူတို႔ႏွစ္ေယာက္အေၾကာင္းကို သိတဲ့ ပရဟိတအလႉရွင္ေတြ ေပၚလာခဲ့ပါတယ္။

အဖြဲ႕အစည္းေတြက လိုေလးေသးမရွိေထာက္ပံ့ဖို႔ တာဝန္ယူခဲ့ၾကၿပီး၊ လူကိုယ္တိုင္ လာေရာက္လႉဒါန္းႏိုင္သူေတြကလည္း လူကိုယ္တိုင္လာေရာက္လႉဒါန္းခဲ့ၾကပါတယ္။ လူကိုယ္တိုင္ မလႉႏိုင္တဲ့သူေတြကလည္း လူႀကဳံနဲ႔တစ္ဆင့္ အလႉလုပ္ခဲ့ၾကပါတယ္။ ဒီအတြက္ အဖိုးနဲ႔ အဖြားဟာ အလြန္ဝမ္းသာေနပါတယ္။

အဖိုးက ” ကြၽန္ေတာ့္မွာ အိမ္ေကာင္းေကာင္း မရွိပါဘူး … ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ႏွလုံးသားကိုေတာ့ ဇနီးအတြက္ အၿပီးအပ္ႏွံၿပီးသားပါ ကြၽန္ေတာ္ ဒီအတြက္ ေနာင္တမရပါဘူး”လို႔ ေျပာခဲ့ပါတယ္။ သူက ဆက္လက္ၿပီး ” ကြၽန္ေတာ့္မိန္းမ ခႏၶာကိုယ္ ျပန္လည္သန္စြမ္းလာမယ္လို႔ ကြၽန္ေတာ့္ကေတာ့ ယုံေနပါတယ္ … တကယ္ေတာ့ ဘဝမွာ တစ္ခုခုေတာ့ ယုံၾကည္ေနသင့္တယ္ေလ “လို႔ ေျပာခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာေတာ့ အဖိုးနဲ႔အဖြားတို႔ရဲ႕ အခ်စ္ဟာ ႐ိုမီယိုနဲ႔ဂ်ဴးလီယက္ပုံျပင္ထက္ ေျပာဖို႔ပိုေကာင္းေနတဲ့ ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါဘဲ။

crd