
အမျိုးသမီး တွေရဲ့ ဟော်မုန်းဓာတ် ညီမျှမှုဟာ ကျန်းမာရေး အတွက် အရေးကြီးပြီး အလှအပရေးရာ အတွက်လည်း သက်ဆိုင်တဲ့ အရာ တစ်ခုပါ။
ငယ်ရွယ်တဲ့ အရွယ်မှာ ဟော်မုန်းဓာတ် မမျှတတဲ့ အခါ အသားအရေ မကြည်လင်ခြင်းနဲ့ အခြား သွေးသားနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အမျိုးသမီး ငယ်လေးတွေဟာ သက်လတ်ပိုင်း အရွယ် ရောက်တဲ့ အခါ သူများတွေနဲ့ တန်းတူ မတက်ကြွနိုင်တော့ပါဘူး။
ဒါတွေကို ကာကွယ်ချင်ရင်တော့ အစားအစာ တွေကို အာဟာရမျှတအောင် စားပြီး နုပျိုစေဖို့ အတွက် ကြံဆောင်ရပါမယ်။
အမျိုးသမီး တွေ အတွက် အရေးပါလှတဲ့ အစားအစာ ၅ မျိုးကတော့
၁။ ဒိန်ချဉ်
ဒိန်ချဉ် ဟာ ရှေးကျတဲ့ ဆေးနည်း တစ်မျိုးပါ။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးကောင်းတွေ အများအပြား ရှိပါတယ်။
ကယ်လ်စီယမ် ပါဝင်မှုများတဲ့ အတွက် အရိုးနဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
စိတ်ကျခြင်းနဲ့ အခြားအမျိုးသမီးရောဂါတွေ အတွက်လည်းကောင်းမွန်စေနိုင်ပါတယ်။
၂။ ငါး
အမျိုးသမီး တွေမှာ အလိုအပ်ဆုံးက အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါ။ သူ့ကို ငါး တွေကနေရရှိစေနိုင်ပါတယ်။ ဒါမှမဟုတ် ငါးကြီးဆီကို စားပေးနိုင်ပါတယ်။ ပင်လယ်ငါးတွေမှာ အများဆုံး ပါဝင်ပါတယ်။
၃။ အသီးအရွက် များ
အစိမ်းရင့်ရောင် အရွက်တွေဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အတွက် လူတိုင်းနဲ့ တည့်စေတဲ့ အစားအစာ လို့ ပြောလို့ ရပါတယ်။ ဟော်မုန်းကိုအဓိက ထိန်းညှိပေးတဲ့ အရွက်တွေကတော့ ဆလပ်ရွက်၊ မုန်လာထုပ်၊ ဟင်းနုနွယ်နဲ့ နံနံပင်တို့ပါ။
၄။ ဟင်းခတ် အမွှေးအကြိုင် များ
ဟင်းခတ် အမွှေးအကြိုင် တွေဟာ ကျန်းမာရေး နဲ့ ညီညွှတ်စေပြီး အရွယ်တင်စေပါတယ်။ အမျိုးသမီး တွေဟာ ဂျင်း၊ သစ်ကြပိုးနဲ့ ကြက်သွန်ဖြူတွေကို နေ့တိုင်း မပါမဖြစ် စားပေးရပါမယ်။
၅။ ထောပတ်သီး
ထောပတ်သီး ဟာ ကျန်းမာစေတဲ့ အဆီဓာတ် တွေ ပါဝင်ပါတယ်။ ဒီ အဆီဓာတ် တွေဟာ အမျိုးသမီး တွေကို ကူညီပေးပြီး ဟော်မုန်းကိုလည်း မျှတစေပါတယ်။
crd
Zawgyi
အမ်ိဳးသမီး ေတြရဲ႕ ေဟာ္မုန္းဓာတ္ ညီမွ်မႈဟာ က်န္းမာေရး အတြက္ အေရးႀကီးၿပီး အလွအပေရးရာ အတြက္လည္း သက္ဆိုင္တဲ့ အရာ တစ္ခုပါ။
ငယ္႐ြယ္တဲ့ အ႐ြယ္မွာ ေဟာ္မုန္းဓာတ္ မမွ်တတဲ့ အခါ အသားအေရ မၾကည္လင္ျခင္းနဲ႔ အျခား ေသြးသားနဲ႔ ဆိုင္တဲ့ ျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီလို ျဖစ္လာတဲ့ အမ်ိဳးသမီး ငယ္ေလးေတြဟာ သက္လတ္ပိုင္း အ႐ြယ္ ေရာက္တဲ့ အခါ သူမ်ားေတြနဲ႔ တန္းတူ မတက္ႂကြႏိုင္ေတာ့ပါဘူး။
ဒါေတြကို ကာကြယ္ခ်င္ရင္ေတာ့ အစားအစာ ေတြကို အာဟာရမွ်တေအာင္ စားၿပီး ႏုပ်ိဳေစဖို႔ အတြက္ ႀကံေဆာင္ရပါမယ္။
အမ်ိဳးသမီး ေတြ အတြက္ အေရးပါလွတဲ့ အစားအစာ ၅ မ်ိဳးကေတာ့
၁။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္ ဟာ ေရွးက်တဲ့ ေဆးနည္း တစ္မ်ိဳးပါ။ သူ႔မွာ က်န္းမာေရး အက်ိဳးေက်းဇူးေကာင္းေတြ အမ်ားအျပား ရွိပါတယ္။
ကယ္လ္စီယမ္ ပါဝင္မႈမ်ားတဲ့ အတြက္ အ႐ိုးနဲ႔ ႏွလုံးက်န္းမာေရးကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။
စိတ္က်ျခင္းနဲ႔ အျခားအမ်ိဳးသမီးေရာဂါေတြ အတြက္လည္းေကာင္းမြန္ေစႏိုင္ပါတယ္။
၂။ ငါး
အမ်ိဳးသမီး ေတြမွာ အလိုအပ္ဆုံးက အိုမီဂါ ၃ ဖက္တီးအက္ဆစ္ပါ။ သူ႔ကို ငါး ေတြကေနရရွိေစႏိုင္ပါတယ္။ ဒါမွမဟုတ္ ငါးႀကီးဆီကို စားေပးႏိုင္ပါတယ္။ ပင္လယ္ငါးေတြမွာ အမ်ားဆုံး ပါဝင္ပါတယ္။
၃။ အသီးအ႐ြက္ မ်ား
အစိမ္းရင့္ေရာင္ အ႐ြက္ေတြဟာ အင္တီေအာက္ဆီးဒင့္ ႂကြယ္ဝတဲ့ အတြက္ လူတိုင္းနဲ႔ တည့္ေစတဲ့ အစားအစာ လို႔ ေျပာလို႔ ရပါတယ္။ ေဟာ္မုန္းကိုအဓိက ထိန္းညႇိေပးတဲ့ အ႐ြက္ေတြကေတာ့ ဆလပ္႐ြက္၊ မုန္လာထုပ္၊ ဟင္းႏုႏြယ္နဲ႔ နံနံပင္တို႔ပါ။
၄။ ဟင္းခတ္ အေမႊးအႀကိဳင္ မ်ား
ဟင္းခတ္ အေမႊးအႀကိဳင္ ေတြဟာ က်န္းမာေရး နဲ႔ ညီၫႊတ္ေစၿပီး အ႐ြယ္တင္ေစပါတယ္။ အမ်ိဳးသမီး ေတြဟာ ဂ်င္း၊ သစ္ၾကပိုးနဲ႔ ၾကက္သြန္ျဖဴေတြကို ေန႔တိုင္း မပါမျဖစ္ စားေပးရပါမယ္။
၅။ ေထာပတ္သီး
ေထာပတ္သီး ဟာ က်န္းမာေစတဲ့ အဆီဓာတ္ ေတြ ပါဝင္ပါတယ္။ ဒီ အဆီဓာတ္ ေတြဟာ အမ်ိဳးသမီး ေတြကို ကူညီေပးၿပီး ေဟာ္မုန္းကိုလည္း မွ်တေစပါတယ္။
crd