
တော ၈ မျိုးရှိတယ် ဆိုတာ အခုမှ သိတော့တယ်… တောရှစ်မျိုး ..
၁။ မြိုင် ၂။ ဂနိုင် ၃။ ရဂုံ ၄။ စုံ ၅။ ခင်တန်း ၆။ ပြား ၇။ အင်တိုင်း ၈။ စေးပျစ် ဟူ၍ ဖြစ်လေသည်။
မြိုင်…
စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး။
ဂနိုင်…
အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး။
ရဂုံ…
သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး။
စုံ…
တစ်တော နှင့် တစ်တော ဆက်စပ်နေလျှက် လမ်းခရီး ရှိသည့် တောမျိုး။
ခင်တန်း…
ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက် ပေါက်ရောက်နေသော တောမျိုး။
ပြား…
ညွံထူထပ်သော တောမျိုး။
အင်တိုင်း…
ကျောက်တန်း ကျောက်စရစ် ထူပြော၍ မြက်များ ရောနှော ပေါက်တတ်သည့် တောမျိုး။
စေးပျစ်…
စည်းရိုး သဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ် သစ်ပင် ပေါက်တတ်သည့် တောမျိုး။
ဤတော ရှစ်မျိုး ကို ခြုံ၍ ကဗျာတစ်ပုဒ် ဖြစ်အောင် စပ်ဆို ခဲ့ကြလေသည် ။ စိမ့်စမ်း ဝေဆာ ၊ တပြားလွန်နက် ၊ တစ်ချက် သာမော ၊ သကော့ တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီး ချုံငယ် ၊
တသွယ် ညွန်ထူ ၊ မူကျောက်ပေါ ၊ မြက်နှော သဏ္ဍာန် ၊ တတန် စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင် ဤရှစ်အင် သည် ခေါ်တွင် ကျော်ဟိုး တောရှစ်မျိုး ဟူသတည်း ။
မူရင်းရေးသူ#ဆရာကြီးဦးဟုတ်လင်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Zawgyi
ေတာ ၈ မ်ိဳးရွိတယ္ ဆိုတာ အခုမွ သိေတာ့တယ္… ေတာရွစ္မ်ိဳး ..
၁။ ၿမိဳင္ ၂။ ဂႏိုင္ ၃။ ရဂုံ ၄။ စုံ ၅။ ခင္တန္း ၆။ ျပား ၇။ အင္တိုင္း ၈။ ေစးပ်စ္ ဟူ၍ ျဖစ္ေလသည္။
ၿမိဳင္…
စိမ့္စမ္း သစ္ပင္တို႔ျဖင့္ ေဝဆာေသာ ေတာမ်ိဳး။
ဂႏိုင္…
အလြန္ နက္ရႈိင္း ထူထပ္ေသာ ေတာမ်ိဳး။
ရဂုံ…
သာယာလွ်က္ ၾကည္ႏူး ေပ်ာ္႐ႊင္ဘြယ္ ေကာင္းေသာ ေတာမ်ိဳး။
စုံ…
တစ္ေတာ ႏွင့္ တစ္ေတာ ဆက္စပ္ေနလွ်က္ လမ္းခရီး ရွိသည့္ ေတာမ်ိဳး။
ခင္တန္း…
ခ်ဳံႀကီး ခ်ဳံငယ္မ်ား ႁပြမ္းတီး စီတန္းကာ အျမင့္ အနိမ့္ အလိုက္ ေပါက္ေရာက္ေနေသာ ေတာမ်ိဳး။
ျပား…
ၫြံထူထပ္ေသာ ေတာမ်ိဳး။
အင္တိုင္း…
ေက်ာက္တန္း ေက်ာက္စရစ္ ထူေျပာ၍ ျမက္မ်ား ေရာေႏွာ ေပါက္တတ္သည့္ ေတာမ်ိဳး။
ေစးပ်စ္…
စည္း႐ိုး သဖြယ္ ျဖစ္ေနေအာင္ ထူထူထပ္ထပ္ သစ္ပင္ ေပါက္တတ္သည့္ ေတာမ်ိဳး။
ဤေတာ ရွစ္မ်ိဳး ကို ၿခဳံ၍ ကဗ်ာတစ္ပုဒ္ ျဖစ္ေအာင္ စပ္ဆို ခဲ့ၾကေလသည္ ။ စိမ့္စမ္း ေဝဆာ ၊ တျပားလြန္နက္ ၊ တစ္ခ်က္ သာေမာ ၊ သေကာ့ တသီး၊ လမ္းခရီးႏွင့္ ၊ ခ်ဳံႀကီး ခ်ဳံငယ္ ၊
တသြယ္ ၫြန္ထူ ၊ မူေက်ာက္ေပါ ၊ ျမက္ေႏွာ သ႑ာန္ ၊ တတန္ စည္း႐ိုး ၊ ျပည့္ၿဖိဳး သစ္ပင္ ဤရွစ္အင္ သည္ ေခၚတြင္ ေက်ာ္ဟိုး ေတာရွစ္မ်ိဳး ဟူသတည္း ။
မူရင္းေရးသူ#ဆရာႀကီးဦးဟုတ္လင္း#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။