
မည်သည့်လတွင်မဆို ၉ရက် ၁၈ရက် ၂၇ရက်တွေ မှာ မွေးဖွားခဲ့ရင်တော့ သင်ဟာ ၉ ဂဏန်းသမားတယောက်ပါ
စိတ်တိုလွယ်တာ စိတ်ဆတ်တာလေးတွေ ရှိတတ်ပီး အစွန်းရောက်တတ်သူလေးတွေပါ ဆိုးရင်လဲ သူမတူအောင်ဆိုးတတ်ကြပီး ကောင်းရင်လဲ လိုက်မမှီအောင် ကောင်းတတ်ကြသူတွေလေးတွေပေါ့
( ၉ ဂဏန်းသမားတွေရဲ့အချစ်အကြောင်း)
အချစ်နဲ့ ပတ်သက်ရင်စိတ်ထိခိုက်လွယ် ခံစားလွယ်တတ်ကြသူလေးတွေပါ အရမ်း Ro တတ်ကြသူလေးတွေပေါ့ အချစ်စစ်နဲ့ မတွေ့ခင်မှာ ရည်းစားများကောင်းများတတ်ကြပေမယ့် အချစ်စစ်နဲ့ ဆုံရပီဆိုရင်တော့ အဆင့်အတန်းတူတူ မတူတူ
အသိုင်းအဝိုင်းက ကြည်ဖြူချင်ဖြူ မဖြူချင်နေ ကိုယ့်ချစ်သူရဲ့ မျက်နှာတခုထဲသာ ကြည့်ပီး ရအောင်လက်တွဲတတ်ကြသူလေးတွေပေါ့ ချစ်မိရင် စိတ်ရော ကိုယ်ပါ ချစ်သူအပေါ် မြှုပ်နှံပီး ချစ်တတ်ကြပါတယ်
( ၉ ဂဏန်းသမားတွေရဲ့ အလုပ်နဲ့ပတ်သက်တာ)
အလုပ်လုပ်ရာမှာ ဇွဲနဘဲ ကြီးတတ်ကြသလို ကြီးပွားချမ်းသာလိုစိတ်ပြင်းထန်တတ်ကြပီး အမှန်လား အမှားလား မခွဲခြားဘဲ
လုပ်ကိုင်တတ်ကြပါတယ် စိတ်လောကြီးခြင်း တွေ ဆုံးဖြတ်ချက် အမှားတွေကြောင့် ချွတ်ချော်တာ ဆုံးရှုံးမှု တွေ ရှိတတ်တာ သတိထားပေးဖို့လိုပါတယ် ငွေမျက်နှာကြည့်ရင်လဲ ငွေနောက်သာ သဲကြီးမဲကြီး လိုက်တတ်ကြပီး ပရဟိတစိတ်များ
သွားပြန်ရင်လဲ ကိုယ်ကျိုးဘာမှ မကြည့်ဘဲ ဆုံးရှံးအနစ်နာခံတတ်တဲ့ အစွန်းရောက်စိတ်လေးတွေ ရှိတတ်ကြပါတယ် ကိုယ့်စီးပွားရေးမှာပဲ ဖြစ်ဖြစ် ပရဟိတလုပ်ရမှာပဲဖြစ်ဖြစ် တဖက်စွန်းမရောက်အောင် ထိန်းညှိပေးဖို့လိုအပ်ပါတယ်နော်
(၉ ဂဏန်းသမားတွေရဲ့ လူမှုရေးရာ အဖြာဖြာ)
ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောမပြေပြစ်တာလေးတွေကြောင့် အပေါင်းအသင်းနဲတတ်ပါတယ် မိမိအပေါ် ဝေဖန်တိုက်ခိုက်လာရင်လဲ ပြင်ပြင်းထန်ထန် တုံ့ပြန်တတ်ကြသူလေးတွေပါ အကောင်းမြင်စိတ်လေးမွေးပီး သမမျှတစွာ နေထိုင်
မှသာ မိသားစုနဲ့ရော ပတ်ဝန်းကျင် နဲ့ပါ အဆင်ပြေမှာပါ အစွန်းရောက်တတ်သူလေးတွေမို့ နှစ်ဖက်မျှတွေးတတ်တဲ့ စိတ်ကလေး လဲ လိုအပ်ပါတယ်
(၉ ဂဏန်းသမားတွေရဲ့အိမ်ထောင်ရေး)
အိမ်ထောင်ဖက် ရွေးချယ်ရာမှာ မိဘ သဘောတူတူ မတူတူ မိမိချစ်မြတ်နိုးသူကိုသာ ရွေးချယ်ပီး ရအောင်ယူတတ်ကြပါ
တယ် အိမ်ထောင့်တာဝန်ကျေပွန်သော်လဲ အယူအဆ မတူ အမြင်မတူ သဘောထား မတူတာတွေကြောင့် တကျက်ကျက်ရန်ဖြစ်ရတတ်တာလေးတွေ ရှိတတ်ပါတယ် အိမ်ထောင်ဖက်အပေါ် သူ့ဘက်ကိုယ့်ဘက် မျှတွေးပီး နေဖို့ အကြံပေးပါရစေ
(၉ ဂဏန်းသမားတွေရဲ့ ကျန်းမာရေး)
အပူများတာကြောင့် ဆီးချုပ် ဝမ်းချုပ်တာလေးတွေ ဖြစ်တတ်ပါတယ်၉ဂဏန်းသမားတွေရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေက ၁/ ၆/ ၃ ဖြစ်ပီးဒုတိယအဆင်အပြေဆုံး နံပါတ်တွေက ၉/ ၄/၇ တို့ ဖြစ်ကြပါတယ်
Credit ~ မူရင်းရေးသားသူ
Zawgyi