
သုံးဘီးဆိုင်ကယ်မောင်း အာဇာနည်ဆရာမလေး
မြတ်မြတ်နိုးနိုးနဲ့ဝတ်ဆင်ခဲ့တဲ့ကျောင်းဝတ်စုံအဖြူအစိမ်းနဲ့သူစာသင်ရာကျောင်းခန်းလေးကိုဘယ်တော့မှမစွန့်လွှတ်ဖူးလို့ဆုံးဖြတ်ထားတဲ့ ဆရာမ မခိုင်(အမည်လွှဲ)တယောက် အရာအားလုံးကိုစွန့်လွှတ်ပစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။
ဒါကတော့စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံစောင့်ပေးခဲ့တဲ့ ဆရာဆရာမတွေကိုပါမဲလိမ်ပေးခဲ့တယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကြောင့်လဲပါဝင်ခဲ့ပါတယ်။
“CDM စလုပ်တဲ့ အဓိကအကြောင်းရင်းကနံပတ် ၁မဲရုံစောင့်တဲ့ ဆရာဆရာမတွေကို စစ်ကောင်စီဖက်က စော်ကားတဲ့ သဘောသက်ရောက်လို့ပါ မဲမသမာဘူးဆိုတာဟာ ဆရာဆရာမတွေကိုစော်ကားတာနဲ့တူတူပါပဲ မဲရုံမှာ အဓိက တာဝန်ဟာ ဆရာဆရာမတွေပဲလေ နောက်ဆို မဲရုံတာဝန်ပေးရင်တောင် ဘယ်ဆရာမမှ မလုပ်စေချင်တော့ဘူး” လို့သူကပြောပါတယ်။
နောက်တချက်ကတော့လွတ်လပ်စွာဆန္ဒပြတဲ့ပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာသူ့ရဲ့တပည့်တွေကိုမထားခြင်တာကြောင့်ရယ်ပါ။”ဘယ်နိုင်ငံမဆို democracy အရ ကိုယ်မကြိုက်တဲ့ အစိုးရတစ်ရပ်ကို လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ရှိပါတယ်
၂၂၂၂၂ အရေးတော်ပုံမှာလဲ အမတို့ပါပါတယ် အမတို့ ပစ်ခံရတာပါ။ပြီးတော့ ကလေးတွေကို သူတို့ လက်ထဲမှာ မထားချင်ဘူးမသင်ချင်ဘူး” လို့သူကဆက်ပြောပါတယ်။ မတရားတာကိုမတရားမှန်းသိသိကြီးနဲ့တော့ ဆက်အားပေးရတဲ့အလုပ်ကို သူမလုပ်လိုတာကြောင့်အခုလို သူမမြတ်နိုးတဲ့စာသင်ခန်းကိုစွန့်ခွာခဲ့ရတာပါ။
“အမတို့ လိုချင်တာ Democracy လွတ်လပ်ပြီးတရားမျှတတဲ့လက်အောက်မှာ ပဲ တာဝန်ထမ်းဆောင်ချင်ပါတယ် အမတို့ ကလေးတွေကို အမေစု ပျိူးထောင်ပေးခဲ့တဲ့ ပညာရေးစနစ်သစ်ကိုယ်တိုင်စဉ်းစားတွေးခေါ်မှူ ပြည့်ဝတဲ့ ဉာဏ်ရည်မျိူးပဲ ကလေးတွေကို ရစေချင်တယ်
တစ်နှစ်လုံးမှာ ဖက်စာအုပ် တစ်အုပ်ထဲက သင်ခန်းစာကိုတောင်မနည်း သက်နေရတဲ့ ခေတ်မှာ တစ်နှစ်ကို ၂တန်းနဲ့ သင်ကြားရမှာ ကလေးတွေအတွက်ရင်လေးတယ်”လို့လဲ သူမရဲ့တပည့်လေးတွေ နိုင်ငံအဝှမ်းမှာရှိတဲ့ကျောင်းသူကျောင်းသားလေးတွေအတွက် စိတ်ပူကြောင်းလဲ ဆရာမ မခိုင်ကပြောပါတယ်။
စစ်ကောင်စီက အခြေခံ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတွေကို မတ်လနဲ့ဇွန်လပိုင်းမှာအတင်းအကြပ်ဖွင့်ဖို့စီစင်ခဲ့ပေမယ့်ကျောင်းတက်သူတွေအလွန်နည်းပါးခဲ့သလိုCDMလုပ်တဲ့ပညာရေးဝန်ထမ်းတွေများလာတာကြောင့်ကိုဗစ်တတိယလှိုင်းအကြောင်းပြပြီးပြန်ပိတ်ဖို့အခုရက်ပိုင်းမှာပဲ ညွှန်ကြားခဲ့ရပါတယ်။c r d
———
သုံးဘီးဆိုင္ကယ္ေမာင္း အာဇာနည္ဆရာမေလး
ျမတ္ျမတ္ႏိုးႏိုးနဲ႔ဝတ္ဆင္ခဲ့တဲ့ေက်ာင္းဝတ္စုံအျဖဴအစိမ္းနဲ႔သူစာသင္ရာေက်ာင္းခန္းေလးကိုဘယ္ေတာ့မွမစြန႔္လႊတ္ဖူးလို႔ဆုံးျဖတ္ထားတဲ့ ဆရာမ မခိုင္(အမည္လႊဲ)တေယာက္ အရာအားလုံးကိုစြန႔္လႊတ္ပစ္ဖို႔ဆုံးျဖတ္ခ်က္ခ်လိုက္ပါၿပီ။
ဒါကေတာ့စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲ႐ုံေစာင့္ေပးခဲ့တဲ့ ဆရာဆရာမေတြကိုပါမဲလိမ္ေပးခဲ့တယ္ဆိုတဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႕ စြပ္စြဲခ်က္ေတြေၾကာင့္လဲပါဝင္ခဲ့ပါတယ္။
“CDM စလုပ္တဲ့ အဓိကအေၾကာင္းရင္းကနံပတ္ ၁မဲ႐ုံေစာင့္တဲ့ ဆရာဆရာမေတြကို စစ္ေကာင္စီဖက္က ေစာ္ကားတဲ့ သေဘာသက္ေရာက္လို႔ပါ မဲမသမာဘူးဆိုတာဟာ ဆရာဆရာမေတြကိုေစာ္ကားတာနဲ႔တူတူပါပဲ မဲ႐ုံမွာ အဓိက တာဝန္ဟာ ဆရာဆရာမေတြပဲေလ ေနာက္ဆို မဲ႐ုံတာဝန္ေပးရင္ေတာင္ ဘယ္ဆရာမမွ မလုပ္ေစခ်င္ေတာ့ဘူး” လို႔သူကေျပာပါတယ္။
ေနာက္တခ်က္ကေတာ့လြတ္လပ္စြာဆႏၵျပတဲ့ျပည္သူေတြကိုရက္ရက္စက္စက္သတ္ျဖတ္တဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႕လက္ေအာက္မွာသူ႔ရဲ႕တပည့္ေတြကိုမထားျခင္တာေၾကာင့္ရယ္ပါ။”ဘယ္ႏိုင္ငံမဆို democracy အရ ကိုယ္မႀကိဳက္တဲ့ အစိုးရတစ္ရပ္ကို လြတ္လပ္စြာ ဆႏၵျပပိုင္ခြင့္ရွိပါတယ္
၂၂၂၂၂ အေရးေတာ္ပုံမွာလဲ အမတို႔ပါပါတယ္ အမတို႔ ပစ္ခံရတာပါ။ၿပီးေတာ့ ကေလးေတြကို သူတို႔ လက္ထဲမွာ မထားခ်င္ဘူးမသင္ခ်င္ဘူး” လို႔သူကဆက္ေျပာပါတယ္။ မတရားတာကိုမတရားမွန္းသိသိႀကီးနဲ႔ေတာ့ ဆက္အားေပးရတဲ့အလုပ္ကို သူမလုပ္လိုတာေၾကာင့္အခုလို သူမျမတ္ႏိုးတဲ့စာသင္ခန္းကိုစြန႔္ခြာခဲ့ရတာပါ။
“အမတို႔ လိုခ်င္တာ Democracy လြတ္လပ္ၿပီးတရားမွ်တတဲ့လက္ေအာက္မွာ ပဲ တာဝန္ထမ္းေဆာင္ခ်င္ပါတယ္ အမတို႔ ကေလးေတြကို အေမစု ပ်ိဴးေထာင္ေပးခဲ့တဲ့ ပညာေရးစနစ္သစ္ကိုယ္တိုင္စဥ္းစားေတြးေခၚမႉ ျပည့္ဝတဲ့ ဉာဏ္ရည္မ်ိဴးပဲ ကေလးေတြကို ရေစခ်င္တယ္
တစ္ႏွစ္လုံးမွာ ဖက္စာအုပ္ တစ္အုပ္ထဲက သင္ခန္းစာကိုေတာင္မနည္း သက္ေနရတဲ့ ေခတ္မွာ တစ္ႏွစ္ကို ၂တန္းနဲ႔ သင္ၾကားရမွာ ကေလးေတြအတြက္ရင္ေလးတယ္”လို႔လဲ သူမရဲ႕တပည့္ေလးေတြ ႏိုင္ငံအဝွမ္းမွာရွိတဲ့ေက်ာင္းသူေက်ာင္းသားေလးေတြအတြက္ စိတ္ပူေၾကာင္းလဲ ဆရာမ မခိုင္ကေျပာပါတယ္။
စစ္ေကာင္စီက အေျခခံ မူလတန္း အလယ္တန္း အထက္တန္းေက်ာင္းေတြကို မတ္လနဲ႔ဇြန္လပိုင္းမွာအတင္းအၾကပ္ဖြင့္ဖို႔စီစင္ခဲ့ေပမယ့္ေက်ာင္းတက္သူေတြအလြန္နည္းပါးခဲ့သလိုCDMလုပ္တဲ့ပညာေရးဝန္ထမ္းေတြမ်ားလာတာေၾကာင့္ကိုဗစ္တတိယလႈိင္းအေၾကာင္းျပၿပီးျပန္ပိတ္ဖို႔အခုရက္ပိုင္းမွာပဲ ၫႊန္ၾကားခဲ့ရပါတယ္။c r d