
မြန်မာပြည်ရဲ့ ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောဆိပ် အစရှိတဲ့ ခရီးသွားပြည်သူတွေ အများအပြား လာရောက်ကြတဲ့ နေရာမျိုးမှာ ဒေသထွက် စားစရာတွေကို ဂျင်းထည့်ရောင်းတဲ့ ဓလေ့ဟာ ဟိုယခင်ခေတ်ကတည်းက တွင်ကျယ်နေတာပဲ ဖြစ်ပါတယ်။
ဒေသထွက် စားစရာတွေအကြောင်း သိပ်မသိတဲ့ ခရီးသွားဧည့်သည်တွေကို မတန်တဆ ဈေးနဲ့ အရည်အသွေး နိမ့်တဲ့ ပစ္စည်းတွေ အတင်း ထိုးရောင်းတဲ့ ဓလေ့ဟာ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူ တခုပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ရထားပေါ်မှာ လိုက်ရောင်းတဲ့ ပစ္စည်းတွေ အများစုဟာ ဂျင်းထည့်တဲ့ ပစ္စည်းတွေ ဖြစ်လေ့ ရှိပါတယ်။ ယခင်က ရန်ကုန် မန္တလေး ရထားပေါ်မှာ ဂျင်းထည့်လေ့ ရှိတာကတော့ ထမင်းဆီဆမ်းနဲ့ ကြက်ကြော် ရောင်းတဲ့သူတွေ အများစု ဖြစ်ပါတယ်။
ဈေးရောင်းတဲ့ အချိန်မှာ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်ကို ၅၀၀ လို့ ပြောပေမယ့် တကယ်ဝယ်စားတဲ့ အချိန်မှာ ထမင်းဆီဆမ်းက ၅၀၀ ဖြစ်ပြီး ကြက်ကြော်က တတုံး ၁၀၀၀ ဆိုပြီး အတင်းတောင်းတတ်ပါတယ်။ ဝယ်စားမိတဲ့သူခမျာ စားပြီးကာမှ အောင့်သက်သက်နဲ့ ပေးလိုက်ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။
ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်တွေနဲ့ ဂျင်းထည့်တဲ့နေရာမှာ နာမည်ကြီးတာကတော့ ပဲခူးမြို့ပဲ ဖြစ်ပါတယ်။ ပဲခူးဘူတာနဲ့ ကားဂိတ်တွေမှာ သေသေသပ်သပ် လှလှပပ ထုပ်ပိုးထားတဲ့ ငါးချဉ်ထုပ်လေးတွေကို လိုက်ရောင်းနေသူ အများအပြား ရှိပါတယ်။
၅ ထုပ်ပါတဲ့ တတွဲကို ဘယ်လောက်ပဲ ပေးဆိုပြီး ရောင်းလို့ တန်တယ်ဆိုပြီး သွားမဝယ်လိုက်ပါနဲ့။ ဖက်ရွက်တွေကို ပိုက်ဆံ ပေးဝယ်ရသလို ဖြစ်သွားပါလိမ့်မယ်။ ဖက်ရွက်တွေနဲ့ အထပ်ထပ် အုပ်ထားတဲ့ အထုပ်ထဲမှာ ၂ လက်မ အရွယ် ထမင်းချဉ်တုံးလေး ၁ တုံးကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။
ယခုပို့စ်မှာ ဖော်ပြမယ့် အကြောင်းအရာကတော့ မော်လမြိုင် ရထားပေါ်မှာ ဂျင်းမိခဲ့တဲ့ ဖက်ကိုးလွှာ ပုဇွန်ချဉ် အကြောင်းပဲ ဖြစ်ပါတယ်။ နာမည်ကြီး ပဲခူး မနီ ပုဇွန်ချဉ် နာမည်နဲ့ ဆင်တူယိုးမှား ပဲခူး မနီပြည့် တံဆိပ်ဆိုပြီး ပြုလုပ်ကာ ခရီးသွားပြည်သူတွေကို ဂျင်းထည့်ရောင်းနေတာပါ။
အထုပ်ထဲမှာ ဖက်ကိုးလွှာနဲ့ ထုပ်ထားပြီး ဆိုးဆေးအပြည့်ပါတဲ့ ထမင်းချဉ်လေး တတုံးပဲ ပါဝင်ပါတယ်။ စားသုံးသူတွေအပေါ် စေတနာထားမှုကတော့ အံ့ဩလောက်စရာပါပဲ။ ဒီလိုမျိုး ဝိသမလောဘသားတွေ ရှိနေသရွေ့ကတော့ မြန်မာပြည်သူတွေ အနေနဲ့ ဒုက္ခတွေ ခံစားနေရဦးမှာပဲ ဖြစ်ပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အစားအသောက်ကို ဒီလို ဂျင်းထည့်ရောင်းနေသူတွေကို စိစစ်ကြပ်မတ်သင့်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း အသိနဲ့ သတိကို နှိုင်းယှဉ်ပြီး ဂျင်းအစားအသောက်တွေကို ရှောင်ရှားနိုင်ကြပါစေလို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။
Zawgyi
ျမန္မာျပည္ရဲ႕ ရထားဘူတာ၊ ကားဂိတ္၊ သေဘၤာဆိပ္ အစရွိတဲ့ ခရီးသြားျပည္သူေတြ အမ်ားအျပား လာေရာက္ၾကတဲ့ ေနရာမ်ိဳးမွာ ေဒသထြက္ စားစရာေတြကို ဂ်င္းထည့္ေရာင္းတဲ့ ဓေလ့ဟာ ဟိုယခင္ေခတ္ကတည္းက တြင္က်ယ္ေနတာပဲ ျဖစ္ပါတယ္။
ေဒသထြက္ စားစရာေတြအေၾကာင္း သိပ္မသိတဲ့ ခရီးသြားဧည့္သည္ေတြကို မတန္တဆ ေဈးနဲ႔ အရည္အေသြး နိမ့္တဲ့ ပစၥည္းေတြ အတင္း ထိုးေရာင္းတဲ့ ဓေလ့ဟာ ျမန္မာျပည္ရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့ အျပဳအမူ တခုပဲ ျဖစ္ပါတယ္။
အထူးသျဖင့္ ရထားေပၚမွာ လိုက္ေရာင္းတဲ့ ပစၥည္းေတြ အမ်ားစုဟာ ဂ်င္းထည့္တဲ့ ပစၥည္းေတြ ျဖစ္ေလ့ ရွိပါတယ္။ ယခင္က ရန္ကုန္ မႏၲေလး ရထားေပၚမွာ ဂ်င္းထည့္ေလ့ ရွိတာကေတာ့ ထမင္းဆီဆမ္းနဲ႔ ၾကက္ေၾကာ္ ေရာင္းတဲ့သူေတြ အမ်ားစု ျဖစ္ပါတယ္။
ေဈးေရာင္းတဲ့ အခ်ိန္မွာ ထမင္းဆီဆမ္းနဲ႔ ၾကက္ေၾကာ္ကို ၅၀၀ လို႔ ေျပာေပမယ့္ တကယ္ဝယ္စားတဲ့ အခ်ိန္မွာ ထမင္းဆီဆမ္းက ၅၀၀ ျဖစ္ၿပီး ၾကက္ေၾကာ္က တတုံး ၁၀၀၀ ဆိုၿပီး အတင္းေတာင္းတတ္ပါတယ္။ ဝယ္စားမိတဲ့သူခမ်ာ စားၿပီးကာမွ ေအာင့္သက္သက္နဲ႔ ေပးလိုက္ရတဲ့ အျဖစ္ေတြ ရွိခဲ့ပါတယ္။
ပုဇြန္ခ်ဥ္၊ ငါးဖယ္ခ်ဥ္ေတြနဲ႔ ဂ်င္းထည့္တဲ့ေနရာမွာ နာမည္ႀကီးတာကေတာ့ ပဲခူးၿမိဳ႕ပဲ ျဖစ္ပါတယ္။ ပဲခူးဘူတာနဲ႔ ကားဂိတ္ေတြမွာ ေသေသသပ္သပ္ လွလွပပ ထုပ္ပိုးထားတဲ့ ငါးခ်ဥ္ထုပ္ေလးေတြကို လိုက္ေရာင္းေနသူ အမ်ားအျပား ရွိပါတယ္။
၅ ထုပ္ပါတဲ့ တတြဲကို ဘယ္ေလာက္ပဲ ေပးဆိုၿပီး ေရာင္းလို႔ တန္တယ္ဆိုၿပီး သြားမဝယ္လိုက္ပါနဲ႔။ ဖက္႐ြက္ေတြကို ပိုက္ဆံ ေပးဝယ္ရသလို ျဖစ္သြားပါလိမ့္မယ္။ ဖက္႐ြက္ေတြနဲ႔ အထပ္ထပ္ အုပ္ထားတဲ့ အထုပ္ထဲမွာ ၂ လက္မ အ႐ြယ္ ထမင္းခ်ဥ္တုံးေလး ၁ တုံးကိုပဲ ေတြ႕ရမွာ ျဖစ္ပါတယ္။
ယခုပို႔စ္မွာ ေဖာ္ျပမယ့္ အေၾကာင္းအရာကေတာ့ ေမာ္လၿမိဳင္ ရထားေပၚမွာ ဂ်င္းမိခဲ့တဲ့ ဖက္ကိုးလႊာ ပုဇြန္ခ်ဥ္ အေၾကာင္းပဲ ျဖစ္ပါတယ္။ နာမည္ႀကီး ပဲခူး မနီ ပုဇြန္ခ်ဥ္ နာမည္နဲ႔ ဆင္တူယိုးမွား ပဲခူး မနီျပည့္ တံဆိပ္ဆိုၿပီး ျပဳလုပ္ကာ ခရီးသြားျပည္သူေတြကို ဂ်င္းထည့္ေရာင္းေနတာပါ။
အထုပ္ထဲမွာ ဖက္ကိုးလႊာနဲ႔ ထုပ္ထားၿပီး ဆိုးေဆးအျပည့္ပါတဲ့ ထမင္းခ်ဥ္ေလး တတုံးပဲ ပါဝင္ပါတယ္။ စားသုံးသူေတြအေပၚ ေစတနာထားမႈကေတာ့ အံ့ဩေလာက္စရာပါပဲ။ ဒီလိုမ်ိဳး ဝိသမေလာဘသားေတြ ရွိေနသေ႐ြ႕ကေတာ့ ျမန္မာျပည္သူေတြ အေနနဲ႔ ဒုကၡေတြ ခံစားေနရဦးမွာပဲ ျဖစ္ပါတယ္။
သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ အေနနဲ႔လည္း အစားအေသာက္ကို ဒီလို ဂ်င္းထည့္ေရာင္းေနသူေတြကို စိစစ္ၾကပ္မတ္သင့္ပါတယ္။ ျပည္သူေတြ အေနနဲ႔လည္း အသိနဲ႔ သတိကို ႏႈိင္းယွဥ္ၿပီး ဂ်င္းအစားအေသာက္ေတြကို ေရွာင္ရွားႏိုင္ၾကပါေစလို႔ အသိေပးလိုက္ရပါတယ္ ခင္ဗ်ာ။