
စစ်ကိုင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ပေးမယ်လို့ဆိုပြီး “ရည်းစားလေးတစ်ယောက်တော့လိုနေတာပေါ့”အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်ဖွင့်ပြီး လူ ၁၉ ယောက် လိမ်ခေါ်သူကို မနေ့နိုဝင်ဘာ၁၄ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
စားသောက်ဆိုင်ပိုင်ရှင်ပုံစံနဲ့ စစ်ကိုင်းမှာ အလုပ်ပေးမယ်ဆိုကာ စစ်ကိုင်းမြို့ရှိအမည်မဖော်လိုတဲ့ ကားဂိတ်ကနေခေါ်ပြီး စစ်ကိုင်းမြို့ကောင်းမှုတော်ဘုရား အနီးက လူရှင်းတဲ့နေရာမှာ ပိုက်ဆံတောင်းရာ မပေးတာကြောင့် ဓါးနဲ့ထောက် ခြိမ်းခြောက်ငွေတောင်းနေချိန် ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။
“အဲ့ဒီလူက အဲ့ဒီလိုလိမ်တာ ၁၉ယောက်ရှိပြီ ၉ယောက်ကတော့ ထုံးဘိုရပ်ကွက်အနီးက ဘုရားနား ထားသွားတာ၊ ကျန်တဲ့၁၀ယောက်ကတော့ ဇေယျာကွက်သစ်မှာထားသွားတာ၊ အလိမ်ခံရတဲ့သူတွေကိုလည်း ကျနော်တို့ပရဟိတအဖွဲ့ကနေ ကူညီခေါ်ယူပြီး မိသားစုကို အကြောင်းကြားပေးခဲ့တယ်လို့”ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေးနဲ့အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “စစ်ကိုင်းမြို့မှာ အလုပ်ပေးမယ်လို့လိမ်ခေါ်ပြီး ငွေယူကာထားသွားတာတွေ မကြာခဏဖြစ်နေတာကြောင့် စစ်ကိုင်းခရိုင်မှူးညွန်ကြားချက်နဲ့ အသွင်ယူဖမ်းဆီးခဲ့တယ်၊ အဲ့ဒီလူ စစ်ကိုင်း ရွှေမင်းဝံရပ်ကွက်မှာ အိမ်ငှားနေတာ မှတ်ပုံတ င်၂ခုကိုင်ထားတာ ကွင်းဆက်လိုက်ကြည့်တော့ အရင်က အလုပ်ပေးမယ်လို့ခေါ်ပြီး ခြိမ်းခြောက်ငွေတောင်းပြီး ပစ်ထားခဲ့တဲ့လူတွေကိုလည်း သူလုပ်တာဖြစ်နေတာ၊ တရားခံကတော့ အမျိုးသား၂၇နှစ် နာမည်က သိန်းဆန်း(ခ)ရခိုင်”လို့ ပြောပါတယ်။
“အလိမ်ခံရတဲ့လူတွေဟာ ကျောက်မဲမြို့က ၂ယောက်၊ သီပေါမြို့က တယောက်၊ ရွှေဘိုမြို့က ၂ယောက်၊ ပြင်ဦးလွင်မြို့က တယောက်၊ ကသာမြို့က တယောက်၊ အခြားနယ်ဝေးကလူတွေ စုစုပေါင်း၁၉ယောက်ဖြစ်တယ်လို့ သိရပါတယ်။
“တစ်ပတ်၁ကြိမ်ဆိုသလိုဖြစ်ပွားနေပြီး အများဆုံးက အမျိုးသမီးတွေပါနေတယ်၊ နောက် အယုံမလွယ်ကြဖို့ သေချာစဉ်းစားပြီး မိသားစုနဲ့နားလည်တဲ့သူနဲ့တိုင်ပင်ပြီး သေချာဆုံးဖြတ်စေချင်တယ်၊ နောက်လူတွေလည်းမဖြစ်စေချင်ဘူးလို့”ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(အရန်မီးသတ်တပ်ဖွဲ့)တာဝန်ရှိသူတဦးကပြောပါတယ်။
ပြစ်မှုကျူးလွန်သူကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းကဖမ်းဆီးပြီး ဆက်လက်စုံစမ်းကာအမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
Credit
Zawgyi
စစ္ကိုင္းၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုမွာ အလုပ္ေပးမယ္လို႔ဆိုၿပီး “ရည္းစားေလးတစ္ေယာက္ေတာ့လိုေနတာေပါ့”အမည္နဲ႔ ေဖ့စ္ဘုတ္အေကာင့္ဖြင့္ၿပီး လူ ၁၉ ေယာက္ လိမ္ေခၚသူကို မေန႔ႏိုဝင္ဘာ၁၄ရက္ ေန႔လယ္ပိုင္းက ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။
စားေသာက္ဆိုင္ပိုင္ရွင္ပုံစံနဲ႔ စစ္ကိုင္းမွာ အလုပ္ေပးမယ္ဆိုကာ စစ္ကိုင္းၿမိဳ႕ရွိအမည္မေဖာ္လိုတဲ့ ကားဂိတ္ကေနေခၚၿပီး စစ္ကိုင္းၿမိဳ႕ေကာင္းမႈေတာ္ဘုရား အနီးက လူရွင္းတဲ့ေနရာမွာ ပိုက္ဆံေတာင္းရာ မေပးတာေၾကာင့္ ဓါးနဲ႔ေထာက္ ၿခိမ္းေျခာက္ေငြေတာင္းေနခ်ိန္ ဖမ္းမိခဲ့တာျဖစ္တယ္လို႔ စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕ကေနသိရပါတယ္။
“အဲ့ဒီလူက အဲ့ဒီလိုလိမ္တာ ၁၉ေယာက္ရွိၿပီ ၉ေယာက္ကေတာ့ ထုံးဘိုရပ္ကြက္အနီးက ဘုရားနား ထားသြားတာ၊ က်န္တဲ့၁၀ေယာက္ကေတာ့ ေဇယ်ာကြက္သစ္မွာထားသြားတာ၊ အလိမ္ခံရတဲ့သူေတြကိုလည္း က်ေနာ္တို႔ပရဟိတအဖြဲ႕ကေန ကူညီေခၚယူၿပီး မိသားစုကို အေၾကာင္းၾကားေပးခဲ့တယ္လို႔”ထုံးဘိုအေရးေပၚကယ္ဆယ္ေရးနဲ႔အရန္မီးသတ္တပ္ဖြဲ႕ တာဝန္ရွိသူတဦးကေျပာပါတယ္။
စစ္ကိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕တာဝန္ရွိသူတဦးက “စစ္ကိုင္းၿမိဳ႕မွာ အလုပ္ေပးမယ္လို႔လိမ္ေခၚၿပီး ေငြယူကာထားသြားတာေတြ မၾကာခဏျဖစ္ေနတာေၾကာင့္ စစ္ကိုင္းခ႐ိုင္မႉးၫြန္ၾကားခ်က္နဲ႔ အသြင္ယူဖမ္းဆီးခဲ့တယ္၊ အဲ့ဒီလူ စစ္ကိုင္း ေ႐ႊမင္းဝံရပ္ကြက္မွာ အိမ္ငွားေနတာ မွတ္ပုံတ င္၂ခုကိုင္ထားတာ ကြင္းဆက္လိုက္ၾကည့္ေတာ့ အရင္က အလုပ္ေပးမယ္လို႔ေခၚၿပီး ၿခိမ္းေျခာက္ေငြေတာင္းၿပီး ပစ္ထားခဲ့တဲ့လူေတြကိုလည္း သူလုပ္တာျဖစ္ေနတာ၊ တရားခံကေတာ့ အမ်ိဳးသား၂၇ႏွစ္ နာမည္က သိန္းဆန္း(ခ)ရခိုင္”လို႔ ေျပာပါတယ္။
“အလိမ္ခံရတဲ့လူေတြဟာ ေက်ာက္မဲၿမိဳ႕က ၂ေယာက္၊ သီေပါၿမိဳ႕က တေယာက္၊ ေ႐ႊဘိုၿမိဳ႕က ၂ေယာက္၊ ျပင္ဦးလြင္ၿမိဳ႕က တေယာက္၊ ကသာၿမိဳ႕က တေယာက္၊ အျခားနယ္ေဝးကလူေတြ စုစုေပါင္း၁၉ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။
“တစ္ပတ္၁ႀကိမ္ဆိုသလိုျဖစ္ပြားေနၿပီး အမ်ားဆုံးက အမ်ိဳးသမီးေတြပါေနတယ္၊ ေနာက္ အယုံမလြယ္ၾကဖို႔ ေသခ်ာစဥ္းစားၿပီး မိသားစုနဲ႔နားလည္တဲ့သူနဲ႔တိုင္ပင္ၿပီး ေသခ်ာဆုံးျဖတ္ေစခ်င္တယ္၊ ေနာက္လူေတြလည္းမျဖစ္ေစခ်င္ဘူးလို႔”ထုံးဘိုအေရးေပၚကယ္ဆယ္ေရးအဖြဲ႕(အရန္မီးသတ္တပ္ဖြဲ႕)တာဝန္ရွိသူတဦးကေျပာပါတယ္။
ျပစ္မႈက်ဴးလြန္သူကိုလည္း သက္ဆိုင္ရာနယ္ေျမရဲစခန္းကဖမ္းဆီးၿပီး ဆက္လက္စုံစမ္းကာအမႈဖြင့္အေရးယူဖို႔ေဆာင္႐ြက္ေနတယ္လို႔ စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕ကေန သိရပါတယ္။
Credit