
၁၀နှစ်အကြာ ချွေတာစားပြီး စုဆောင်းငွေလေးနဲ့ အိမ်လေးတစ်လုံးကို ဝယ်ယူနိုင်ခဲ့သော မိန်းကလေး
တရုတ်နိုင်ငံ Jiangsuပြည်နယ်တွင် နေထိုင်သော အသက်၂၇နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၁၄နှစ်သမီးအရွယ်လေးတည်းက ကျောင်းထွက်ပြီး အလုပ်မျိုးစုံလုပ်ကိုင်ရင်း တစ်လကိုယွမ်၃၀၀၀ရသည်ထိ စုဆောင်းခဲ့သည်။
မိန်းကလေးသည် ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ရန် အိပမက်ရှိခဲ့ရာ အကောင်အထည်ဖော်ဖို့ရာအတွက် ပင်ပင်ပန်းပန်း အလုပ်တွေလုပ်နေတာကို မကြည့်ရက်ပဲ ဆက်မလုပ်ရန် တားမြစ်ခဲ့သော်လည်း မရခဲ့ပေ။
မိန်းကလေးသည် အဆောင်မှာတစ်ယောက်တည်းထွက်နေပြီး ငွေချွေတာရန် ခေါက်ဆွဲခြောက်ထုပ်ကိုသာ တော်တော်များများစားသုံးခဲ့ပြီး ၁၀နှစ်အတွင်း သူမပိုက်ဆံနဲ့ ယွမ်၂၈၀၀၀၀တန်ဖိုးရှိ တိုက်အိမ်ကြီးတစ်လုံးကို ဝယ်ယူနိုင်ခဲ့သည်။
crd
Zawgyi
crd