
မြန်မာနိုင်ငံသားများကို ကူညီထောက်ပံ့ရန်အတွက် ဘဏ္ဍာငွေများထားရှိထားကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါကပြော
မြန်မာနိုင်ငံက ဝင်ရောက်ခိုလှုံလာသူတွေအတွက် အကူအညီပေးဖို့ ဘဏ္ဍာငွေ လျာထားချက် ရှိတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က ဇွန်လ ၁၅ရက် မနေ့က ပြောတဲ့အကြောင်း အိန္ဒိယကNDTVသတင်းမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဟာ မီဇိုရမ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ မီဇိုလူငယ်ဗဟိုအဖွဲ့ CYMA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်း ပြောခဲ့တာပါ။ဒုက္ခသည်တွေအတွက် အကူအညီငွေ တစ်ဦးကို ဘယ်လောက်ဆိုတာ သတ်မှတ်ထားပြီး မကြာခင် ထုတ်ပေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ်က သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက လာသူတွေအတွက်အကူအညီတွေ ဆက်ပြီးပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ CYMA မီဇိုလူငယ်အဖွဲ့ဟာ မြန်မာဒုက္ခသည်တွေ နေထိုင်စားသောက်ရေး ကိစ္စတွေကို တာဝန်ယူဆောင်ရွက် ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
———-
ျမန္မာႏိုင္ငံသားမ်ားကို ကူညီေထာက္ပံ့ရန္အတြက္ ဘ႑ာေငြမ်ားထားရွိထားေၾကာင္း ျပည္နယ္၀န္ႀကီးခ်ဳပ္ ဇိုရမ္သန္ဂါကေျပာ
ျမန္မာႏိုင္ငံက ဝင္ေရာက္ခိုလႈံလာသူေတြအတြက္ အကူအညီေပးဖို႔ ဘ႑ာေငြ လ်ာထားခ်က္ ရွိတယ္လို႔ အိႏၵိယႏိုင္ငံ မီဇိုရမ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Zoramthanga က ဇြန္လ ၁၅ရက္ မေန႔က ေျပာတဲ့အေၾကာင္း အိႏၵိယကNDTVသတင္းမွာ ေဖာ္ျပပါတယ္။
ဝန္ႀကီးခ်ဳပ္ဟာ မီဇိုရမ္ကို ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံဘက္က ဒုကၡသည္ေတြအေရး ေဆာင္႐ြက္ေပးေနတဲ့ မီဇိုလူငယ္ဗဟိုအဖြဲ႕ CYMA ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံတုန္း ေျပာခဲ့တာပါ။ဒုကၡသည္ေတြအတြက္ အကူအညီေငြ တစ္ဦးကို ဘယ္ေလာက္ဆိုတာ သတ္မွတ္ထားၿပီး မၾကာခင္ ထုတ္ေပးမွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္က သူ႔အစိုးရအဖြဲ႕အေနနဲ႔ ျမန္မာႏိုင္ငံက လာသူေတြအတြက္အကူအညီေတြ ဆက္ၿပီးေပးသြားမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ CYMA မီဇိုလူငယ္အဖြဲ႕ဟာ ျမန္မာဒုကၡသည္ေတြ ေနထိုင္စားေသာက္ေရး ကိစၥေတြကို တာဝန္ယူေဆာင္႐ြက္ ေပးေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။