အလေးချိန်ပေါင်း ၁၃ကီလိုဂရမ်ရှိသော လက်ဝတ်လက်စားရွှေများကို သွားလေရာ ဝတ်ဆင်သွားတတ်သော ရွှေကြိုက်သူအမျိုးသား(ရုပ်သံ)
ရွှေများကို များသောအားဖြင့် အမျိုးသမီးများဝတ်ဆင်ကြပြီး အချို့သော အမျိုးသားများ ကြိုက်နှစ်သက်လျှင်လည်း အခြားမည်သူမျှလိုက်၍မမှီပေ။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ Tran Ngoc Phuc အမည်ရှိသော အသက် ၃၆နှစ်အရွယ် အမျိုးသားကြီးသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရွှေကို အထူးနှစ်သက်သူတစ်ဦးလည်း ဖြစ်သည်။
အမျိုးသားသည် လက်ဝတ်ရတနာများစွာဝယ်ယူထားပြီးသွားလေရာနေရာတိုင်းတွင် ရွှေထည်များဝတ်ဆင်ကာသွားလာလေ့ရှိပြီး ကိုယ်ပေါ်တွင်ဝတ်ဆင်ထားသော ရွှေထည် စုစုပေါင်းအလေးချိန်မှာ ၁၃ကီလိုဂရမ်ရှိပြီး ဒေါ်လာ ၅၅၀,၀၀၀တန်ဖိုးရှိသည်။
အမျိုးသားသည် တန်ဖိုးကြီး ရွှေထည်များဝတ်ဆင်ပြီး အပြင်ထွက်သည့်အခါ ဘေးကင်းလုံခြုံစေရန် ဘော်ဒီကတ် ၅ ဦးခန့်ထားပြီး လိုက်ပါရသည်။
အမျိုးသားဧ။် အဖြစ်အပျက်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူအများက ရွှေထည်ကိုသယ်ဆောင်ထားရသော အလေးချိန်မှာများလွန်း၍ လမ်းလျှောက်သည့်အခါ မည်သို့ဖြစ်နေလဲဆိုပြီး စိတ်ဝင်စားနေခဲ့ကြသည်။
အမျိုးသားသည် ပထမဆုံးကြီးမားသော ရွှေလည်ဆွဲအား ဝတ်ဆင်ချိန်တွင် လည်ပင်းမှာနာကျင်လာ၍ ဆရာဝန်နှင့်ပင် ပြသခဲ့ရသည် ဟုဆိုပါသည်။
ထို့အပြင် အမျိုးသားသည် ရွှေဦးထုပ်နှင့် ရွှေအင်္ကျီကို ဝယ်ယူရန် ပြင်ဆင်ထားသေးသည်ဟု သိရသည်။
crd
Zawgyi
crd