
သရုပ်ဆောင်ဒွေးအပါအဝင် ကွယ်လွန်ပြီးဖြစ်တဲ့ အနုပညာရှင်များနှင့် သက်ရှိအနုပညာရှင်အချို့ကို ထူးချွန်တံဆိပ်များပေးအပ်
ကွယ်လွန်ပြီးသောအနုပညာရှင်တွေအပါအဝင် သရုပ်ဆောင်နဲ့ ဒါရိုက်တာအချို့ကို ထူးချွန်တံဆိပ်တွေ ပေးအပ်လိုက်တယ်လို့ နစက ထုတ်ပြန်လိုက်ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒွေးကိုအနုပညာ ထူးချွန်တံဆိပ် (တတိယဆင့်)နှင့်
သရုပ်ဆောင်အကယ်ဒမီမော့စ်ကိုတော့ အနုပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။သရုပ်ဆောင်ထွန်းထွန်းဝင်း ၊ဒါရိုက်တာအောင်ကိုလတ်၊သရုပ်ဆောင်မိုးဒီ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေး၊သရုပ်ဆောင်အောင်ခိုင်တို့ကို အနုပညာထူးချွန်တံဆိပ်( ဒုတိယအဆင့်) ချီးမြှင့်လိုက်တယ်လို့ထုတ်ပြန်ထားသလို
အစိုတော်နှင့် သရုပ်ဆောင် စိုးသူ ၊ဇာတ်ညွန်းရေးဆရာမြင့်ဦးဦးမြင့်၊သရုပ်ဆောင် ဇော်ဦး၊ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ဇာတ်ပို့သရုပ်ဆောင် ဝါဝါအောင်နှင့် တက္ကသိုလ် ဂွမ်းပုံတို့ကိုအနုပညာရှင်ထူးချွန်တံဆိပ် (တတိယဆင့်) ချီးမြှင့်လိုက်တယ်လို့ဖော်ပြထားပါတယ်။
ထို့ပြင်သရုပ်ဆောင်ခန့်စည်သူနဲ့ လူရွှင်တော် ဒိန်းဒေါင်တို့ကိုတော့ လူမှုထူးချွန်ပထမအဆင့်နဲ့ သရုပ်ဆောင်ဝေဠုကျော် နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ တို့ကိုတော့လူမှုထူးချွန်တတိယအဆင့် ချီးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
Zawgyi
သ႐ုပ္ေဆာင္ေဒြးအပါအဝင္ ကြယ္လြန္ၿပီးျဖစ္တဲ့ အႏုပညာရွင္မ်ားႏွင့္ သက္ရွိအႏုပညာရွင္အခ်ိဳ႕ကို ထူးခြၽန္တံဆိပ္မ်ားေပးအပ္
ကြယ္လြန္ၿပီးေသာအႏုပညာရွင္ေတြအပါအဝင္ သ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာအခ်ိဳ႕ကို ထူးခြၽန္တံဆိပ္ေတြ ေပးအပ္လိုက္တယ္လို႔ နစက ထုတ္ျပန္လိုက္ပါတယ္။ကြယ္လြန္သြားၿပီျဖစ္တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ေဒြးကိုအႏုပညာ ထူးခြၽန္တံဆိပ္ (တတိယဆင့္)ႏွင့္
သ႐ုပ္ေဆာင္အကယ္ဒမီေမာ့စ္ကိုေတာ့ အႏုပညာထူးခြၽန္တံဆိပ္ (ဒုတိယအဆင့္) ခ်ီးျမႇင့္လိုက္တယ္လို႔ ထုတ္ျပန္ခ်က္ထဲေဖာ္ျပထားပါတယ္။သ႐ုပ္ေဆာင္ထြန္းထြန္းဝင္း ၊ဒါ႐ိုက္တာေအာင္ကိုလတ္၊သ႐ုပ္ေဆာင္မိုးဒီ၊ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဒုဥကၠဌ ဦးေအးၾကဴေလး၊သ႐ုပ္ေဆာင္ေအာင္ခိုင္တို႔ကို အႏုပညာထူးခြၽန္တံဆိပ္( ဒုတိယအဆင့္) ခ်ီးျမႇင့္လိုက္တယ္လို႔ထုတ္ျပန္ထားသလို
အစိုေတာ္ႏွင့္ သ႐ုပ္ေဆာင္ စိုးသူ ၊ဇာတ္ၫြန္းေရးဆရာျမင့္ဦးဦးျမင့္၊သ႐ုပ္ေဆာင္ ေဇာ္ဦး၊ဒါ႐ိုက္တာ ကိုေဇာ္(အ႐ုဏ္ဦး)၊ဇာတ္ပို႔သ႐ုပ္ေဆာင္ ဝါဝါေအာင္ႏွင့္ တကၠသိုလ္ ဂြမ္းပုံတို႔ကိုအႏုပညာရွင္ထူးခြၽန္တံဆိပ္ (တတိယဆင့္) ခ်ီးျမႇင့္လိုက္တယ္လို႔ေဖာ္ျပထားပါတယ္။
ထို႔ျပင္သ႐ုပ္ေဆာင္ခန႔္စည္သူနဲ႔ လူ႐ႊင္ေတာ္ ဒိန္းေဒါင္တို႔ကိုေတာ့ လူမႈထူးခြၽန္ပထမအဆင့္နဲ႔ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ နဲ႔ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ တို႔ကိုေတာ့လူမႈထူးခြၽန္တတိယအဆင့္ ခ်ီးျမႇင့္လိုက္တယ္လို႔ ဆိုပါတယ္။