အေးချမ်းတဲ့ ဘုရားတရား အရိပ်မှာ ကုသိုလ်ဒါနတွေ ပြုလုပ်ပြီး ပြည်သူတွေကို ဆုတောင်းမေတ္တာပို့သပေးနေတဲ့ မေကဗျာ
အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်မျှ အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့ပြီး ယခုအချိန်ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ လျော့မသွားသေးပဲ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် သရုပ်ဆောင် မေကဗျာကတော့ ရပ်တည်လျက်ရှိပါတယ်။ဗီဒီယိုသရုပ်ဆောင်မင်းသမီးဘဝကနေ ရုပ်ရှင်ဇတ်ကားတွေ ရိုက်သည်ထိအောင်မြင်လာခဲ့တဲ့ မင်သမီးတစ်လက်ပဲဖြစ်ပါတယ်။
ဒါ့အပြင် မေကဗျာက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်နေတဲ့အပြင် Live sales တွေလည်း ပြုလုပ်ရင်း ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတာဖြစ်ပါတယ်။ မေကဗျာက သူမရဲ့ လုပ်အားခလေးတွေနဲ့လည်း အလှူဒါနတွေကိုလည်း မကြာခဏဆိုသလို ရက်ရက်ရောရော လုပ်တတ်တဲ့အပြင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်သူလေးပါ ။
ယနေ့မှာတော့ သူမတို့မိသားစုလိုက် ကုသိုလ်ဒါနပြုဖြစ်ခဲ့တဲ့အကြောင်းလေးကို ပရိတ်သတ်ကြီးအတွက် ရေးသားဖော်ပြလာခဲ့ပါတယ်။သူမတို့ မိသားစုအားလုံး အေးချမ်းတဲ့ဘုရားတရားအရိပ်မှာ တရားဘာဝနာအားထုတ်ရင်း သူမကိုယ်တိုင်လည်း ယောဂီဝတ်ရင်း မေတ္တာပို့သနေကြောင်းကို ယခုလိုရေးသားဖော်ပြလာခဲ့ပါတယ်။”
မိသားစု အားလုံးတရားရိပ်မှာ အဖွားဆရာလေးအတွက် ကုသိုလ်ပြုပါ သာ့သနာ့ဘောင်ဝင် ယောဂီဝတ်ရင်း မြန်မာပြည်သူပြည်သားများအားလုံးအတွက် မေတ္ထာပို့ဆုတောင်းပေးပါတယ် ” လို့ဆိုပြီး ရေသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Crd – YaungChi , Source – May Kabyar’s Facebook
———