KTV မှာလုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်း ပြောပြထားတဲ့ ရင်ဖွင့်စကားများ

KTV မှာ လုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်းပြောပြထားတဲ့ရင်ဖွင့်စကားများ…

ပုခုံးတွေ ခါးတွေ ဟိုပွတ်ဒီပွတ်နဲ့ ခုကျွေးမလို တော်ကြာကျွေးမလို မာယာ များရတာပေါ့နော်….။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာ မရှိဘူး။

ကေတီဗီ နွား

“ဘိုးတော်ရောက်ပြီ”ဝိတ်တာလေး လာအော်တော့မှ ဘောင်းဘီတို ကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို sexy ဖြစ်အောင် ဖွပြီး Room A7 ကို သွားပြီ။ ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း ဂေါက်မရိုက်ဖြစ်လို့ စောလာတာတဲ့လေ။ ဘိုးတော်က ဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ။

အမှန်တော့ အာပလာကြီး ဖြစ်နေပြီရယ် … ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကို အပြုံးမပျက်ရဘူးလေ …သူ့အတွက် သောက်စရာ စားစရာမှာ … ကိုယ့်အတွက် ကျွဲရိုင်းနဲ့ သီးစုံတစ်ပွဲပေါ့။ ထုံးစံအတိုင်း ဘိုးတော်က ရူးကြောင်မူးကြောင်နဲ့ လေတွေ စွတ်တိုက်နေပြန်တာ။

အခုပဲ တိုက်ခန်း ဝယ်ပေးတော့မှာလို နိူင်ငံခြားအလည်ခေါ်တော့မှာလို ကိုယ်တွေကလည်း ဒါမျိုးတွေ ရိုးလို့ရှင်။ ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်။ စီးပွားရေး အောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင်။ ဘောလုံးပွဲလောင်းတာ တော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင်။

လူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေ။ ကိုယ်တွေကတော့ သနားအောင် ဇာတ်ကွက်ဆင်ရတာပေါ့။

ပထွေးနဲ့ နေရတာတို့ မောင်နှမ များတာတို့ အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ ဘာတို့ ညာတို့။ ကဗျာဆရာ စာရေးဆရာတွေနဲ့ တွေ့ရင် ပိုပိုသာသာ အိုက်တင် လုပ်ပြရသေးတယ်ရှင်။

ဒါမှ အပိုဆာဒါးတွေကို သူတို့က သနားအောင်ဝါဒဖြန့်ပေးမှာ။ ဒီလိုပါပဲ အများသူငါ ကေတီဗီထုံးစံအတိုင်းပေ့ါ ငယ်ကျွမ်းဆွေနဲ့ စမယ်။ မူးလာရင် နဂါးနီပြီးရင် မြနန္ဒာနဲ့ သိမ်းကြတာပေါ့။

ကိုယ်တွေက မြနန္ဒာနား ရောက်လာရင် ပစ်ချွဲချွဲနဲ့အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့။ ဆင်ဘယ်နှစ်ကောင် ထွက်မလဲဆိုတာ အဓိကလေ။ များရင် တခြားကောင်မတွေကို ကြွားရဦးမှာ။

ငွေကလည်း ရှာမှဖြစ်မယ်။ ယောက်ျားက အလုပ်မရှိဘူး။ သားကို ပညာတတ် ဖြစ်စေချင်တယ်။ အမေလည်း ရှိသေးတယ်။ အိမ်လခ ရှိသေးတယ်။ ဒီဘိုးတော်နဲ့ ဆုံတော့ အဆင်ပြေပါတယ်။လက်ဝတ်လက်စား အစုံနဲ့ ဟမ်းဆက် အမိုက်စားနဲ့ အဖတ်တင်လာတယ်။

ဇာတ်လမ်းမေးရင် ကေတီဗီ ထုံးစံအတိုင်းပါပဲ။ ချူဆီထည့်တဲ့ ဇာတ်လမ်းပါပဲ။ အိမ်လခ မရှိဘူး။ မောင်လေး ကျောင်းစရိတ်လိုတယ် ဘာညာပေါ့။ ကျေးဇူးရှင်ကြီးပါပေါ့။ သူစားချင်တာကိုတော့ ခုကျွေးမလို တော်ကြာကျွေးမလို မာယာများရတာပေါ့နော် … သူငွေရှင်းပြီး ပြန်သွားရင် ကိုယ်လည်းတခြားအခန်း ကူးသွားတာပဲလေ … ပုခုံးတွေ ခါးတွေ ဟိုပွတ် ဒီပွတ်တွေတော့ ရူပဒါန ပြုရတာပေါ့။

သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာ မရှိဘူး ။တင်မောင်ဆန်းမင်းဝင်းဆီမှာပဲ ရှိလိမ့်မယ်။ ဒီဘိုးတော်လည်း ကြွားသာကြွားနေတာ။ အရင်လို ရေမလျှံတော့ဘူးရှင့်။ ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာ စာမဖွဲ့တော့ဘူးလေ။

အလုပ်ထဲ ငွေကွာလို့ ပြဿနာတက်တယ် ကြားတယ်။ ဘောလုံးပွဲတွေ ရှုံးတယ် ကြားတယ်။ ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာ အတန်းတူတယ်။ ဘိုးတော်သားက တစ်နေ့ မုန့်ဖိုးငါးရာ ရတယ်။ ကိုယ်တွေသားကို အောက်ကျမှာစိုးလို့ မုန့်ဖိုး တစ်နေ့ ထောင့်ငါးရာ ပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင် ထပ်ဖွင့်တော့မှာ။ ကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာ … ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင်။ အကွက်ရွှေ့တာ လွယ်ပါတယ် …

သူ့မိန်းမနဲ့ အတူရှိချိန် မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ … ကိုယ်လည်း ထိုက်သလောက် ရပြီးပြီဆိုတော့ သူတို့လင်မယား သတ်ကြပါလေ့စေလေ။

… ကိုယ်တွေက လန်ခရူူဆာနဲ့ အမှန်အကန် စပွန်ဆာတစ်ယောက် ကြိုချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ် ဖြစ်နေပြီလေ … အဲလို ဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ ခေါ်တယ်။

ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှ စောက်ဂရုမစိုက်တာ ဒီလောကရဲ့စည်းမျဉ်းပါရှင်။

Credit … Su Mg Mg

Zawgyi

KTV မွာ လုပ္တဲ့ မမတစ္ေယာက္ရဲ႕ မရွက္တမ္းေျပာျပထားတဲ့ရင္ဖြင့္စကားမ်ား…

ပုခုံးေတြ ခါးေတြ ဟိုပြတ္ဒီပြတ္နဲ႔ ခုေကြၽးမလို ေတာ္ၾကာေကြၽးမလို မာယာ မ်ားရတာေပါ့ေနာ္….။ သစၥာေမတၱာဆိုတာ ေကတီဗီေလာကမွာ မရွိဘူး။

ေကတီဗီ ႏြား

“ဘိုးေတာ္ေရာက္ၿပီ”ဝိတ္တာေလး လာေအာ္ေတာ့မွ ေဘာင္းဘီတို ေကာက္လဲ ႏူတ္ခမ္းေလး သပ္ရပ္ေအာင္ဆိုး ဆံပင္ကို sexy ျဖစ္ေအာင္ ဖြၿပီး Room A7 ကို သြားၿပီ။ ဒီေန႔ေတာ့ ဘိုးေတာ္တစ္ေပြတည္း ေဂါက္မ႐ိုက္ျဖစ္လို႔ ေစာလာတာတဲ့ေလ။ ဘိုးေတာ္က ဆရာႀကီးစတိုင္နဲ႔ ထိုင္ေနၿပီ။

အမွန္ေတာ့ အာပလာႀကီး ျဖစ္ေနၿပီရယ္ … ဘာျဖစ္ျဖစ္ ကိုယ့္ကာစတမ္မာကို အၿပဳံးမပ်က္ရဘူးေလ …သူ႔အတြက္ ေသာက္စရာ စားစရာမွာ … ကိုယ့္အတြက္ ကြၽဲ႐ိုင္းနဲ႔ သီးစုံတစ္ပြဲေပါ့။ ထုံးစံအတိုင္း ဘိုးေတာ္က ႐ူးေၾကာင္မူးေၾကာင္နဲ႔ ေလေတြ စြတ္တိုက္ေနျပန္တာ။

အခုပဲ တိုက္ခန္း ဝယ္ေပးေတာ့မွာလို ႏိူင္ငံျခားအလည္ေခၚေတာ့မွာလို ကိုယ္ေတြကလည္း ဒါမ်ိဳးေတြ ႐ိုးလို႔ရွင္။ ယုံခ်င္ေယာင္ေတာ့ ေဆာင္ျပရတာေပါ့ရွင္။ စီးပြားေရး ေအာင္ျမင္ေၾကာင္း ပင့္ေပးရတာေပါ့ရွင္။ ေဘာလုံးပြဲေလာင္းတာ ေတာ္ေၾကာင္း ဘုံေျမႇာက္ရတာေပါ့ရွင္။

လူတိုင္းက ဒီေနရာေရာက္လာရင္ ေဘာစိလို႔ အထင္ခံရတာကို ဂုဏ္ယူၾကတယ္ေလ။ ကိုယ္ေတြကေတာ့ သနားေအာင္ ဇာတ္ကြက္ဆင္ရတာေပါ့။

ပေထြးနဲ႔ ေနရတာတို႔ ေမာင္ႏွမ မ်ားတာတို႔ အေမေနမေကာင္းတာတို႔ အေႂကြးတင္ေနတယ္တို႔ ဘာတို႔ ညာတို႔။ ကဗ်ာဆရာ စာေရးဆရာေတြနဲ႔ ေတြ႕ရင္ ပိုပိုသာသာ အိုက္တင္ လုပ္ျပရေသးတယ္ရွင္။

ဒါမွ အပိုဆာဒါးေတြကို သူတို႔က သနားေအာင္ဝါဒျဖန႔္ေပးမွာ။ ဒီလိုပါပဲ အမ်ားသူငါ ေကတီဗီထုံးစံအတိုင္းေပ့ါ ငယ္ကြၽမ္းေဆြနဲ႔ စမယ္။ မူးလာရင္ နဂါးနီၿပီးရင္ ျမနႏၵာနဲ႔ သိမ္းၾကတာေပါ့။

ကိုယ္ေတြက ျမနႏၵာနား ေရာက္လာရင္ ပစ္ခြၽဲခြၽဲနဲ႔အစ္ကိုႀကီးေခၚ မုန႔္ဖိုးေတာင္းေပါ့။ ဆင္ဘယ္ႏွစ္ေကာင္ ထြက္မလဲဆိုတာ အဓိကေလ။ မ်ားရင္ တျခားေကာင္မေတြကို ႂကြားရဦးမွာ။

ေငြကလည္း ရွာမွျဖစ္မယ္။ ေယာက္်ားက အလုပ္မရွိဘူး။ သားကို ပညာတတ္ ျဖစ္ေစခ်င္တယ္။ အေမလည္း ရွိေသးတယ္။ အိမ္လခ ရွိေသးတယ္။ ဒီဘိုးေတာ္နဲ႔ ဆုံေတာ့ အဆင္ေျပပါတယ္။လက္ဝတ္လက္စား အစုံနဲ႔ ဟမ္းဆက္ အမိုက္စားနဲ႔ အဖတ္တင္လာတယ္။

ဇာတ္လမ္းေမးရင္ ေကတီဗီ ထုံးစံအတိုင္းပါပဲ။ ခ်ဴဆီထည့္တဲ့ ဇာတ္လမ္းပါပဲ။ အိမ္လခ မရွိဘူး။ ေမာင္ေလး ေက်ာင္းစရိတ္လိုတယ္ ဘာညာေပါ့။ ေက်းဇူးရွင္ႀကီးပါေပါ့။ သူစားခ်င္တာကိုေတာ့ ခုေကြၽးမလို ေတာ္ၾကာေကြၽးမလို မာယာမ်ားရတာေပါ့ေနာ္ … သူေငြရွင္းၿပီး ျပန္သြားရင္ ကိုယ္လည္းတျခားအခန္း ကူးသြားတာပဲေလ … ပုခုံးေတြ ခါးေတြ ဟိုပြတ္ ဒီပြတ္ေတြေတာ့ ႐ူပဒါန ျပဳရတာေပါ့။

သစၥာေမတၱာဆိုတာ ေကတီဗီေလာကမွာ မရွိဘူး ။တင္ေမာင္ဆန္းမင္းဝင္းဆီမွာပဲ ရွိလိမ့္မယ္။ ဒီဘိုးေတာ္လည္း ႂကြားသာႂကြားေနတာ။ အရင္လို ေရမလွ်ံေတာ့ဘူးရွင့္။ ေ႐ႊငါးေလာက္စီးတာေတာ့ ဒီေခတ္မွာ စာမဖြဲ႕ေတာ့ဘူးေလ။

အလုပ္ထဲ ေငြကြာလို႔ ျပႆနာတက္တယ္ ၾကားတယ္။ ေဘာလုံးပြဲေတြ ရႈံးတယ္ ၾကားတယ္။ ဘိုးေတာ္သားနဲ႔ ကိုယ္ေတြသားက ေက်ာင္းမွာ အတန္းတူတယ္။ ဘိုးေတာ္သားက တစ္ေန႔ မုန႔္ဖိုးငါးရာ ရတယ္။ ကိုယ္ေတြသားကို ေအာက္က်မွာစိုးလို႔ မုန႔္ဖိုး တစ္ေန႔ ေထာင့္ငါးရာ ေပးတယ္။

ေနာက္လဆို အခုေကတီဗီပိုင္ရွင္က ေနာက္တစ္ဆိုင္ ထပ္ဖြင့္ေတာ့မွာ။ ကိုယ္ေတြ ဆိုင္သစ္ကိုေျပာင္းမွာ … ဘိုးေတာ္ကိုေတာ့ အကြက္ေ႐ႊ႕ရမွာေပါ့ရွင္။ အကြက္ေ႐ႊ႕တာ လြယ္ပါတယ္ …

သူ႔မိန္းမနဲ႔ အတူရွိခ်ိန္ မွန္းၿပီး ေလးငါးခါ ၾကဴလိုက္႐ုံပဲ … ကိုယ္လည္း ထိုက္သေလာက္ ရၿပီးၿပီဆိုေတာ့ သူတို႔လင္မယား သတ္ၾကပါေလ့ေစေလ။

… ကိုယ္ေတြက လန္ခ႐ူူဆာနဲ႔ အမွန္အကန္ စပြန္ဆာတစ္ေယာက္ ႀကိဳခ်ဥ္းထားၿပီးၿပီ။ ခုဘိုးေတာ္က ခ်ီးထုပ္ ျဖစ္ေနၿပီေလ … အဲလို ဘိုးေတာ္မ်ိဳးကို ကိုယ္ေတြက ကြယ္ရာမွာ ႏြားလို႔ ေခၚတယ္။

ေကတီဗီက ေဆာ္ဆိုတာ ကိုယ့္မိသားစုမ်က္ႏွာကလြဲရင္ ဘာမွ ေစာက္ဂ႐ုမစိုက္တာ ဒီေလာကရဲ႕စည္းမ်ဥ္းပါရွင္။

Credit … Su Mg Mg