သူမ ချစ်တဲ့ မြန်မာပြည်ကို ပြန်လာမရသေးတာမို့ အိမ်ကိုလွမ်းတဲ့အ​ကြောင်း ရင်ဖွင့်လာတဲ့ သူဇာဝင့်လွင်

အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံကိုယ်စားပြု Miss Universeတစ်ယောက်အနေနဲ့ Miamiမှာသွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်ကတော့ လက်ရှိအချိန်မှာ ​အမိနိုင်ငံကို ပြန်လာခြင်းမရှိသေးပဲ ပြည်ပနိုင်ငံမှာပဲ နေထိုင်လျက်ရှိပါတယ်။သူမ အနေနဲ့ Miss Universeပြိုင်ပွဲကြီးမှာ သွားရောက်ယှဥ်ပြိုင်ဖို့ သွားလေကတည်းက ဝေဖန်မှုအမျိုးမျိုးကို ရင်ဆိုင်ကာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

သူဇာဝင့်လွင်တစ်ယောက်ကတော့ Miss Universeပြိုင်ပွဲကြီးမှာ နိုင်ငံကိုယ်စားပြုဝတ်စုံပြိုင်ပွဲမှာဝတ်ဆင်မယ့် နိုင်ငံကိုယ်စားပြုဝတ်စုံဟာ လေယာဥ်ကွင်းမှာ ပျောက်ဆုံးသွားခဲ့တာကြောင့် ချင်းရိုးရာဝတ်စုံလေးကို ဝတ်ဆင်ယှဥ်ပြိုင်ခဲ့ရာမှာ ဆုရရှိခဲ့တဲ့အပြင် Top 21အထိ ဇကာတင်ရွေးချယ်ခံခဲ့ရတဲ့ နိုင်ငံဂုဏ်ဆောင်အလှမယ်လေး ဖြစ်ပါတယ်။ပြိုင်ပွဲအတွင်းမှာ Pray for Myanmar စာတန်းပါ ဆိုင်းဘုတ်ကိုင်ပြီး မြန်မာပြည်သူတွေနဲ့အတူ အာဏာသိမ်းသိမ်းစစ်ကောင်စီ ဆန့်ကျင်ခဲ့သူလေးဖြစ်ပါတယ်။

သူဇာ၀င့်လွင်ကလည်း Miss Universeပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအတွက် Speak outလုပ်ခဲ့တာကြောင့် အရေးယူခံရနိုင်တဲ့ ကောလဟာလသတင်းအချို့လည်းထွက်ပေါ်ခဲ့တဲ့အတွက် မြန်မာပြည်ကိုပြန်မလာတော့ပဲ နိုင်ငံရပ်ခြားမှာပဲနေထိုင်နေတာဖြစ်ပါတယ်။

အခုလိုအခြေအနေတွေကြောင့် သူဇာ၀င့်လွင်ကသူမရဲ့ Facebookစာမျက်နှာမှာ “အိမ်ကိုလွမ်းတယ် အရင်အချိန်လေးတွေလဲလွမ်းတယ်…..” ဆိုပြီး သူမရဲ့ခံစားချက်လေးကို ရေးသားလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

———

သူမ ခ်စ္တဲ့ ျမန္မာျပည္ကို ျပန္လာမရေသးတာမို႔ အိမ္ကိုလြမ္းတဲ့အ​ေၾကာင္း ရင္ဖြင့္လာတဲ့ သူဇာဝင့္လြင္

အာဏာသိမ္းစစ္ေကာင္စီ လက္ထက္မွာ အခက္အခဲအမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ကာ ျမန္မာႏိုင္ငံကိုယ္စားျပဳ Miss Universeတစ္ေယာက္အေနနဲ႔ Miamiမွာသြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ သူဇာဝင့္လြင္ကေတာ့ လက္ရွိအခ်ိန္မွာ ​အမိႏိုင္ငံကို ျပန္လာျခင္းမရွိေသးပဲ ျပည္ပႏိုင္ငံမွာပဲ ေနထိုင္လ်က္ရွိပါတယ္။သူမ အေနနဲ႔ Miss Universeၿပိဳင္ပြဲႀကီးမွာ သြားေရာက္ယွဥ္ၿပိဳင္ဖို႔ သြားေလကတည္းက ေဝဖန္မႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ကာသြားခဲ့ရတာပဲ ျဖစ္ပါတယ္။

သူဇာဝင့္လြင္တစ္ေယာက္ကေတာ့ Miss Universeၿပိဳင္ပြဲႀကီးမွာ ႏိုင္ငံကိုယ္စားျပဳဝတ္စုံၿပိဳင္ပြဲမွာဝတ္ဆင္မယ့္ ႏိုင္ငံကိုယ္စားျပဳဝတ္စုံဟာ ေလယာဥ္ကြင္းမွာ ေပ်ာက္ဆုံးသြားခဲ့တာေၾကာင့္ ခ်င္း႐ိုးရာဝတ္စုံေလးကို ဝတ္ဆင္ယွဥ္ၿပိဳင္ခဲ့ရာမွာ ဆုရရွိခဲ့တဲ့အျပင္ Top 21အထိ ဇကာတင္ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ႏိုင္ငံဂုဏ္ေဆာင္အလွမယ္ေလး ျဖစ္ပါတယ္။ၿပိဳင္ပြဲအတြင္းမွာ Pray for Myanmar စာတန္းပါ ဆိုင္းဘုတ္ကိုင္ၿပီး ျမန္မာျပည္သူေတြနဲ႔အတူ အာဏာသိမ္းသိမ္းစစ္ေကာင္စီ ဆန္႔က်င္ခဲ့သူေလးျဖစ္ပါတယ္။

သူဇာ၀င့္လြင္ကလည္း Miss Universeၿပိဳင္ပြဲႀကီးမွာ ျမန္မာႏိုင္ငံအတြက္ Speak outလုပ္ခဲ့တာေၾကာင့္ အေရးယူခံရႏိုင္တဲ့ ေကာလဟာလသတင္းအခ်ိဳ႕လည္းထြက္ေပၚခဲ့တဲ့အတြက္ ျမန္မာျပည္ကိုျပန္မလာေတာ့ပဲ ႏိုင္ငံရပ္ျခားမွာပဲေနထိုင္ေနတာျဖစ္ပါတယ္။

အခုလိုအေျခအေနေတြေၾကာင့္ သူဇာ၀င့္လြင္ကသူမရဲ႕ Facebookစာမ်က္ႏွာမွာ “အိမ္ကိုလြမ္းတယ္ အရင္အခ်ိန္ေလးေတြလဲလြမ္းတယ္…..” ဆိုၿပီး သူမရဲ႕ခံစားခ်က္ေလးကို ေရးသားလာခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Crd – YaungChi , Source – Thuzar Wint Lwin’s Facebook