ပြည်ပသို့ မြန်မာပုဇွန်တန်ချိန် ရာနဲ့ချီ တင်ပို့ရန်လုပ်ဆောင်နေ( ပြည်တွင်းပုဇွန်စျေးကောင်းဖွယ်ရှိ)

ပြည်ပသို့ မြန်မာပုဇွန်တန်ချိန် ရာနဲ့ချီ တင်ပို့ရန်လုပ်ဆောင်နေ( ပြည်တွင်းပုဇွန်ဈေးကောင်းဖွယ်ရှိ)

ရုရှားနိုင်ငံသို့ လစဉ်မြန်မာ့ပုစွန်တန်ချိန် ရာနဲ့ချီ တင်ပို့ဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရပါတယ်။ရုရှားနိုင်ငံသို့ ရေထွက်ကုန်တင်ပို့ဖို့ MOU လက်မှတ်ရေးထိုးထားပြီး မြန်မာ့ပုစွန်တန်ချိန် ရာနဲ့ချီကိုလစဉ်ဝယ်ယူသွားမှာဖြစ်ကာ

စတင်တင်ပို့မယ့်အချိန်ကာလကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ်။ဈေးကွက်လိုအပ်ချက်အပေါ်မူတည်ပြီတင်ပို့သွားဖို့ ရှိသလိုလက်ရှိ ရုရှားကပုစွန်တစ်ခုတည်းသာလိုချင်တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီးကထွက်ရှိတဲ့ ပုစွန်ကို အဓိကတင်ပို့မှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိတနင်္သာရီတိုင်းဒေသကြီးမှာပနားမီးပုစွန်ဖြူတွေကို ဧက ၂၀၀၀ ကျော်မွေးမြူနေပြီးဈေးကွက်လိုအပ်ချက်အပေါ်မူတည်ကာအခြားဒေသနေရာတွေမှာ ဧက ၆၀၀၀၀ ကျော် တိုးချဲ့မွေးမြူဖို့ရှိတယ်လို့ သိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးထွက် ပနားမီးပုစွန်ဖြူတွေက တရုတ်နိုင်ငံကိုတင်ပို့ရာမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀၀ ခန့် ဈေးရှိနေပြီး

ရုရှားကိုတင်ပို့ရာမှရေလမ်းကြောင်းနဲ့တင်ပို့မှာဖြစ်တဲ့အတွက်ပေါက်ဈေးထက်ပိုများမှသာတင်ပို့မယ့်သူတွေတွက်ခြေကိုက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကိုတင်ပို့ရာမှာလည်း တရားဝင်တိုက်ရိုက်တင်ပို့ခွင့်ရဖို့လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Zawgyi

ျပည္ပသို႔ ျမန္မာပုဇြန္တန္ခ်ိန္ ရာနဲ႔ခ်ီ တင္ပို႔ရန္လုပ္ေဆာင္ေန( ျပည္တြင္းပုဇြန္ေစ်းေကာင္းဖြယ္ရွိ)

႐ုရွားႏိုင္ငံသို႔ လစဥ္ျမန္မာ့ပုစြန္တန္ခ်ိန္ ရာနဲ႔ခ်ီ တင္ပို႔ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွသိရပါတယ္။႐ုရွားႏိုင္ငံသို႔ ေရထြက္ကုန္တင္ပို႔ဖို႔ MOU လက္မွတ္ေရးထိုးထားၿပီး ျမန္မာ့ပုစြန္တန္ခ်ိန္ ရာနဲ႔ခ်ီကိုလစဥ္ဝယ္ယူသြားမွာျဖစ္ကာ

စတင္တင္ပို႔မယ့္အခ်ိန္ကာလကို ႏွစ္ႏိုင္ငံညႇိႏႈိင္းေဆြးေႏြးေနဆဲျဖစ္တယ္လို႔သိရပါတယ္။ေဈးကြက္လိုအပ္ခ်က္အေပၚမူတည္ၿပီတင္ပို႔သြားဖို႔ ရွိသလိုလက္ရွိ ႐ုရွားကပုစြန္တစ္ခုတည္းသာလိုခ်င္တဲ့အတြက္ တနသၤာရီတိုင္းေဒသႀကီးကထြက္ရွိတဲ့ ပုစြန္ကို အဓိကတင္ပို႔မွာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိတနသၤာရီတိုင္းေဒသႀကီးမွာပနားမီးပုစြန္ျဖဴေတြကို ဧက ၂၀၀၀ ေက်ာ္ေမြးျမဴေနၿပီးေဈးကြက္လိုအပ္ခ်က္အေပၚမူတည္ကာအျခားေဒသေနရာေတြမွာ ဧက ၆၀၀၀၀ ေက်ာ္ တိုးခ်ဲ႕ေမြးျမဴဖို႔ရွိတယ္လို႔ သိရပါတယ္။တနသၤာရီတိုင္းေဒသႀကီးထြက္ ပနားမီးပုစြန္ျဖဴေတြက တ႐ုတ္ႏိုင္ငံကိုတင္ပို႔ရာမွာ တစ္တန္ကို အေမရိကန္ေဒၚလာ ၆၀၀၀ ခန႔္ ေဈးရွိေနၿပီး

႐ုရွားကိုတင္ပို႔ရာမွေရလမ္းေၾကာင္းနဲ႔တင္ပို႔မွာျဖစ္တဲ့အတြက္ေပါက္ေဈးထက္ပိုမ်ားမွသာတင္ပို႔မယ့္သူေတြတြက္ေျခကိုက္ႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။တ႐ုတ္ႏိုင္ငံကိုတင္ပို႔ရာမွာလည္း တရားဝင္တိုက္႐ိုက္တင္ပို႔ခြင့္ရဖို႔လုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*