
အမြစ် ပွားဆေး (သို့မဟုတ်) အမြစ်သန်ဆေး ပြုလုပ်နည်း
အမြစ်ပွားဆေးကို ဘယ်နေရာတွေမှာ သုံးလဲဆိုရင်… အကိုင်း ကူး၊ အကိုင် းဆက်၊ အပင် အမြစ်အားဆေးအဖြစ်လည်း သုံးနိုင် ပါတယ်။ စိုက်ခင်းနဲ့ သစ်ပင်တွေ ကိုလည်း အားဆေး မြေသြဇာ အနေနဲ့ သုံးနိုင် ပါတယ်။
အမြစ်ပွားဆေး လုပ်ရတာ လွယ်ပါတယ်။ လိုအပ်သော ပစ္စည်းများ…
(1) စိမ်းစား ငပိ (ပုစွန် ငါးပိ၊ မြိတ်ငပိ ခေါ် ဂွေးငပိပါ) ထမင်းစားဇွန်း တစ်ဇွန်း။
(2) M150 အချိုရည် တစ်ပုလင်း (မရှိပါက… shark၊ ကျွဲရိုင်း ) တခုခု ဆိုလည်း အဆင်ပြေပါတယ်)။
(3) ဟင်းချက် အချိုမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း။
အဲတာဆိုရင်… ငါးပိ တစ်ဇွန်းရယ်၊ M150 အချိုရည် တစ် ပုလင်းရယ်၊ အချိုမှုန့် တစ်ဇွန်းရယ် ခွက်တစ်လုံး ထဲမှာ အားလုံး ရောမွှေ ပါမယ်။ မြစ်ပွားဆေး ရပါပြီ ခင်ဗျ။
အသုံးပြုပုံကတော့…
အကိုင်းကူး၊ အကိုင်း ဆက်ရာမှာ သုံးမယ် ဆိုရင်တော့… အထက် ဖော်ပြပါ ရောသမွှေပြီး ရလာတဲ့ အရည် ထမင်းစားတစ်ဇွန်း ကို ရေ တစ်လီတာ လောက်နဲ့ စပ်လိုက်ရင်တော့ အသုံးပြုနိုင်ပါပြီ။
စိုက်ခင်း ဒါမှမဟုတ် အပင်ကို အမြစ်သန် အားဆေးအနေ နဲ့ သုံးချင်ရင်တော့… အထက်ပါ ဖျော်စပ်ပြီးရလာတဲ့ အရည် ထမင်းစား တစ်ဇွန်းကို ရေ ငါးလီတာနှုန်းနဲ့ ရောပြီး လောင်းနိုင်ပါတယ်။
အသုံးပြုပုံကတော့… တစ်ယောက်နဲ့ တစ်ယောက် မတူတော့ ကိုယ် သုံးတာပေါ်မူတည်ပြီး အချိန်အဆ ညှိပြီး သုံးနိုင် ပါတယ်။
အပင် အားလုံး အတွက် အသုံးပြုနိုင်ပါတယ်။ အဆင်ပြေကြပါစေ… နောက်ပိုင်းမှာ အပင် တော်တော်များများမှာ အသုံးပြုပြသွားပါမယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Zawgyi
အျမစ္ ပြားေဆး (သို႔မဟုတ္) အျမစ္သန္ေဆး ျပဳလုပ္နည္း
အျမစ္ပြားေဆးကို ဘယ္ေနရာေတြမွာ သုံးလဲဆိုရင္… အကိုင္း ကူး၊ အကိုင္ းဆက္၊ အပင္ အျမစ္အားေဆးအျဖစ္လည္း သုံးႏိုင္ ပါတယ္။ စိုက္ခင္းနဲ႔ သစ္ပင္ေတြ ကိုလည္း အားေဆး ေျမၾသဇာ အေနနဲ႔ သုံးႏိုင္ ပါတယ္။
အျမစ္ပြားေဆး လုပ္ရတာ လြယ္ပါတယ္။ လိုအပ္ေသာ ပစၥည္းမ်ား…
(1) စိမ္းစား ငပိ (ပုစြန္ ငါးပိ၊ ၿမိတ္ငပိ ေခၚ ေဂြးငပိပါ) ထမင္းစားဇြန္း တစ္ဇြန္း။
(2) M150 အခ်ိဳရည္ တစ္ပုလင္း (မရွိပါက… shark၊ ကြၽဲ႐ိုင္း ) တခုခု ဆိုလည္း အဆင္ေျပပါတယ္)။
(3) ဟင္းခ်က္ အခ်ိဳမႈန႔္ လက္ဖက္စားဇြန္း တစ္ဇြန္း။
အဲတာဆိုရင္… ငါးပိ တစ္ဇြန္းရယ္၊ M150 အခ်ိဳရည္ တစ္ ပုလင္းရယ္၊ အခ်ိဳမႈန႔္ တစ္ဇြန္းရယ္ ခြက္တစ္လုံး ထဲမွာ အားလုံး ေရာေမႊ ပါမယ္။ ျမစ္ပြားေဆး ရပါၿပီ ခင္ဗ်။
အသုံးျပဳပုံကေတာ့…
အကိုင္းကူး၊ အကိုင္း ဆက္ရာမွာ သုံးမယ္ ဆိုရင္ေတာ့… အထက္ ေဖာ္ျပပါ ေရာသေမႊၿပီး ရလာတဲ့ အရည္ ထမင္းစားတစ္ဇြန္း ကို ေရ တစ္လီတာ ေလာက္နဲ႔ စပ္လိုက္ရင္ေတာ့ အသုံးျပဳႏိုင္ပါၿပီ။
စိုက္ခင္း ဒါမွမဟုတ္ အပင္ကို အျမစ္သန္ အားေဆးအေန နဲ႔ သုံးခ်င္ရင္ေတာ့… အထက္ပါ ေဖ်ာ္စပ္ၿပီးရလာတဲ့ အရည္ ထမင္းစား တစ္ဇြန္းကို ေရ ငါးလီတာႏႈန္းနဲ႔ ေရာၿပီး ေလာင္းႏိုင္ပါတယ္။
အသုံးျပဳပုံကေတာ့… တစ္ေယာက္နဲ႔ တစ္ေယာက္ မတူေတာ့ ကိုယ္ သုံးတာေပၚမူတည္ၿပီး အခ်ိန္အဆ ညႇိၿပီး သုံးႏိုင္ ပါတယ္။
အပင္ အားလုံး အတြက္ အသုံးျပဳႏိုင္ပါတယ္။ အဆင္ေျပၾကပါေစ… ေနာက္ပိုင္းမွာ အပင္ ေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳျပသြားပါမယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။