ဘာကောင်စားမလဲ ကြိုက်တာပြော

ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင် အချို့၏ ညပိုင်းအချိန်များတွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သော နိုင်ငံခြားသားများဖြင့် စည်ကားလေ့ရှိတတ်ပြီး အထူးခန်းဟုခေါ် သော စားသောက်ဆိုင်အတွင်း ဘက်ရှိ အခန်းငယ်လေးများတွင် အထူးဟင်းလျာနံ့များနှင့် ထုံမွမ်း သင်းကြိုင်နေလေ့ရှိသည်။

အထူးဟင်းလျာများကို ဆိုင် မီနူးစာအုပ်တွင် တွေ့ရမည်မဟုတ်ဘဲ ဆိုင်တွင် အမြဲစားသုံး သော စားသုံးသူ၏ ထောက်ခံချက် ဖြင့်သာ အာရှသားဧည့်သည် အချို့အတွက် ချက်ပြုတ်ပေးထား ခြင်းဖြစ်သည်။

အဆိပ်ပြင်းလွန်းသော မြွေ ဟောက်၊ မြွေပွေး၊ တောငှက်၊ လိပ်ဟင်းနှင့် အခြားတောတွင်း တိရစ္ဆာန်သားကောင်ဟင်းလျာ များကို ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ သိုသိုသိပ်သိပ် ရောင်းချပေးနေသည်။

မြွေ၊ တောငှက်၊ လိပ်၊ မျောက်၊ ဝက်ဝံ၊ သင်းခွေချပ် စသည့်တားမြစ်ထားသော တော တွင်းတိရစ္ဆာန်များကို စားသုံးလို သူက ကြိုတင်မှာယူရသည့် စနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်ဈေးကွက်က ယနေ့ အချိန်အထိ အားကောင်းနေဆဲ ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ သိမ်ကြီးဈေး(C) ရုံတွင်မြွေမျိုးစုံ၊ လိပ်၊ ဖွတ်၊ တောကြောင်၊ သင်းခွေချပ်၊ ဝက်ဝံစသည့် တော တွင်းတိရစ္ဆာန်အစုံကို သံလှောင် ချိုင့်များတွင် ထည့်သွင်းပြသထားကာ စားသောက်လိုသူက လက်ညှိုးထိုးမှာယူနိုင်သည့် စားသောက်ဆိုင်ကြီးတစ်ခု ရှိခဲ့ဖူးပြီး လွန်ခဲ့သော ခုနစ်နှစ်ခန့်က ပိတ် သိမ်းခဲ့ရသည်။

စားသောက်စားပွဲဝိုင်း အလယ်တွင် မျောက်အရှင်၏ ဦးခေါင်းကို ဖော်ထားပြီး စားသောက်သူများက မျောက်ဦးနှောက်ကို ဇွန်းဖြင့် ခပ်ယူစားသောက်လို့ရအောင် စီစဉ်ပေးနိုင်မှုကြောင့် ယင်းဆိုင်က နာမည်ကြီးခဲ့သည်။

ယင်းဆိုင်တွင် တောတွင်း တိရစ္ဆာန်များကို ရောင်းချခြင်း မရှိတော့သော်လည်း သိမ်ကြီးဈေး အနီးတစ်ဝိုက်ရှိ တရုတ်စား သောက်ဆိုင်အချို့မှာ ယနေ့အထိ တောတွင်းတိရစ္ဆာန်သားများကို ရောင်းချနေဆဲဖြစ်သည်ဟု ဆိုသည်။

လှည်းကူးမြို့နယ်တွင် တော တွင်းတိရစ္ဆာန်များကို သံလှောင် ချိုင့်များဖြင့် လှောင်ထားသည့် အိမ်ကြီးတစ်ခုရှိပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များက သွားရောက်ဝယ်ယူခြင်းများ ယခင်က ရှိခဲ့ကြောင်း သိမ်ကြီးဈေးတစ်ဝိုက် ရှိ စားသောက်ဆိုင်များမှ စုံစမ်း သိရသည်။

‘‘သူဌေးက မန်နေဂျာတွေနဲ့ အကြော်ဆရာနဲ့သွားတာ။ အိမ် ကအကြီးကြီးပဲ။ အကောင်အရှင် ဆိုအရှင်၊ အသေဆိုအသေဈေး ရှိတယ်’’ ဟု အကြော်ဆရာတစ် ဦးက ဆိုသည်။

တောကောင်သားရောင်းချ သည့်ဆိုင်များသည့် တိရစ္ဆာန်များကို သံလှောင်ချိုင့်ဖြင့် သိုလှောင်ခြင်းမပြုတော့ဘဲ စားသောက်လိုသူက တယ်လီဖုန်းဖြင့် ကြိုတင်မှာကြားသည်ကို စီစဉ်ပေးခြင်းဖြစ် သည်။

မြွေဟင်းအပါအဝင် တော တွင်းတိရစ္ဆာန်များကို စားသောက် သူ အော်ဒါရှိပါကတောကောင် ပို့ဆောင်သူများက ဆိုင်သို့ လာပို့ ပြီးနောက် စားဖိုမှူးက လက်စ ဖျောက်၍ သားကောင်များကို ချက်ပြုတ်ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ဗီယက်နမ်ဟိုတယ်ဟု လူသိ များသော လမ်းမတော်ရှိ မစ္စတာ လီဟိုတယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက်ဟင်းပွဲများ ရောင်းချ နေသည်ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီး ဆိုင် ရှင်က မြွေဟင်းမရောင်းချကြောင်း ငြင်းဆိုခဲ့သည်။

ဗဟန်းမြို့နယ်အတွင်းရှိ ဗီ ယက်နမ်စားသောက်ဆိုင်တစ်ခု တွင်လည်း မြွေဟောက်၊ လိပ်၊ တောငှက်များ စားသောက်လိုပါ က ကြိုတင်မှာယူနိုင်ကြောင်း၊ မှာယူလိုပါက နိုင်ငံခြား ဧည့်သည် ၁၅ ယောက်စာထိ စီစဉ်ပေးနိုင် သည်ဟု ဆိုသည်။

လမ်းမတော်နှင့် လသာမြို့ နယ်များရှိ တရုတ်လူမျိုးများ ဖွင့် လှစ်သော စားသောက်ဆိုင်များ မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဖွင့်လှစ်ထားသော ဆိုင်များဖြစ်ပြီး တောတွင်းတိရစ္ဆာန်များကို ဆက် လက်ရောင်းဝယ်နေခြင်းဖြစ် သည်။

ရန်ကုန်တွင် ဆောက်လုပ် ရေးလုပ်ငန်း ကျွမ်းကျင်သော ဗီ ယက်နမ်လူမျိုးများမှာ ဟိုတယ် နှင့် ကွန်ဒိုများဆောက်လုပ်ရန် ရောက်ရှိနေသည့်အတွက် မြွေ ဈေးကွက်မှာ စိနတိုင်းသားများ နှင့် အပြိုင်စားသောက်သူများ ထပ်မံပေါ်ပေါက်နေခြင်းဖြစ် သည်။

မြွေဟောက်ဟင်းဈေးနှုန်း မှာ ကျပ်နှစ်သောင်းခွဲမှ ကျပ်ငါး သောင်းအထိ ဈေးကွက်ရှိနေကာ မြွေအသုပ်၊ မြွေစွပ်၊ မြွေဟင်းအ စရှိသဖြင့် ကြိုက်နှစ်သက်သလို မှာယူရာကို စားဖိုမှူးက လုပ်ပေး ပြီး သင်းခွေချပ်အရှင် တစ်ကောင် လျှင် ကျပ်တစ်သိန်းခွဲထိ ဈေးပေါက်ကြောင်း စုံစမ်းသိရသည်။

ပဲခူး၊ စစ်ကိုင်း၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် လိပ်ခွံ၊ ဆင်စွယ်၊ ချေသားရေ၊ နွား နောက်ချို၊ မျောက်ခန္ဓာကိုယ် အ ပိုင်းအစနှင့် တောင်ဆိတ်ချိုများ၊ မြွေအရေခွံများ၊ သမင်ချိုများ၊ တောဝက်အစွယ်များ၊ တန်ဖိုးကြီး လိပ်များ၊ ဝက်ဝံအမွေးများ၊ တိ ရစ္ဆာန်အရိုးပေါင်းစုံနှင့် ကျားသား ရေများကို မကြာခဏ ဖမ်းဆီးရ မိလေ့ရှိကြောင်း သက်ဆိုင်ရာ ရဲ စခန်းများထံမှ သိရသည်။

ကုန်သည်အချို့မှာ တော ရိုင်းတိရစ္ဆာန် ကိုယ်အင်္ဂါအစိတ် အပိုင်းများကို မှောင်ခိုကူးသန်း ရောင်းချရန် လျှို့ဝှက်စွာ ဈေး ကောင်းပေးဝယ်ယူမှုများကြောင့် မုဆိုးများမှာ တောတောင်များတွင် တရားမဝင်အမဲလိုက်သတ်ဖြတ် ဖမ်းဆီးမှု များပြားနေခြင်းဖြစ် သည်။

‘‘ဘာတောကောင်မှ ရောင်း ခွင့်မရှိဘူး။ ရောင်းချင်ရင် ကိုယ့် ဟာကိုယ်မွေးပြီး တတိယမျိုး ဆက်မှ ရောင်းချခွင့် ရှိမယ်။ အခု ရောင်းနေတာတွေက တောထဲက ကောင်တွေကို ရောင်းချတာ’’ ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပညာရှင် ဦးသိန်းအောင်က ဆိုသည်။

တောရိုင်းတိရစ္ဆာန်ကို ခွင့် ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အ မဲလိုက်ခြင်း (သို့မဟုတ်) အနာတ ရဖြစ်စေခြင်း၊ ယင်းတောရိုင်း တိ ရစ္ဆာန်ကိုဖြစ်စေ၊ ယင်း၏ အစိတ် အပိုင်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိ ဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်း ချခြင်း၊ သယ်ဆောင်ခြင်း (သို့မ ဟုတ်) လွဲှပြောင်းခြင်း ပြုလုပ်ပါ က တောရိုင်းတိရစ္ဆာန်နှင့် သဘာ ဝအပင်များ ကာကွယ်ရေးနှင့် သ ဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) အရ အရေး ယူနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခံရ လျှင် ထိုသူကို ငွေဒဏ်ကျပ်ငါး သောင်းအထိဖြစ်စေ၊ ထောင် ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင် သည်။

တရုတ်နိုင်ငံတွင် မြွေသား ကို အလွန်အကျွံစားသုံးကြသူ များပြားခြင်းကြောင့် မြွေမွေးမြူ ရေးသည် အရေးပါသော စီးပွား ရေးလုပ်ငန်းတစ်ခုဖြစ်လာ ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်ဖူးသည်။

‘‘တောကောင်တွေကိုင်တာ သတိထား။ အရမ်းကို လောဘ ကြီးပြီးမလုပ်နဲ့။ တောကောင်တွေ က ဘုန်းအရမ်းကြီးတယ်။ ငါ့ဆီ မှာ လုပ်ခဲ့တဲ့ တောက မုဆိုးတွေ အကုန်လုံး ဒုက္ခရောက်ကုန်တယ်။ ခု တောကောင်တွေ မလုပ်တော့ ဘဲ ရိုးရိုးစားသောက်ဆိုင်ပဲ ဖွင့် တော့မယ်’’ ဟု တောတွင်း တိရစ္ဆာန်သားကောင်များကို သံလှောင် ချိုင့်များဖြင့် ရောင်းချခဲ့ဖူးသည့် တရုတ်လူမျိုးတစ်ဦးက ပြော သည်။

Zawgyi

ရန္ကုန္ၿမိဳ႕ရွိ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္ အခ်ိဳ႕၏ ညပိုင္းအခ်ိန္မ်ားတြင္ ျမန္မာႏိုင္ငံသို႔ လာ ေရာက္လည္ပတ္ေသာ ႏိုင္ငံျခားသားမ်ားျဖင့္ စည္ကားေလ့ရွိတတ္ၿပီး အထူးခန္းဟုေခၚ ေသာ စားေသာက္ဆိုင္အတြင္း ဘက္ရွိ အခန္းငယ္ေလးမ်ားတြင္ အထူးဟင္းလ်ာနံ႔မ်ားႏွင့္ ထုံမြမ္း သင္းႀကိဳင္ေနေလ့ရွိသည္။

အထူးဟင္းလ်ာမ်ားကို ဆိုင္ မီႏူးစာအုပ္တြင္ ေတြ႕ရမည္မဟုတ္ဘဲ ဆိုင္တြင္ အၿမဲစားသုံး ေသာ စားသုံးသူ၏ ေထာက္ခံခ်က္ ျဖင့္သာ အာရွသားဧည့္သည္ အခ်ိဳ႕အတြက္ ခ်က္ျပဳတ္ေပးထား ျခင္းျဖစ္သည္။

အဆိပ္ျပင္းလြန္းေသာ ေႁမြ ေဟာက္၊ ေႁမြေပြး၊ ေတာငွက္၊ လိပ္ဟင္းႏွင့္ အျခားေတာတြင္း တိရစာၦန္သားေကာင္ဟင္းလ်ာ မ်ားကို ရန္ကုန္ၿမိဳ႕ရွိ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္မ်ား၌ သိုသိုသိပ္သိပ္ ေရာင္းခ်ေပးေနသည္။

ေႁမြ၊ ေတာငွက္၊ လိပ္၊ ေမ်ာက္၊ ဝက္ဝံ၊ သင္းေခြခ်ပ္ စသည့္တားျမစ္ထားေသာ ေတာ တြင္းတိရစာၦန္မ်ားကို စားသုံးလို သူက ႀကိဳတင္မွာယူရသည့္ စနစ္ျဖင့္ ေရာင္းခ်ေနသည့္ စားေသာက္ဆိုင္ေဈးကြက္က ယေန႔ အခ်ိန္အထိ အားေကာင္းေနဆဲ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ရွိ လူစည္ကားရာ သိမ္ႀကီးေဈး(C) ႐ုံတြင္ေႁမြမ်ိဳးစုံ၊ လိပ္၊ ဖြတ္၊ ေတာေၾကာင္၊ သင္းေခြခ်ပ္၊ ဝက္ဝံစသည့္ ေတာ တြင္းတိရစာၦန္အစုံကို သံေလွာင္ ခ်ိဳင့္မ်ားတြင္ ထည့္သြင္းျပသထားကာ စားေသာက္လိုသူက လက္ညႇိဳးထိုးမွာယူႏိုင္သည့္ စားေသာက္ဆိုင္ႀကီးတစ္ခု ရွိခဲ့ဖူးၿပီး လြန္ခဲ့ေသာ ခုနစ္ႏွစ္ခန႔္က ပိတ္ သိမ္းခဲ့ရသည္။

စားေသာက္စားပြဲဝိုင္း အလယ္တြင္ ေမ်ာက္အရွင္၏ ဦးေခါင္းကို ေဖာ္ထားၿပီး စားေသာက္သူမ်ားက ေမ်ာက္ဦးေႏွာက္ကို ဇြန္းျဖင့္ ခပ္ယူစားေသာက္လို႔ရေအာင္ စီစဥ္ေပးႏိုင္မႈေၾကာင့္ ယင္းဆိုင္က နာမည္ႀကီးခဲ့သည္။

ယင္းဆိုင္တြင္ ေတာတြင္း တိရစာၦန္မ်ားကို ေရာင္းခ်ျခင္း မရွိေတာ့ေသာ္လည္း သိမ္ႀကီးေဈး အနီးတစ္ဝိုက္ရွိ တ႐ုတ္စား ေသာက္ဆိုင္အခ်ိဳ႕မွာ ယေန႔အထိ ေတာတြင္းတိရစာၦန္သားမ်ားကို ေရာင္းခ်ေနဆဲျဖစ္သည္ဟု ဆိုသည္။

လွည္းကူးၿမိဳ႕နယ္တြင္ ေတာ တြင္းတိရစာၦန္မ်ားကို သံေလွာင္ ခ်ိဳင့္မ်ားျဖင့္ ေလွာင္ထားသည့္ အိမ္ႀကီးတစ္ခုရွိၿပီး ရန္ကုန္ၿမိဳ႕ရွိ စားေသာက္ဆိုင္မ်ားက သြားေရာက္ဝယ္ယူျခင္းမ်ား ယခင္က ရွိခဲ့ေၾကာင္း သိမ္ႀကီးေဈးတစ္ဝိုက္ ရွိ စားေသာက္ဆိုင္မ်ားမွ စုံစမ္း သိရသည္။

‘‘သူေဌးက မန္ေနဂ်ာေတြနဲ႔ အေၾကာ္ဆရာနဲ႔သြားတာ။ အိမ္ ကအႀကီးႀကီးပဲ။ အေကာင္အရွင္ ဆိုအရွင္၊ အေသဆိုအေသေဈး ရွိတယ္’’ ဟု အေၾကာ္ဆရာတစ္ ဦးက ဆိုသည္။

ေတာေကာင္သားေရာင္းခ် သည့္ဆိုင္မ်ားသည့္ တိရစာၦန္မ်ားကို သံေလွာင္ခ်ိဳင့္ျဖင့္ သိုေလွာင္ျခင္းမျပဳေတာ့ဘဲ စားေသာက္လိုသူက တယ္လီဖုန္းျဖင့္ ႀကိဳတင္မွာၾကားသည္ကို စီစဥ္ေပးျခင္းျဖစ္ သည္။

ေႁမြဟင္းအပါအဝင္ ေတာ တြင္းတိရစာၦန္မ်ားကို စားေသာက္ သူ ေအာ္ဒါရွိပါကေတာေကာင္ ပို႔ေဆာင္သူမ်ားက ဆိုင္သို႔ လာပို႔ ၿပီးေနာက္ စားဖိုမႉးက လက္စ ေဖ်ာက္၍ သားေကာင္မ်ားကို ခ်က္ျပဳတ္ေရာင္းဝယ္ေနၾကျခင္း ျဖစ္သည္။

ဗီယက္နမ္ဟိုတယ္ဟု လူသိ မ်ားေသာ လမ္းမေတာ္ရွိ မစၥတာ လီဟိုတယ္တြင္ ၅၅ ေဒၚလာတန္ ေႁမြေဟာက္ဟင္းပြဲမ်ား ေရာင္းခ် ေနသည္ဟု လူမႈကြန္ရက္တြင္ ဓာတ္ပုံႏွင့္တကြ ေဖာ္ျပခဲ့ၿပီး ဆိုင္ ရွင္က ေႁမြဟင္းမေရာင္းခ်ေၾကာင္း ျငင္းဆိုခဲ့သည္။

ဗဟန္းၿမိဳ႕နယ္အတြင္းရွိ ဗီ ယက္နမ္စားေသာက္ဆိုင္တစ္ခု တြင္လည္း ေႁမြေဟာက္၊ လိပ္၊ ေတာငွက္မ်ား စားေသာက္လိုပါ က ႀကိဳတင္မွာယူႏိုင္ေၾကာင္း၊ မွာယူလိုပါက ႏိုင္ငံျခား ဧည့္သည္ ၁၅ ေယာက္စာထိ စီစဥ္ေပးႏိုင္ သည္ဟု ဆိုသည္။

လမ္းမေတာ္ႏွင့္ လသာၿမိဳ႕ နယ္မ်ားရွိ တ႐ုတ္လူမ်ိဳးမ်ား ဖြင့္ လွစ္ေသာ စားေသာက္ဆိုင္မ်ား မွာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ၾကာ ဖြင့္လွစ္ထားေသာ ဆိုင္မ်ားျဖစ္ၿပီး ေတာတြင္းတိရစာၦန္မ်ားကို ဆက္ လက္ေရာင္းဝယ္ေနျခင္းျဖစ္ သည္။

ရန္ကုန္တြင္ ေဆာက္လုပ္ ေရးလုပ္ငန္း ကြၽမ္းက်င္ေသာ ဗီ ယက္နမ္လူမ်ိဳးမ်ားမွာ ဟိုတယ္ ႏွင့္ ကြန္ဒိုမ်ားေဆာက္လုပ္ရန္ ေရာက္ရွိေနသည့္အတြက္ ေႁမြ ေဈးကြက္မွာ စိနတိုင္းသားမ်ား ႏွင့္ အၿပိဳင္စားေသာက္သူမ်ား ထပ္မံေပၚေပါက္ေနျခင္းျဖစ္ သည္။

ေႁမြေဟာက္ဟင္းေဈးႏႈန္း မွာ က်ပ္ႏွစ္ေသာင္းခြဲမွ က်ပ္ငါး ေသာင္းအထိ ေဈးကြက္ရွိေနကာ ေႁမြအသုပ္၊ ေႁမြစြပ္၊ ေႁမြဟင္းအ စရွိသျဖင့္ ႀကိဳက္ႏွစ္သက္သလို မွာယူရာကို စားဖိုမႉးက လုပ္ေပး ၿပီး သင္းေခြခ်ပ္အရွင္ တစ္ေကာင္ လွ်င္ က်ပ္တစ္သိန္းခြဲထိ ေဈးေပါက္ေၾကာင္း စုံစမ္းသိရသည္။

ပဲခူး၊ စစ္ကိုင္း၊ ကရင္၊ ရွမ္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ လိပ္ခြံ၊ ဆင္စြယ္၊ ေခ်သားေရ၊ ႏြား ေနာက္ခ်ိဳ၊ ေမ်ာက္ခႏၶာကိုယ္ အ ပိုင္းအစႏွင့္ ေတာင္ဆိတ္ခ်ိဳမ်ား၊ ေႁမြအေရခြံမ်ား၊ သမင္ခ်ိဳမ်ား၊ ေတာဝက္အစြယ္မ်ား၊ တန္ဖိုးႀကီး လိပ္မ်ား၊ ဝက္ဝံအေမြးမ်ား၊ တိ ရစာၦန္အ႐ိုးေပါင္းစုံႏွင့္ က်ားသား ေရမ်ားကို မၾကာခဏ ဖမ္းဆီးရ မိေလ့ရွိေၾကာင္း သက္ဆိုင္ရာ ရဲ စခန္းမ်ားထံမွ သိရသည္။

ကုန္သည္အခ်ိဳ႕မွာ ေတာ ႐ိုင္းတိရစာၦန္ ကိုယ္အဂၤါအစိတ္ အပိုင္းမ်ားကို ေမွာင္ခိုကူးသန္း ေရာင္းခ်ရန္ လွ်ိဳ႕ဝွက္စြာ ေဈး ေကာင္းေပးဝယ္ယူမႈမ်ားေၾကာင့္ မုဆိုးမ်ားမွာ ေတာေတာင္မ်ားတြင္ တရားမဝင္အမဲလိုက္သတ္ျဖတ္ ဖမ္းဆီးမႈ မ်ားျပားေနျခင္းျဖစ္ သည္။

‘‘ဘာေတာေကာင္မွ ေရာင္း ခြင့္မရွိဘူး။ ေရာင္းခ်င္ရင္ ကိုယ့္ ဟာကိုယ္ေမြးၿပီး တတိယမ်ိဳး ဆက္မွ ေရာင္းခ်ခြင့္ ရွိမယ္။ အခု ေရာင္းေနတာေတြက ေတာထဲက ေကာင္ေတြကို ေရာင္းခ်တာ’’ ဟု သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေရး ပညာရွင္ ဦးသိန္းေအာင္က ဆိုသည္။

ေတာ႐ိုင္းတိရစာၦန္ကို ခြင့္ ျပဳခ်က္မရွိဘဲ သတ္ျဖတ္ျခင္း၊ အ မဲလိုက္ျခင္း (သို႔မဟုတ္) အနာတ ရျဖစ္ေစျခင္း၊ ယင္းေတာ႐ိုင္း တိ ရစာၦန္ကိုျဖစ္ေစ၊ ယင္း၏ အစိတ္ အပိုင္းကိုျဖစ္ေစ၊ ခြင့္ျပဳခ်က္မရွိ ဘဲ လက္ဝယ္ထားရွိျခင္း၊ ေရာင္း ခ်ျခင္း၊ သယ္ေဆာင္ျခင္း (သို႔မ ဟုတ္) လြဲွေျပာင္းျခင္း ျပဳလုပ္ပါ က ေတာ႐ိုင္းတိရစာၦန္ႏွင့္ သဘာ ဝအပင္မ်ား ကာကြယ္ေရးႏွင့္ သ ဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရး ဥပေဒပုဒ္မ ၃၇ (က) အရ အေရး ယူႏိုင္ၿပီး ျပစ္မႈထင္ရွားစီရင္ခံရ လွ်င္ ထိုသူကို ေငြဒဏ္က်ပ္ငါး ေသာင္းအထိျဖစ္ေစ၊ ေထာင္ ဒဏ္ခုနစ္ႏွစ္အထိျဖစ္ေစ၊ ဒဏ္ ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္ သည္။

တ႐ုတ္ႏိုင္ငံတြင္ ေႁမြသား ကို အလြန္အကြၽံစားသုံးၾကသူ မ်ားျပားျခင္းေၾကာင့္ ေႁမြေမြးျမဴ ေရးသည္ အေရးပါေသာ စီးပြား ေရးလုပ္ငန္းတစ္ခုျဖစ္လာ ေၾကာင္း ဆင္ဟြာသတင္းဌာနက ထုတ္လႊင့္ဖူးသည္။

‘‘ေတာေကာင္ေတြကိုင္တာ သတိထား။ အရမ္းကို ေလာဘ ႀကီးၿပီးမလုပ္နဲ႔။ ေတာေကာင္ေတြ က ဘုန္းအရမ္းႀကီးတယ္။ ငါ့ဆီ မွာ လုပ္ခဲ့တဲ့ ေတာက မုဆိုးေတြ အကုန္လုံး ဒုကၡေရာက္ကုန္တယ္။ ခု ေတာေကာင္ေတြ မလုပ္ေတာ့ ဘဲ ႐ိုး႐ိုးစားေသာက္ဆိုင္ပဲ ဖြင့္ ေတာ့မယ္’’ ဟု ေတာတြင္း တိရစာၦန္သားေကာင္မ်ားကို သံေလွာင္ ခ်ိဳင့္မ်ားျဖင့္ ေရာင္းခ်ခဲ့ဖူးသည့္ တ႐ုတ္လူမ်ိဳးတစ္ဦးက ေျပာ သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*