အလွယ်တကူ အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း

အလွယ်တကူ အိမ်တွင်း ခရမ်းသီးပင် စိုက်ပျိုးနည်း။

ခရမ်းပင်ဟာစတင်စိုက်ပျိုးချိန်ကနေ အသီးသီးချိန်ထိ ရက်ပေါင်း ၁၂၀ ကနေ ၁၅၀ ထိကြာပါတယ်။စိုက်ပျိုးချိန်

ကြာပေမယ့် စိုက်ပြီးသွားရင်လဲ တစ်နှစ်ကျော်ထိ ဆက်
လက်ခူးဆွတ်စားသုံးနိုင်မှာဖြစ်ပါတယ်။

မြေကြီး ၆၀%၊ သဲ ၂၀%၊ သဘာဝမြေဆွေး ၂၀% တို့ကို သမအောင်ရောမွှေပါ။ပန်းအိုး၊ရေပုံးအဆင်ပြေရာအ

သုံးပြု၍စိုက်ပျိုးနိုင်သည်။အောက်ခြေတွင် ရေထွက်မည့်အပေါက်သုံးပေါက်ခန့်ဖောက်ပါ။ ပြီးလျှင် အိုး၏ အောက်ခြေရှိရေထွက်ပေါက်ကို ဖုံး၍ကျောက်စရစ်ခဲအနည်းငယ်ခင်းပါ။

မြေအရောကို အပင်စိုက်မည့်အိုးထဲသို့ဖြည့်ပါ။

အစေ့များကို ဖြန့်ကျဲပြီးလျှင် အပေါ်မှ မြေကြီးအရောကို ပါးပါးပြန်ဖုံးပေးပါ။ ရေလောင်းပေးပါ။

ရေအများကြီးမလောင်းမိစေရန် သတိထားပါ။ (၆ – ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါပြီ။

အပင်ပေါက်လေးများ အမြင့် (၄-၅)လက်မခန့်ရောက်လျှင် အိုးခွဲ၍အပင်သီးသန့် စိုက်ပျိုးနိုင်ပါတယ်။ အသန်ဆုံးအပင်များကို ရွှေးချယ်စိုက်ပျိုးသင့်ပါတယ်။

နှစ်ပါတ်တစ်ခါ သဘာဝမြေသြဇာကျွေးနိုင်ပြီးတော့ တစ်ရက်ခြားတစ်ခါလောက် ရေလောင်းပေးနိုင်ပါတယ်။ အပင်အနည်းငယ်ကြီးလာရင်တော့ နေရောင်ကောင်း


ကောင်းရတဲ့နေရာမှာ ပြောင်းရွှေ့စိုက်ပျိုးသင့်ပါတယ်။ မြေကြီးကို အမြဲစိုစွတ်နေအောင်ထားပေးပြီး အပင်အမြစ်များမပုပ်အောင်လို့ ရေပိုမလောင်းမိစေရန် သတိထားရပါမယ်။ ရက် (၇၀ – ၈၀) လောက်ကြာရင် အသီးမြင်ရပါပြီဖြစ်ပါတယ်။

Credit.

Zawgyi

အလြယ္တကူ အိမ္တြင္း ခရမ္းသီးပင္ စိုက္ပ်ိဳးနည္း။

ခရမ္းပင္ဟာစတင္စိုက္ပ်ိဳးခ်ိန္ကေန အသီးသီးခ်ိန္ထိ ရက္ေပါင္း ၁၂၀ ကေန ၁၅၀ ထိၾကာပါတယ္။စိုက္ပ်ိဳးခ်ိန္

ၾကာေပမယ့္ စိုက္ၿပီးသြားရင္လဲ တစ္ႏွစ္ေက်ာ္ထိ ဆက္
လက္ခူးဆြတ္စားသုံးႏိုင္မွာျဖစ္ပါတယ္။

ေျမႀကီး ၆၀%၊ သဲ ၂၀%၊ သဘာဝေျမေဆြး ၂၀% တို႔ကို သမေအာင္ေရာေမႊပါ။ပန္းအိုး၊ေရပုံးအဆင္ေျပရာအ

သုံးျပဳ၍စိုက္ပ်ိဳးႏိုင္သည္။ေအာက္ေျခတြင္ ေရထြက္မည့္အေပါက္သုံးေပါက္ခန္႔ေဖာက္ပါ။ ၿပီးလွ်င္ အိုး၏ ေအာက္ေျခရွိေရထြက္ေပါက္ကို ဖုံး၍ေက်ာက္စရစ္ခဲအနည္းငယ္ခင္းပါ။

ေျမအေရာကို အပင္စိုက္မည့္အိုးထဲသို႔ျဖည့္ပါ။

အေစ့မ်ားကို ျဖန္႔က်ဲၿပီးလွ်င္ အေပၚမွ ေျမႀကီးအေရာကို ပါးပါးျပန္ဖုံးေပးပါ။ ေရေလာင္းေပးပါ။

ေရအမ်ားႀကီးမေလာင္းမိေစရန္ သတိထားပါ။ (၆ – ၈) ရက္ၾကာလွ်င္ အပင္ေပါက္ေလးမ်ားကို ျမင္ေတြ႕ႏိုင္ပါၿပီ။

အပင္ေပါက္ေလးမ်ား အျမင့္ (၄-၅)လက္မခန္႔ေရာက္လွ်င္ အိုးခြဲ၍အပင္သီးသန္႔ စိုက္ပ်ိဳးႏိုင္ပါတယ္။ အသန္ဆုံးအပင္မ်ားကို ေ႐ႊးခ်ယ္စိုက္ပ်ိဳးသင့္ပါတယ္။

ႏွစ္ပါတ္တစ္ခါ သဘာဝေျမၾသဇာေကြၽးႏိုင္ၿပီးေတာ့ တစ္ရက္ျခားတစ္ခါေလာက္ ေရေလာင္းေပးႏိုင္ပါတယ္။ အပင္အနည္းငယ္ႀကီးလာရင္ေတာ့ ေနေရာင္ေကာင္း
ေကာင္းရတဲ့ေနရာမွာ ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးသင့္ပါတယ္။ ေျမႀကီးကို အၿမဲစိုစြတ္ေနေအာင္ထားေပးၿပီး အပင္အျမစ္မ်ားမပုပ္ေအာင္လို႔ ေရပိုမေလာင္းမိေစရန္ သတိထားရပါမယ္။ ရက္ (၇၀ – ၈၀) ေလာက္ၾကာရင္ အသီးျမင္ရပါၿပီျဖစ္ပါတယ္။

Credit.