နောက်မိန်းမ (စမော) အငယ်နေသူ ယောကျ်ား တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်…

မယားငယ်နေသူ ယောကျ်ားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်…

ဘာမှတော့ ထူးထူးခြားခြား မဟုတ်ပါဘူးဗျာ…အချစ်ဆိုတာ တကြိမ်ထက်ပိုပြီး ချစ်လို့ရပါတယ်လို့ သက်သေပြချက်ပေးတဲ့သဘောပါပဲ

ကျုပ် စိတ်ထဲမှာတော့ မယားငယ်တွေ မယားကြီးတွေဆိုတဲ့ ခွဲခြားဖိနှိပ်လိုတဲ့စိတ်မျိုးမရှိပါဘူး…အကုန်လုံးက ကိုယ်ချစ်လို့ ယူထားတဲ့မယားတွေချည်းပါပဲ…

လူမှုအသိုင်းအဝိုင်းက လက်မခံကြတဲ့အပေါ်မှာလည်း ဘာမှ မှတ်ချက်မပေးလိုပါဘူး…ဘယ်သူမှ လက်မခံလည်း ကိုယ်ကတော့ ယူထားလိုက်ပြီလေ…

မယားကြီးကိုလား…ချစ်တာပေါ့ဗျာ…ဘယ်နှယ့်မေးပါလိမ့်…ချစ်လွန်းလို့ နှစ်ဖက်မိဘတွေ သဘောမတူတဲ့ကြားထဲက အတင်းခိုးပြေးထားရတာဗျ…

မဟုတ်ဘူးလေဗျာ…မယားငယ်ယူတယ်ဆိုတာ မယားကြီးကို မချစ်တော့ပါဘူးလို့ အဓိပ္ပါယ်မသက်ရောက်ပါဘူး…မယားကြီးကိုလည်း ချစ်တယ်…

နောက်ထပ် မိန်းမတစ်ယောက်ကိုလည်း ထပ်ချစ်မိတယ်…ဒါလောက်ပါဘဲ…ရိုးရိုးလေး တွေးလိုက်ပါဗျာ…ဟာဗျာ…လိင်ကိစ္စအတွက်တော့ မယားငယ်ယူစရာလားဗျ…

ဒီခေတ်ကြီးထဲမှာ ပိုက်ဆံပေးရင် ဘာမဆိုရနိုင်တာဘဲ…ဘာအတွက် ကျူပ်က သိက္ခာအကျခံ နာမည်အပျက်ခံပြီး မိန်းမနောက်တစ်ယောက် ထပ်ယူရမှာလဲဗျ…

အဲ့တာ အချစ်ပေါ့ဗျာ…ချစ်လွန်းလို့ ယူလိုက်မိတာပေါ့…ကျုပ် နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ နောက်ထပ်မိန်းမတစ်ယောက် လူ့လောကမှာ ရှိနေသေးကြောင်း သိလိုက်ရတဲ့အခါမှာ

မယားငယ်ဆိုတဲ့ ဝမ်နည်းဖွယ်ရာ စကားလုံး ပေါ်ပေါက်လာရတော့တာဘဲ…ခင်ဗျားကလည်းဗျာ ကျူပ်ကိုချည်း အပြစ်တင်နေတယ်…လူ့အသိုင်းအဝိုင်းမှာ ဒီလိုကိစ္စတွေဆိုတာ မထူးဆန်းတော့ပါဘူးဗျာ…

နောင်ဆို ပိုဆိုးလာအုံးမှာ…အခုဆို ကျုပ်တို့ လူမှုအသိုင်းအဝိုင်းမှာ လူပျိုကြီးတွေ အရမ်းများလာတယ်…နောက်ပြီး ယောက်ျားအချင်းချင်းကိုမှ ချစ်တဲ့ယောက်ျားတွေလည်း များလာတယ်…

ဒီလိုသာ ဆက်သွားနေရင် မိန်းကလေးတွေ ယောက်ျားရှားလာမှာပေါ့…အဲ့တော့ ယောက်ျားပီသသူတွေ မိန်းမနှစ်ယောက် ယူကို ယူပေးရမဲ့ ခေတ်ကို မကြာခင်ရောက်လာတော့ဗျ…မယုံရင် စောင့်ကြည့်…

အမျိုးစောင့်ဥပဒေလား…အလကားပါဗျာ…ဥပဒေကို သိထားရင်လက်တစ်လုံးခြား လုပ်ရတာမခက်ပါဘူး…တရားကို ပိုက်ဆံစောင့်ပါတယ်…

ကျုပ်ရဲ့စိတ်ရင်းအမှန်ကတော့ သည်မယားနှစ်ယောက်ကို ချစ်ချစ်ခင်ခင် ရှိစေချင်တာပါဘဲ…ဒါပေမဲ့ဗျာ မိန်းမတွေအကြောင်းကိုခဗျားလည်း သိတာဘဲ…မိန်းမဆိုတဲအမျိုးက သူ့အရိပ်နဲ့ သူတောင်

အမြဲရန်ဖြစ်နေတတ်တာလေ…ယောက်ျားတစ်ယောက်နဲ့ ပတ်သတ်မိရင် သူငယ်ချင်း အချင်းချင်းလည်း ရန်သူဖြစ်ရင်ဖြစ်တာ…ချွေးမနဲ့ ယောက္ခမတောင် လင်လုဖက်တွေလို ရန်ဖြစ်ချင်ဖြစ်ကြတာမှတ်လား…

အဲ့တာကြောင့် တည့်အောင်နေကြပါလို့ မပြောတော့ဘူး…မယားကြီး မယားငယ် ကိစ္စကို မိန်းမတွေက နိုင်ငံရေးဖြစ်စဉ်တစ်ခုလို ရှုမြင်နေကြတာကိုတော့ ကျုပ် သဘောမကျဘူးဗျ…

အစိုးရအသစ်တက်လာတဲ့အခါ အစိုးရဟောင်းက နေရာဖယ်ပေးလိုက်ရတယ်ဆိုတာ နိုင်ငံရေးလေဗျာ…ကျုပ်တို့ကိစ္စနဲ့ ဘာဆိုင်လဲ…မယားငယ် ရောက်လာလို့ မယားကြီးကို နေရာဖယ်ခိုင်းတဲ့

ခပ်ညံ့ညံ့ငနဲတွေထဲမှာ ကျုပ် မပါဘူး…တကယ်တော့ မယားကြီး မယားငယ်ကိစ္စဆိုတာ အမျိုးအစားတူတဲ့ ကုန်ပစ္စည်းတစ်ခုကို ကုမ္ပဏီကြီး နှစ်ခုက တပြိုင်တည်း ဖြန့်ချီတဲ့ သဘောမျိုးဗျ…

ကုန်စည်နှစ်ခုက အမျိုးအစားတူနေတော့ စားသုံးသူက ဘယ်ဟာကိုဝယ်ရမလဲ စဉ်းစားတဲ့အခါဝန်ဆောင်မှုကိုပါ ထည့်သွင်းစဉ်းစားပြီလေ…ဆိုလိုချင်တာက မယားကြီးတွေအနေနဲ့ ပိုပြီး

ဝန်ဆောင်မှုကောင်းဖို့လိုပြီလို့ ပြောချင်တာပါ…သားက ကွကိုနေတာပါညယ်။ #အားလုံးရယ်မောပျော်ရွှင်စရာ ရသပေးစွမ်းခြင်းဖြစ်ပါသည်….ဟာသအမြင်ဖြင့်သာဖတ်ရှုပါ…

မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်….

Zawgyi

မယားငယ္ေနသူ ေယာက်္ားတစ္ေယာက္ရဲ့ ဖြင့္ဟ၀န္ခံခ်က္…

ဘာမွေတာ့ ထူးထူးျခားျခား မဟုတ္ပါဘူးဗ်ာ…အခ်စ္ဆိုတာ တႀကိမ္ထက္ပိုၿပီး ခ်စ္လို႔ရပါတယ္လို႔ သက္ေသျပခ်က္ေပးတဲ့သေဘာပါပဲ

က်ဳပ္ စိတ္ထဲမွာေတာ့ မယားငယ္ေတြ မယားႀကီးေတြဆိုတဲ့ ခြဲျခားဖိႏွိပ္လိုတဲ့စိတ္မ်ိဳးမရွိပါဘူး…အကုန္လုံးက ကိုယ္ခ်စ္လို႔ ယူထားတဲ့မယားေတြခ်ည္းပါပဲ…

လူမႈအသိုင္းအဝိုင္းက လက္မခံၾကတဲ့အေပၚမွာလည္း ဘာမွ မွတ္ခ်က္မေပးလိုပါဘူး…ဘယ္သူမွ လက္မခံလည္း ကိုယ္ကေတာ့ ယူထားလိုက္ၿပီေလ…

မယားႀကီးကိုလား…ခ်စ္တာေပါ့ဗ်ာ…ဘယ္ႏွယ့္ေမးပါလိမ့္…ခ်စ္လြန္းလို႔ ႏွစ္ဖက္မိဘေတြ သေဘာမတူတဲ့ၾကားထဲက အတင္းခိုးေျပးထားရတာဗ်…

မဟုတ္ဘူးေလဗ်ာ…မယားငယ္ယူတယ္ဆိုတာ မယားႀကီးကို မခ်စ္ေတာ့ပါဘူးလို႔ အဓိပၸါယ္မသက္ေရာက္ပါဘူး…မယားႀကီးကိုလည္း ခ်စ္တယ္…

ေနာက္ထပ္ မိန္းမတစ္ေယာက္ကိုလည္း ထပ္ခ်စ္မိတယ္…ဒါေလာက္ပါဘဲ…ရိုးရိုးေလး ေတြးလိုက္ပါဗ်ာ…ဟာဗ်ာ…လိင္ကိစၥအတြက္ေတာ့ မယားငယ္ယူစရာလားဗ်…

ဒီေခတ္ႀကီးထဲမွာ ပိုက္ဆံေပးရင္ ဘာမဆိုရနိုင္တာဘဲ…ဘာအတြက္ က်ဴပ္က သိကၡာအက်ခံ နာမည္အပ်က္ခံၿပီး မိန္းမေနာက္တစ္ေယာက္ ထပ္ယူရမွာလဲဗ်…

အဲ့တာ အခ်စ္ေပါ့ဗ်ာ…ခ်စ္လြန္းလို႔ ယူလိုက္မိတာေပါ့…က်ဳပ္ ႏွလုံးသားကို ကိုင္လႈပ္နိုင္တဲ့ ေနာက္ထပ္မိန္းမတစ္ေယာက္ လူ႔ေလာကမွာ ရွိေနေသးေၾကာင္း သိလိုက္ရတဲ့အခါမွာ

မယားငယ္ဆိုတဲ့ ၀မ္နည္းဖြယ္ရာ စကားလုံး ေပၚေပါက္လာရေတာ့တာဘဲ…ခင္ဗ်ားကလည္းဗ်ာ က်ဴပ္ကိုခ်ည္း အျပစ္တင္ေနတယ္…လူ႔အသိုင္းအဝိုင္းမွာ ဒီလိုကိစၥေတြဆိုတာ မထူးဆန္းေတာ့ပါဘူးဗ်ာ…

ေနာင္ဆို ပိုဆိုးလာအုံးမွာ…အခုဆို က်ဳပ္တို႔ လူမႈအသိုင္းအဝိုင္းမွာ လူပ်ိဳႀကီးေတြ အရမ္းမ်ားလာတယ္…ေနာက္ၿပီး ေယာက္်ားအခ်င္းခ်င္းကိုမွ ခ်စ္တဲ့ေယာက္်ားေတြလည္း မ်ားလာတယ္…

ဒီလိုသာ ဆက္သြားေနရင္ မိန္းကေလးေတြ ေယာက္်ားရွားလာမွာေပါ့…အဲ့ေတာ့ ေယာက္်ားပီသသူေတြ မိန္းမႏွစ္ေယာက္ ယူကို ယူေပးရမဲ့ ေခတ္ကို မၾကာခင္ေရာက္လာေတာ့ဗ်…မယုံရင္ ေစာင့္ၾကည့္…

အမ်ိဳးေစာင့္ဥပေဒလား…အလကားပါဗ်ာ…ဥပေဒကို သိထားရင္လက္တစ္လုံးျခား လုပ္ရတာမခက္ပါဘူး…တရားကို ပိုက္ဆံေစာင့္ပါတယ္…

က်ဳပ္ရဲ့စိတ္ရင္းအမွန္ကေတာ့ သည္မယားႏွစ္ေယာက္ကို ခ်စ္ခ်စ္ခင္ခင္ ရွိေစခ်င္တာပါဘဲ…ဒါေပမဲ့ဗ်ာ မိန္းမေတြအေၾကာင္းကိုခဗ်ားလည္း သိတာဘဲ…မိန္းမဆိုတဲအမ်ိဳးက သူ႔အရိပ္နဲ႔ သူေတာင္

အျမဲရန္ျဖစ္ေနတတ္တာေလ…ေယာက္်ားတစ္ေယာက္နဲ႔ ပတ္သတ္မိရင္ သူငယ္ခ်င္း အခ်င္းခ်င္းလည္း ရန္သူျဖစ္ရင္ျဖစ္တာ…ေခၽြးမနဲ႔ ေယာကၡမေတာင္ လင္လုဖက္ေတြလို ရန္ျဖစ္ခ်င္ျဖစ္ၾကတာမွတ္လား…

အဲ့တာေၾကာင့္ တည့္ေအာင္ေနၾကပါလို႔ မေျပာေတာ့ဘူး…မယားႀကီး မယားငယ္ ကိစၥကို မိန္းမေတြက နိုင္ငံေရးျဖစ္စဥ္တစ္ခုလို ရႈျမင္ေနၾကတာကိုေတာ့ က်ဳပ္ သေဘာမက်ဘူးဗ်…

အစိုးရအသစ္တက္လာတဲ့အခါ အစိုးရေဟာင္းက ေနရာဖယ္ေပးလိုက္ရတယ္ဆိုတာ နိုင္ငံေရးေလဗ်ာ…က်ဳပ္တို႔ကိစၥနဲ႔ ဘာဆိုင္လဲ…မယားငယ္ ေရာက္လာလို႔ မယားႀကီးကို ေနရာဖယ္ခိုင္းတဲ့

ခပ္ညံ့ညံ့ငနဲေတြထဲမွာ က်ဳပ္ မပါဘူး…တကယ္ေတာ့ မယားႀကီး မယားငယ္ကိစၥဆိုတာ အမ်ိဳးအစားတူတဲ့ ကုန္ပစၥည္းတစ္ခုကို ကုမၸဏီႀကီး ႏွစ္ခုက တၿပိဳင္တည္း ျဖန္႔ခ်ီတဲ့ သေဘာမ်ိဳးဗ်…

ကုန္စည္ႏွစ္ခုက အမ်ိဳးအစားတူေနေတာ့ စားသုံးသူက ဘယ္ဟာကို၀ယ္ရမလဲ စဥ္းစားတဲ့အခါ၀န္ေဆာင္မႈကိုပါ ထည့္သြင္းစဥ္းစားၿပီေလ…ဆိုလိုခ်င္တာက မယားႀကီးေတြအေနနဲ႔ ပိုၿပီး

၀န္ေဆာင္မႈေကာင္းဖို႔လိုၿပီလို႔ ေျပာခ်င္တာပါ…သားက ကြကိုေနတာပါညယ္။ #အားလုံးရယ္ေမာေပ်ာ္ရႊင္စရာ ရသေပးစြမ္းျခင္းျဖစ္ပါသည္….ဟာသအျမင္ျဖင့္သာဖတ္ရႈပါ…

မူရင္းေရးသားသူကုိ ခရက္ဒစ္ေပးပါသည္….