
ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ စိန်ဖြိုးလှိုင် (သရုပ်ဆောင် မောင်)ကတော့ ဒီနေ့မှာ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုခြင်ကို ခံခဲ့ရပါတယ်။ မောင်ကတော့ ကိုဗစ်ကာလ အတွင်းမှာ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါကို ကူးစက်ခံခဲ့ရသလို ပျောက် ကင်းအောင် ကုသပြီးတဲ့ နောက်မှာတော့ ကိုယ်တိုင် Volunteer အနေနဲ့ ပါဝင်လုပ်ကိုင်ခဲ့တာပရိသတ်ကြီးတွေသိရှိပြီးသားဖြစ်မှာပါနော်။
ဒီနေ့ ဇန်နဝါရီလ (၁၄)ရက်နေ့မှာတော့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ကိုဗစ်ကာလအတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံကာ လုပ်အားပေးခဲ့ကြတဲ့ ဆရာဝန်တွေကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။ သရုပ်ဆောင် မောင်ကလည်း ကိုဗစ်အတွက် ဖောင်ကြီးမှာ စေတနာ့ဝန်ထမ်းဆရာဝန်အနေနဲ့ လုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့ဂုဏ်ပြုပွဲမှာ ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခြင်းခံခဲ့ရတာပါ။
မောင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ကနေ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မောင်ကတော့ ဘာမျှော်လင့်ချက်မှာမရှိဘဲ စေတနာ့ဝန်ထမ်း ဆရာဝန်အနေနဲ့ သွားရောက်လုပ်ကိုင်ခဲ့ပေမဲ့ အခုလို ဂုဏ်ပြုခံရတာကြောင့် ပီတိဖြစ်နေခဲ့ပါတယ်နော်။
Credit – CeleGabar
Source – SEIN PHYO & YI
Zawgyi ;
ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ နႏၵာလႈိင္ ရဲ႕ေမာင္ျဖစ္သူ စိန္ၿဖိဳးလႈိင္ (သ႐ုပ္ေဆာင္ ေမာင္)ကေတာ့ ဒီေန႔မွာ ျမန္မာႏိုင္ငံဆရာဝန္အသင္း (ဗဟို) ကေန ဂုဏ္ျပဳျခင္ကို ခံခဲ့ရပါတယ္။ ေမာင္ကေတာ့ ကိုဗစ္ကာလ အတြင္းမွာ ကိုယ္တိုင္ကလည္း ကိုဗစ္ေရာဂါကို ကူးစက္ခံခဲ့ရသလို ေပ်ာက္ ကင္းေအာင္ ကုသၿပီးတဲ့ ေနာက္မွာေတာ့ ကိုယ္တိုင္ Volunteer အေနနဲ႔ ပါဝင္လုပ္ကိုင္ခဲ့တာပရိသတ္ႀကီးေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။
ဒီေန႔ ဇန္နဝါရီလ (၁၄)ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံဆရာဝန္အသင္း (ဗဟို) ကေန ကိုဗစ္ကာလအတြင္း ကိုယ္က်ိဳးစြန္႔အနစ္နာခံကာ လုပ္အားေပးခဲ့ၾကတဲ့ ဆရာဝန္ေတြကို မွတ္တမ္းတင္ဂုဏ္ျပဳတဲ့ အေနနဲ႔ ဂုဏ္ျပဳလႊာေပးအပ္ခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ေမာင္ကလည္း ကိုဗစ္အတြက္ ေဖာင္ႀကီးမွာ ေစတနာ့ဝန္ထမ္းဆရာဝန္အေနနဲ႔ လုပ္ေဆာင္ခဲ့တာေၾကာင့္ ဒီေန႔ဂုဏ္ျပဳပြဲမွာ ဂုဏ္ျပဳမွတ္တမ္းတင္လႊာ ေပးအပ္ျခင္းခံခဲ့ရတာပါ။
ေမာင္ကေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ျမန္မာႏိုင္ငံဆရာဝန္အသင္း (ဗဟို) ကေန ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ပြဲကို တက္ေရာက္ခဲ့တဲ့ ပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္ မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ေမာင္ကေတာ့ ဘာေမွ်ာ္လင့္ခ်က္မွာမရွိဘဲ ေစတနာ့ဝန္ထမ္း ဆရာဝန္အေနနဲ႔ သြားေရာက္လုပ္ကိုင္ခဲ့ေပမဲ့ အခုလို ဂုဏ္ျပဳခံရတာေၾကာင့္ ပီတိျဖစ္ေနခဲ့ပါတယ္ေနာ္။
Credit – CeleGabar
Source – SEIN PHYO & YI