ပုဂံအစ ယုန်လွှတ်ကျွန်းက (သို့မဟုတ်) ဒဏ္ဍာရီ မဟုတ်တဲ့ အရိမဒ္ဒနပူရခေါ်တဲ့ မူလပထမ ပုဂံပြည်

ပုဂံအစ ယုန်လွှတ်ကျွန်းက (သို့မဟုတ်) ဒဏ္ဍာရီ မဟုတ်တဲ့ အရိမဒ္ဒနပူရ ခေါ်တဲ့ မူလပထမ ပုဂံပြည်

အရိမဒ္ဒနပူရ ခေါ်တဲ့ပုဂံပြည်မှာ သမုတိရာဇ်မင်းကနေ စောမွန်နစ်မင်း အထိမင်းပေါင်း( ၅၅ )ပါးထီးနန်းစိုးစံခဲ့ပါတယ်။
ဒါပေမယ့် ဒီမင်း(၅၅)ပါးလုံးဟာ လက်ရှိ အများသိနေကြတဲ့ ပုဂံမြို့ဟောင်းမှာပဲ ထီးနန်းစိုးစံ တာမျိုးမဟုတ်ကြပါဘူး။

လက်ရှိ ပုဂံမြို့ဟောင်းရဲ့ နေရာမှာ နန်းမြို့မတည်ထားသေးမီက ပုဂံနန်းမြို့ကို (၃)နေရာအထိပြောင်းရွေ့တည်ထားခဲ့ကြပါသေးတယ်။ဒါကြောင့် လက်ရှိပုဂံမြို့မပေါ်သေးမီက ယုန်လွှတ်ကျွန်းလို့ခေါ်တဲ့ မူလပထမပုဂံအကြောင်းကို ဖော်ပြလိုပါတယ်။

“ရာဇဝင်ထဲက ယုန်လွှတ်ကျွန်း”

ပုဂံမင်းဆက်ဆိုတာ “သရေခေတ္တရာ”ပြည်ကြီးမှ တိုက်ရိုက်ဆင်းသက်လာတယ်လို့ဆိုလျှင်မှားမည်မဟုတ်ပါ။ အေဒီ(၂)ရာစုတွင် သရေခေတ္တရာပြည် ပျက်သုဉ်းပြီး သရေခေတ္တရာ နောက်ဆုံးမင်းဖြစ်တဲ့”နာဂရစိန္ဒမင်း”၏ တူတော် “သမုတိရာဇ်မင်း”သည် လူသူအင်အားစုရုံးခဲ့ပြီး မြို့နန်းပြန်လည်ထူထောင်ရန် အပူတပြင်း ကြိုးပမ်းခဲ့ပါတယ်။

ထို သမုတိရာဇ်မင်းသားသည်ကောဇာသက္ကရာဇ်၁၆ ခုနှစ်တွင် တောင်ညိုအရပ်တွင် သစ်တပ်ရွာကြီးတစ်ရွာကို တည်ထောင်နိုင်ခဲ့ပါတယ်။ သို့သော် အရပ်အနေမသင့်တဲ့အတွက် ၃ နှစ်မျှသာ စံတော်မူပြီး ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ ပန်းတောင်းသက်သာအရပ်တွင် သစ်တပ်ရွာကြီးကိုတည်ပြန်ပါတယ်။

ထိုဒေသတွင်လည်း ကမ်းယံမျိုးနွယ်တို့၏ အန္တရာယ်နှင့် ကပ်ရောဂါများကြောင့် လက်ရှိ မင်းတုံးမြို့ရှိရာ အရပ်သို့ မြို့ထပ်မံပြောင်းရွေ့ရပြန်ပါတယ်။”ဘုမ္မဝတီ”လို့ အမည်တွင်ပါတယ်။ ထိုအရပ်မှာလည်း (၁) နှစ်မျှသာ စိုးစံပြီး မြန်မာပြည်အလယ်ပိုင်းသို့တိုင်းပြည်ထူထောင်ရန် ပြောင်းရွေ့လာခဲ့ပါတော့တယ်။

ဒီလိုနဲ့ သမုတိရာဇ်မင်းသားနဲ့နောက်လိုက်နောက်ပါတို့ဟာ လက်ရှိ တုရင်တောင်အနီးတဝိုက်သို့ရောက်ရှိလာခဲ့ပြီး ပျူရွာကြီး(၁၉) ရွာနဲ့စတင်ထိတွေ့မိကြပါတော့တယ်။

ထိုရွာကြီး (၁၉) ရွာတို့မှာ

(၁)ယုန်လွှတ်ကျွန်း၊

(၂)ကျောက်စကား၊

(၃)ရွာစိုက် ၊

(၄)အနုရာဓ ၊

(၅)ညောင်ဦး၊

(၆)နဂါးစိုး၊

(၇)နဂါးကျစ်၊

(၈)ထူတည် ၊

(၉)ကုက်ထဲသိမျ၊

(၁၀)ရွာမှုန်၊

(၁၁)ကုက္ကို ၊

(၁၂)မြေခဲတွင်း၊

(၁၃)စဥှ့ကူး၊

(၁၄)မန်ကျည်းကြီ၊

(၁၅)ညောင်ဝန်း၊

(၁၆)တန်ဆောင်ကွန်း၊

(၁၇)ကြင်လို၊

(၁၈)တောင်ပ၊

(၁၉)သရက်ရ တို့ဖြစ်ကြပါတယ်။

ထို ရွာကြီး ၁၉ ရွာထဲမှာ တန်ဆောင်ကွန်းရွာကလွဲပြီးကျန်ရွာအာလုံးဟာ တုရင်တောင်တန်းကြီးကို လက်ယာရစ် ဝန်းရံထားသကဲ့သို့ တည်ရှိနေကြပါတယ်။ထိုရွာကြီးတွေဟာ သမုတိရာဇ်မင်းသား ထူထောင်ထားခဲ့တဲ့ တောင်ညို၊သက်သာပန်းတောင်းနဲ့ ဘုမ္မဝတီတို့လို ရွာကြီးတွေဖြစ်ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားကြပါတယ်။

ဒီလိုနဲ့ ဒီရွာကြီးတွေကို စုစည်းအုပ်ချုပ်နိုင်ရင် မြို့နန်းအသစ် ထူထောင်နိုင်မည်ကို သိတဲ့ သမုတိရာဇ်မင်းသားဟာ ရွာတွေကို သရေခေတ္တရာအဖွဲ့နဲ့ ပူးပေါင်းဖို့ စည်းရုံးခဲ့ပါတယ်။

ဒီလိုနဲ့ သမုတိရာဇ် မင်းသားဟာ တုရင်တောင်အရှေ့ဘက်ရှိ ယုန်လွှတ်ကျွန်းအရပ်ကို ဗဟိုပြုပြီး ရွာအားလုံးကိုစုရုံးကာ မူလပထမ ပုဂံမင်းနေပြည်တော်ကြီးကို စတင်ထူထောင်နိုင်ခဲ့ပါတော့တယ်။

ထိုယုန်လွှတ်ကျွန်းနေပြည်တော်တွင် သမုတ်သရာဇ်မင်းမှ သေဉ်လည်ကြောင်မင်းလက်ထက်အထိတိုင် မင်းပေါင်း (၆) ဆက် စိုးစံသွားခဲ့ပြီး ရွာကြီး(၁၉)စာရင်းဝင် ကျောက်စကားအရပ်၌ သီရိပစ္စယာဟူသော ဒုတိယပုဂံအဖြစ် မြို့တော်ကို ပြောင်းရွေ့ပြန်ပါတယ်။

ထိုမှတဆင့် သိုက်တိုင်မင်း လက်ထက်တွင် တတိယပုဂံမြို့တော်အဖြစ် တမ္ပဝတီသို့ ထပ်မံပြောင်းရွေ့ပြန်ပါတယ်။ လက်ရှိပုဂံမြို့ဟောင်းမှာတော့ ပျဉ်ပြားမင်းလက်ထက်မှ တည်ထောင်ခဲ့သော စတုတ္ထပုဂံပြည်ကြီးပဲဖြစ်ပါတော့တယ်။

ဒဏ္ဍာရီမဟုတ်တဲ့ “ယုန်လွှတ်ကျွန်း”

မျက်မှောက်ခေတ်ကို ရောက်ရှိလာတဲ့ အခါမှာတော့ ပျဉ်ပြားမင်း တည်ခဲ့တဲ့ စတုတ္ထပုဂံမှ လွဲပြီး ကျန် ပုဂံမြို့ သုံးမြို့နဲ့ ထိုမြို့တွေမှမင်းဆက်များကိုဒဏ္ဍာရီအဖြစ်သာ သတ်မှတ်နေကြတာများနေပါပြီ။

ဒါပေမယ့် ပုံပြင်ထဲက ရွာကြီး(၁၉)ရွာကို လက်တွေ့ကွင်းဆင်းလေ့လာတဲ့ အခါမှာတော့ ဒဏ္ဍာရီထဲက ရွာတွေဟာ အမှန်တကယ် တည်ရှိခဲ့တဲ့ ရှေးရွာကြီးတွေဆိုတာ မငြင်းဆိုနိုင်အောင် သိရှိကြရပါတော့တယ်။

ထိုရွာကြီးများမှာ ပျူခေတ်စေတီဟောင်းများ ၊ပျူခေတ်အရ်ုးအိုး၊အရိုးစု ၊ပုတီးစေ့၊လက်စင်းရာပါ ပျူအုတ်ချပ်များနှင့် ပျူခေတ် အိုးခြမ်းကွဲများကို တွေ့ရှိရပါတယ်။မြေခဲတွင်း ရွာဆိုလျှင် ရှေးဟောင်းသံချက်ဖိုကြီး (၁၀၀)ကျော်ခန့်
တွေ့ရှိရပါတယ်။

“ရွာမုံ” တွင်လည်း ကျောက်ခေတ်ဟောင်းမှ ကျောက်လက်နက်များ၊ကြေးပစ္စည်းများ၊သံထည်များ၊ပျူလက်ရာများ၊ပုဂံခေတ်လက်ရာများ၊အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်လက်များအထိ ခေတ်အဆက်ဆက် လက်ရာများကိုတွေ့ရပြီးကျောက်ခေတ်ဟောင်းကတည်းက လူနေမှုရှိနေကြောင်း သိရှိရပြန်ပါတယ်။

မျက်မှောက်ခေတ် ယုန်လွှတ်ကျွန်း

ယုန်လွှတ်ကျွန်းကို သွားမည်ဆိုလျှင် ညောင်ဦး-ကျောက်ပန်းတောင်း လမ်းမကြီး အရှေ့ဘက် လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်လာနိုင်ပါတယ်။ညောင်ဦးဘက်ကဆိုလျှင် တိုးဂိတ်အကျော် လမ်းဘယ်ဘက်တွင် လမ်းညွှန်ဆိုင်ဘုတ်အတိုင်း အတွင်းသို့ ဝင်လာယုံပါပဲ။

ပထမရဲ့ မူလအောင်မြေနေရာ ဖြစ်ခဲ့တဲ့ ယုန်လွှတ်ကျွန်းနေရာမှာ အမှန်တကယ် ရှိခဲ့ပါရဲ့လောလို့ မေးခွန်းထုတ်ရလောက်အောင် ခြောက်သွေ့တိတ်ဆိတ်နေခဲ့ပါပြီ။ဒါပေမယ့် သက်ကြီးစကားသက်ငယ်ကြားဆိုသလို ရှေးကအလေးအမြတ်ထားခဲ့တဲ့ အစဉ်အလာကို ယနေ့တိုင်ပြုလုပ်ဆဲရှိတာသိရပြန်ပါတယ်။

အဲဒါကတော့ အနီးမှ ရွာတွေမှာ အိမ်အသစ် ဆောက်လုပ်တဲ့အခါ ယုန်လွှတ်ကျွန်းနန်းတော်ရာနေရာမှ မြေကို အောင်မြေအဖြစ် ယူပြီး ဥယျောဉ်တိုင်ကျွန်းတို့မှာ ဖို့ကြတယ်ဆိုတာပါပဲ။ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ယုန်လွှတ်ကျွန်းဟာ ပုဂံရဲ့ ပထမအောင်မြေအဖြစ် ဒေသခံတွေရဲ့ နှလုံးသားထဲမှာ ရှင်သန်နေဆဲဆိုတာ သိလိုက်ရပါတယ်။

နန်းတော်ရာကို တူးဖော်ကြည့်တဲ့အခါမှာလည်း အုတ်ရိုးတန်းများ၊တံခါးအောက်ခံ ကျောက်ခွက်များ၊တံခါးသံကွင်းများ၊အုတ်ကျိုးအုတ်ပဲ့များ၊အုတ်ကြမ်းခင်းများကိုပါတူးဖော်တွေ့ပြီး အမှန်တကယ်ရှိခဲ့သောမြို့ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတော့တယ်။

ကျမ်းကိုး

မှန်န်းရာဇဝင်တော်ကြီး

ဦးကုလားမဟာရာဇဝင်ကြီး

ဗူးဘုရားသမိုင်းနှင့်ပျူစောထီး

မောင်ကြည်ပန်း(မြင်းကပါ)

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Zawgyi

ပုဂံအစ ယုန္လႊတ္ကြၽန္းက (သို႔မဟုတ္) ဒ႑ာရီ မဟုတ္တဲ့ အရိမဒၵနပူရ ေခၚတဲ့ မူလပထမ ပုဂံျပည္

အရိမဒၵနပူရ ေခၚတဲ့ပုဂံျပည္မွာ သမုတိရာဇ္မင္းကေန ေစာမြန္နစ္မင္း အထိမင္းေပါင္း( ၅၅ )ပါးထီးနန္းစိုးစံခဲ့ပါတယ္။
ဒါေပမယ့္ ဒီမင္း(၅၅)ပါးလုံးဟာ လက္ရွိ အမ်ားသိေနၾကတဲ့ ပုဂံၿမိဳ႕ေဟာင္းမွာပဲ ထီးနန္းစိုးစံ တာမ်ိဳးမဟုတ္ၾကပါဘူး။

လက္ရွိ ပုဂံၿမိဳ႕ေဟာင္းရဲ႕ ေနရာမွာ နန္းၿမိဳ႕မတည္ထားေသးမီက ပုဂံနန္းၿမိဳ႕ကို (၃)ေနရာအထိေျပာင္းေ႐ြ႕တည္ထားခဲ့ၾကပါေသးတယ္။ဒါေၾကာင့္ လက္ရွိပုဂံၿမိဳ႕မေပၚေသးမီက ယုန္လႊတ္ကြၽန္းလို႔ေခၚတဲ့ မူလပထမပုဂံအေၾကာင္းကို ေဖာ္ျပလိုပါတယ္။

“ရာဇဝင္ထဲက ယုန္လႊတ္ကြၽန္း”

ပုဂံမင္းဆက္ဆိုတာ “သေရေခတၱရာ”ျပည္ႀကီးမွ တိုက္႐ိုက္ဆင္းသက္လာတယ္လို႔ဆိုလွ်င္မွားမည္မဟုတ္ပါ။ ေအဒီ(၂)ရာစုတြင္ သေရေခတၱရာျပည္ ပ်က္သုဥ္းၿပီး သေရေခတၱရာ ေနာက္ဆုံးမင္းျဖစ္တဲ့”နာဂရစိႏၵမင္း”၏ တူေတာ္ “သမုတိရာဇ္မင္း”သည္ လူသူအင္အားစု႐ုံးခဲ့ၿပီး ၿမိဳ႕နန္းျပန္လည္ထူေထာင္ရန္ အပူတျပင္း ႀကိဳးပမ္းခဲ့ပါတယ္။

ထို သမုတိရာဇ္မင္းသားသည္ေကာဇာသကၠရာဇ္၁၆ ခုႏွစ္တြင္ ေတာင္ညိဳအရပ္တြင္ သစ္တပ္႐ြာႀကီးတစ္႐ြာကို တည္ေထာင္ႏိုင္ခဲ့ပါတယ္။ သို႔ေသာ္ အရပ္အေနမသင့္တဲ့အတြက္ ၃ ႏွစ္မွ်သာ စံေတာ္မူၿပီး ဧရာဝတီျမစ္၏ အေနာက္ဘက္ကမ္းရွိ ပန္းေတာင္းသက္သာအရပ္တြင္ သစ္တပ္႐ြာႀကီးကိုတည္ျပန္ပါတယ္။

ထိုေဒသတြင္လည္း ကမ္းယံမ်ိဳးႏြယ္တို႔၏ အႏၲရာယ္ႏွင့္ ကပ္​ေရာဂါမ်ားေၾကာင့္ လက္ရွိ မင္းတုံးၿမိဳ႕ရွိရာ အရပ္သို႔ ၿမိဳ႕ထပ္မံေျပာင္းေ႐ြ႕ရျပန္ပါတယ္။”ဘုမၼဝတီ”လို႔ အမည္တြင္ပါတယ္။ ထိုအရပ္မွာလည္း (၁) ႏွစ္မွ်သာ စိုးစံၿပီး ျမန္မာျပည္အလယ္ပိုင္းသို႔တိုင္းျပည္ထူေထာင္ရန္ ေျပာင္းေ႐ြ႕လာခဲ့ပါေတာ့တယ္။

ဒီလိုနဲ႔ သမုတိရာဇ္မင္းသားနဲ႔ေနာက္လိုက္ေနာက္ပါတို႔ဟာ လက္ရွိ တုရင္ေတာင္အနီးတဝိုက္သို႔ေရာက္ရွိလာခဲ့ၿပီး ပ်ဴ႐ြာႀကီး(၁၉) ႐ြာနဲ႔စတင္ထိေတြ႕မိၾကပါေတာ့တယ္။

ထို႐ြာႀကီး (၁၉) ႐ြာတို႔မွာ

(၁)ယုန္လႊတ္ကြၽန္း၊

(၂)ေက်ာက္စကား၊

(၃)႐ြာစိုက္ ၊

(၄)အႏုရာဓ ၊

(၅)ေညာင္ဦး၊

(၆)နဂါးစိုး၊

(၇)နဂါးက်စ္၊

(၈)ထူတည္ ၊

(၉)ကုက္ထဲသိမ်၊

(၁၀)႐ြာမႈန္၊

(၁၁)ကုကၠိဳ ၊

(၁၂)ေျမခဲတြင္း၊

(၁၃)စဥွ႔ကူး၊

(၁၄)မန္က်ည္းႀကီ၊

(၁၅)ေညာင္ဝန္း၊

(၁၆)တန္ေဆာင္ကြန္း၊

(၁၇)ၾကင္လို၊

(၁၈)ေတာင္ပ၊

(၁၉)သရက္ရ တို႔ျဖစ္ၾကပါတယ္။

ထို ႐ြာႀကီး ၁၉ ႐ြာထဲမွာ တန္ေဆာင္ကြန္း႐ြာကလြဲၿပီးက်န္႐ြာအာလုံးဟာ တုရင္ေတာင္တန္းႀကီးကို လက္ယာရစ္ ဝန္းရံထားသကဲ့သို႔ တည္ရွိေနၾကပါတယ္။ထို႐ြာႀကီးေတြဟာ သမုတိရာဇ္မင္းသား ထူေထာင္ထားခဲ့တဲ့ ေတာင္ညိဳ၊သက္သာပန္းေတာင္းနဲ႔ ဘုမၼဝတီတို႔လို ႐ြာႀကီးေတြျဖစ္ၿပီး ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားၾကပါတယ္။

ဒီလိုနဲ႔ ဒီ႐ြာႀကီးေတြကို စုစည္းအုပ္ခ်ဳပ္ႏိုုင္ရင္ ၿမိဳ႕နန္းအသစ္ ထူေထာင္ႏိုင္မည္ကို သိတဲ့ သမုတိရာဇ္မင္းသားဟာ ႐ြာေတြကို သေရေခတၱရာအဖြဲ႕နဲ႔ ပူးေပါင္းဖို႔ စည္း႐ုံးခဲ့ပါတယ္။

ဒီလိုနဲ႔ သမုတိရာဇ္ မင္းသားဟာ တုရင္ေတာင္အေရွ႕ဘက္ရွိ ယုန္လႊတ္ကြၽန္းအရပ္ကို ဗဟိုျပဳၿပီး ႐ြာအားလုံးကိုစု႐ုံးကာ မူလပထမ ပုဂံမင္းေနျပည္ေတာ္ႀကီးကို စတင္ထူေထာင္ႏိုင္ခဲ့ပါေတာ့တယ္။

ထိုယုန္လႊတ္ကြၽန္းေနျပည္ေတာ္တြင္ သမုတ္သရာဇ္မင္းမွ ေသဥ္လည္ေၾကာင္မင္းလက္ထက္အထိတိုင္ မင္းေပါင္း (၆) ဆက္ စိုးစံသြားခဲ့ၿပီး ႐ြာႀကီး(၁၉)စာရင္းဝင္ ေက်ာက္စကားအရပ္၌ သီရိပစၥယာဟူေသာ ဒုတိယပုဂံအျဖစ္ ၿမိဳ႕ေတာ္ကို ေျပာင္းေ႐ြ႕ျပန္ပါတယ္။

ထိုမွတဆင့္ သိုက္တိုင္မင္း လက္ထက္တြင္ တတိယပုဂံၿမိဳ႕ေတာ္အျဖစ္ တမၸဝတီသို႔ ထပ္မံေျပာင္းေ႐ြ႕ျပန္ပါတယ္။ လက္ရွိပုဂံၿမိဳ႕ေဟာင္းမွာေတာ့ ပ်ဥ္ျပားမင္းလက္ထက္မွ ​တည္ေထာင္ခဲ့ေသာ စတုတၳပုဂံျပည္ႀကီးပဲျဖစ္ပါေတာ့တယ္။

ဒ႑ာရီမဟုတ္တဲ့ “ယုန္လႊတ္ကြၽန္း”

မ်က္ေမွာက္ေခတ္ကို ေရာက္ရွိလာတဲ့ အခါမွာေတာ့ ပ်ဥ္ျပားမင္း တည္ခဲ့တဲ့ စတုတၳပုဂံမွ လြဲၿပီး က်န္ ပုဂံၿမိဳ႕ သုံးၿမိဳ႕နဲ႔ ထိုၿမိဳ႕ေတြမွမင္းဆက္မ်ားက္ိုဒ႑ာရီအျဖစ္သာ သတ္မွတ္ေနၾကတာမ်ားေနပါၿပီ။

ဒါေပမယ့္ ပုံျပင္ထဲက ႐ြာႀကီး(၁၉)႐ြာကို လက္ေတြ႕ကြင္းဆင္းေလ့လာတဲ့ အခါမွာေတာ့ ဒ႑ာရီထဲက ႐ြာေတြဟာ အမွန္တကယ္ တည္ရွိခဲ့တဲ့ ေရွး႐ြာႀကီးေတြဆိုတာ မျငင္းဆိုႏိုင္ေအာင္ သိရွိၾကရပါေတာ့တယ္။

ထို႐ြာႀကီးမ်ားမွာ ပ်ဴေခတ္ေစတီေဟာင္းမ်ား ၊ပ်ဴေခတ္အရ္ုးအိုး၊အ႐ိုးစု ၊ပုတီးေစ့၊လက္စင္းရာပါ ပ်ဴအုတ္ခ်ပ္မ်ားႏွင့္ ပ်ဴေခတ္ အိုးျခမ္းကြဲမ်ားကို ေတြ႕ရွိရပါတယ္။ေျမခဲတြင္း ႐ြာဆိုလွ်င္ ေရွးေဟာင္းသံခ်က္ဖိုႀကီး (၁၀၀)ေက်ာ္ခန္႔
ေတြ႕ရွိရပါတယ္။

“႐ြာမုံ” တြင္လည္း ေက်ာက္ေခတ္ေဟာင္းမွ ေက်ာက္လက္နက္မ်ား၊ေၾကးပစၥည္းမ်ား၊သံထည္မ်ား၊ပ်ဴလက္ရာမ်ား၊ပုဂံေခတ္လက္ရာမ်ား၊အင္းဝေခတ္ႏွင့္ ကုန္းေဘာင္ေခတ္လက္မ်ားအထိ ေခတ္အဆက္ဆက္ လက္ရာမ်ားကိုေတြ႕ရၿပီးေက်ာက္ေခတ္ေဟာင္းကတည္းက လူေနမႈရွိေနေၾကာင္း သိရွိရျပန္ပါတယ္။

မ်က္ေမွာက္ေခတ္ ယုန္လႊတ္ကြၽန္း

ယုန္လႊတ္ကြၽန္းကို သြားမည္ဆိုလွ်င္ ေညာင္ဦး-ေက်ာက္ပန္းေတာင္း လမ္းမႀကီး အေရွ႕ဘက္ လမ္းၫႊန္ဆိုင္းဘုတ္အတိုင္းဝင္လာႏိုင္ပါတယ္။ေညာင္ဦးဘက္ကဆိုလွ်င္ တိုးဂိတ္အေက်ာ္ လမ္းဘယ္ဘက္တြင္ လမ္းၫႊန္ဆိုင္ဘုတ္အတိုင္း အတြင္းသို႔ ဝင္လာယုံပါပဲ။

ပထမရဲ႕ မူလေအာင္ေျမေနရာ ျဖစ္ခဲ့တဲ့ ယုန္လႊတ္ကြၽန္းေနရာမွာ အမွန္တကယ္ ရွိခဲ့ပါရဲ႕ေလာလို႔ ေမးခြန္းထုတ္ရေလာက္ေအာင္ ေျခာက္ေသြ႕တိတ္ဆိတ္ေနခဲ့ပါၿပီ။ဒါေပမယ့္ သက္ႀကီးစကားသက္ငယ္ၾကားဆိုသလို ေရွးကအေလးအျမတ္ထားခဲ့တဲ့ အစဥ္အလာကို ယေန႔တိုင္ျပဳလုပ္ဆဲရွိတာသိရျပန္ပါတယ္။

အဲဒါကေတာ့ အနီးမွ ႐ြာေတြမွာ အိမ္အသစ္ ေဆာက္လုပ္တဲ့အခါ ယုန္လႊတ္ကြၽန္းနန္းေတာ္ရာေနရာမွ ေျမကို ေအာင္ေျမအျဖစ္ ယူၿပီး ဥေယ်ာဥ္တိုင္ကြၽန္းတို႔မွာ ဖို႔ၾကတယ္ဆိုတာပါပဲ။ဒီအခ်က္ကိုၾကည့္ျခင္းအားျဖင့္ ယုန္လႊတ္ကြၽန္းဟာ ပုဂံရဲ႕ ပထမေအာင္ေျမအျဖစ္​ ေဒသခံေတြရဲ႕ ႏွလုံးသားထဲမွာ ရွင္သန္ေနဆဲဆိုတာ သိလိုက္ရပါတယ္။

နန္းေတာ္ရာကို တူးေဖာ္ၾကည့္တဲ့အခါမွာလည္း အုတ္႐ိုးတန္းမ်ား၊တံခါးေအာက္ခံ ေက်ာက္ခြက္မ်ား၊တံခါးသံကြင္းမ်ား၊အုတ္က်ိဳးအုတ္ပဲ့မ်ား၊အုတ္ၾကမ္းခင္းမ်ားကိုပါတူးေဖာ္ေတြ႕ၿပီး အမွန္တကယ္ရွိခဲ့ေသာၿမိဳ႕ျဖစ္ေၾကာင္း သက္ေသျပႏိုင္ခဲ့ပါေတာ့တယ္။

က်မ္းကိုး

မွန္န္းရာဇဝင္ေတာ္ႀကီး

ဦးကုလားမဟာရာဇဝင္ႀကီး

ဗူးဘုရားသမိုင္းႏွင့္ပ်ဴေစာထီး

ေမာင္ၾကည္ပန္း(ျမင္းကပါ)

crd,မူရင္းေရးသားသူအားေလးစားစြာျဖင့္