
Source – Thandar Naymyo Aung
Credit
Zawgyi
ပရိသတ်ကြီးရေ ပိုပိုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ အလှူအတန်းတွေကို ရက်ရောစွာနဲ့လုပ်ကိုင်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ဘာသာတရားလည်းကိုင်းရှိုင်းလွန်းလှသူပဲဖြစ်ပါတယ်။
လတ်တလောမှာလည်း ပိုပိုကတော့ တောစုရွာကလေးမှာ ချို့တဲ့တဲ့ ဘုန်းကြီးကျောင်းလေးအတွက် အလှူငွေတွေလှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီအလှူလေးကိုတော့ မင်းသားကြီးနေမျိုးအောင်ရဲ့ ဇနီးဖြစ်သူက ဦးဆောင်ဦးရွက်ပြုခဲ့တာဖြစ်ပြီး တကယ်လိုအပ်နေတဲ့ ပုသိမ်ကြီးမြို့နယ် မတ္တရာသွားတဲ့လမ်း ဘေးမှ ကြာနီကန်ကိုဝင်ပီးရင် အရှေ့ မိုင် ၇ မိုင်ဝန်ကျင်ဝေးတဲ့တောစုရွာလေးက ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
ပိုပိုကတော့ နေမျိုးအောင်ရဲ့ ဇနီးဖြစ်သူထံကနေတစ်ဆင့်ပဲ အလှူငွေ(၃)သိန်းကျပ်ကို ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပိုပိုရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။